႐ုံပါကြဲထြက္ရေလာက္တဲ့အထိ ႀကိတ္ႀကိတ္တိုးအားေပးေအာင္ အသံခ်ိဳခ်ိဳေလးနဲ႔ ေဖ်ာ္ေျဖခဲ့တဲ့ ေဇရဲထက္ ရုပ္သံ

0
97

For Zawgyi

႐ုံပါကြဲထြက္ရေလာက္တဲ့အထိ ႀကိတ္ႀကိတ္တိုးအားေပးေအာင္ အသံခ်ိဳခ်ိဳေလးနဲ႔ ေဖ်ာ္ေျဖခဲ့တဲ့ ေဇရဲထက္ ရုပ္သံ

အႏုပညာ လမ္းေၾကာင္းေပၚမွာ ေျဖးေျဖးနဲ႔ မွန္မွန္ေလး ေလွ်ာက္လွမ္းေနၿပီးေတာ့ ပရိတ္သတ္ေတြၾကားမွာ ေရပန္းစား နာမည္ႀကီးေနတဲ့ မင္းသားေလး တစ္ေယာက္ျဖစ္တဲ့ သ႐ုပ္ေဆာင္ ေဇရဲထက္ဆိုတာ ပရိတ္သတ္ေတြရဲ႕ အခ်စ္ေတာ္ေလး တစ္ေယာက္ပါေနာ္ ။ ႏႈတ္ခမ္းနီမေလးေတြရဲ႕အသဲစြဲ ကိုကိုတစ္ေယာက္လည္း ျဖစ္သလို ပရိတ္သတ္ေတြရဲ႕ တစ္ခဲနက္ အားေပးျခင္းကို ခံထားရသူေလး တစ္ေယာက္ပါပဲ ။

ေဇရဲထက္ဟာ ပီျပင္တဲ့ သ႐ုပ္ေဆာင္ခ်က္ေတြ အကယ္ဒမီေရွာ့ခ္ အိုက္တင္ေတြနဲ႔ ေဆးစက္က်ရာ သ႐ုပ္ေပၚေအာင္ သ႐ုပ္ေဆာင္ႏိုင္တဲ့ အတြက္ေၾကာင့္ ပရိတ္သတ္ေတြ အခ်စ္ပိုေနခဲ့ရတာပါေနာ္ ။ ဒါေၾကာင့္လည္း ႐ုပ္ရွင္ ဇာတ္ကားႀကီးေတြနဲ႔ ေၾကာ္ျငာ ေဖာ္ေျဖေရးေတြအျပင္ ေဖ်ာ္ေျဖေရးပြဲေတြကို ဆက္တိုက္လက္ခံၿပီး အလုပ္ေတြဆက္တိုက္ လုပ္ေနခဲ့ရပါတယ္ေနာ္ ။

အခုတစ္ခါမွာလည္း ခမည္းျပင္ဘိုးဘိုးပြဲ ေဖ်ာ္ေျဖေရးတစ္ခုမွာ ပရိတ္သတ္ေတြကို ေတးသီခ်င္းေလးေတြကို ဆိုျပၿပီး တရင္းတႏွီးနဲ႔ ေပြဲဖက္ ႏႈတ္ဆက္ခဲ့ပါတယ္ေနာ္ ။ ၿပီးေတာ့ သူ ဒီပြဲေလးမွာ ေဖ်ာ္ေျဖရင္းရဲ႕ ဝင္လာတဲ့ အေတြးေလးတစ္ခုကိုလည္း ခ်စ္ပရိတ္သတ္ေတြကိုမွ်ေဝေပးထား ျပန္ပါတယ္ေနာ္ ။ ” ထမင္းတလုတ္တန္ဖိုး အေမအဘြားအဘိုးအေဒၚတို႔ရဲ႕ေက်းဇူးပိုသိလာရတယ္ အရမ္းခက္ခဲတာပဲ ကိုယ္ရွာမွ သိရေတာ့တယ္ ဒါေပမယ့္က်ေနာ့္ကိုခ်စ္တဲ့ အမ်ိဳးေတြနဲ႔ေတြ႕ေတာ့ အရမ္းေပ်ာ္မိတယ္ ေက်းဇူးပါ “ဆိုတဲ့ Captionေလးနဲ႔ အတူ သူသီဆိုခဲ့တဲ့ ဗီဒီယိုဖိုင္ေလးကို သူ႔ရဲ႕ လူမႈ စာမ်က္ႏွာကေနတစ္ဆင့္ ခ်စ္ပရိတ္သတ္ေတြကို မွ်ေဝေပးခဲ့တာကို ေတြ႕ရပါတယ္ ခ်စ္ပရိတ္သတ္ႀကီးေရ ။

Video ၾကည့္ရန္

credit-myanmarload

For Unicode

ရုံပါကွဲထွက်ရလောက်တဲ့အထိ ကြိတ်ကြိတ်တိုးအားပေးအောင် အသံချိုချိုလေးနဲ့ ဖျော်ဖြေခဲ့တဲ့ ဇေရဲထက် ရုပ်သံ

အနုပညာ လမ်းကြောင်းပေါ်မှာ ဖြေးဖြေးနဲ့ မှန်မှန်လေး လျှောက်လှမ်းနေပြီးတော့ ပရိတ်သတ်တွေကြားမှာ ရေပန်းစား နာမည်ကြီးနေတဲ့ မင်းသားလေး တစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင် ဇေရဲထက်ဆိုတာ ပရိတ်သတ်တွေရဲ့ အချစ်တော်လေး တစ်ယောက်ပါနော် ။ နှုတ်ခမ်းနီမလေးတွေရဲ့အသဲစွဲ ကိုကိုတစ်ယောက်လည်း ဖြစ်သလို ပရိတ်သတ်တွေရဲ့ တစ်ခဲနက် အားပေးခြင်းကို ခံထားရသူလေး တစ်ယောက်ပါပဲ ။

ဇေရဲထက်ဟာ ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေ အကယ်ဒမီရှော့ခ် အိုက်တင်တွေနဲ့ ဆေးစက်ကျရာ သရုပ်ပေါ်အောင် သရုပ်ဆောင်နိုင်တဲ့ အတွက်ကြောင့် ပရိတ်သတ်တွေ အချစ်ပိုနေခဲ့ရတာပါနော် ။ ဒါကြောင့်လည်း ရုပ်ရှင် ဇာတ်ကားကြီးတွေနဲ့ ကြော်ငြာ ဖော်ဖြေရေးတွေအပြင် ဖျော်ဖြေရေးပွဲတွေကို ဆက်တိုက်လက်ခံပြီး အလုပ်တွေဆက်တိုက် လုပ်နေခဲ့ရပါတယ်နော် ။

အခုတစ်ခါမှာလည်း ခမည်းပြင်ဘိုးဘိုးပွဲ ဖျော်ဖြေရေးတစ်ခုမှာ ပရိတ်သတ်တွေကို တေးသီချင်းလေးတွေကို ဆိုပြပြီး တရင်းတနှီးနဲ့ ပွေဲဖက် နှုတ်ဆက်ခဲ့ပါတယ်နော် ။ ပြီးတော့ သူ ဒီပွဲလေးမှာ ဖျော်ဖြေရင်းရဲ့ ဝင်လာတဲ့ အတွေးလေးတစ်ခုကိုလည်း ချစ်ပရိတ်သတ်တွေကိုမျှဝေပေးထား ပြန်ပါတယ်နော် ။ ” ထမင်းတလုတ်တန်ဖိုး အမေအဘွားအဘိုးအဒေါ်တို့ရဲ့ကျေးဇူးပိုသိလာရတယ် အရမ်းခက်ခဲတာပဲ ကိုယ်ရှာမှ သိရတော့တယ် ဒါပေမယ့်ကျနော့်ကိုချစ်တဲ့ အမျိုးတွေနဲ့တွေ့တော့ အရမ်းပျော်မိတယ် ကျေးဇူးပါ “ဆိုတဲ့ Captionလေးနဲ့ အတူ သူသီဆိုခဲ့တဲ့ ဗီဒီယိုဖိုင်လေးကို သူ့ရဲ့ လူမှု စာမျက်နှာကနေတစ်ဆင့် ချစ်ပရိတ်သတ်တွေကို မျှဝေပေးခဲ့တာကို တွေ့ရပါတယ် ချစ်ပရိတ်သတ်ကြီးရေ ။

Video ကြည့်ရန်

credit-myanmarload