ဝတဲ့သူ ဗိုက္ပူတဲ့သူေတြအတြက္ ဗိုက္က်ေစမည့္ ရွားေစာင္းလက္ပတ္ယို ျပဳလုပ္နည္း

0
732

For Zawgyi

ဝတဲ့သူ ဗိုက္ပူတဲ့သူေတြအတြက္ ဗိုက္က်ေစမည့္ ရွားေစာင္းလက္ပတ္ယို ျပဳလုပ္နည္း

အစ္မတစ္ေယာက္က ရွားေစာင္းလက္ပတ္ ယိုေလး တင္ထားတာေတြ႕လို႔ ညီမလည္း ျပန္ရွယ္ပါရေစေနာ္ ။ ဝတဲ့သူေတြ ဒါမွမဟုတ္ ဗိုက္ပူတဲ့ သူေတြအတြက္ အရမ္း အဆင္ေျပတယ္ ။ အိမ္ရွင္မ ေတာ္ေတာ္မ်ားမ်ားရဲ႕ ဒုကၡက ဗိုက္ ပူတာပါပဲ ။ ညီမေလ အဲ့ယို လုပ္နည္းကို ေမေမကတဆင့္ သိတာပါ ။ စားၾကည့္ေတာ့ တကယ္ ဗိုက္ က်တယ္ရွင့္ ။

ရွားေစာင္းလက္ပတ္ ငါးတက္ေလာက္ကို ေဘးက စူးသြားေတြကို ဓားနဲ႔ခြာပီး လက္ တစ္ဆစ္ေလာက္ေလးေတြကို လွီးပါ အခြံမႏႊာေတာ့ ထုပ္ထုပ္ထုပ္ နဲ႔ စားလို႔ေကာင္းသလို ပိုေဆးဖက္ဝင္တာေပါ့ ။

ထန္းလ်က္ အညိဳ ငါးက်ပ္သားေလာက္ကို ဆီ ၅ က်ပ္သားေလာက္ ထဲကို ထည့္ပီး အရည္ေပ်ာ္ေအာင္ ေမႊပါ ။ ထန္းလ်က္ အရည္ေပ်ာ္သြားရင္ ရွားေစာင္းလက္ပတ္ ထည့္ပါ ။ ရွားေစာင္းလတ္ပတ္က အရည္ထြက္တဲ့ အတြက္ ခနခန ေမႊေပးပါ ။

ရွားေစာင္းလက္ပတ္ အရည္ခမ္းသြားပီး နည္းနည္းခပ္ပ်စ္ပ်စ္ ျဖစ္လာရင္ ငွက္ေပ်ာသီးဖီးၾကမ္း ႏွစ္လုံးကို ပါးပါး လွီးထည့္ပါ ။ ငွက္ေပ်ာသီးက မ်ားလွ်င္ ခ်ဥ္တတ္လို႔ ႏွစ္လုံးဆို လုံေလာက္ပါၿပီ ။

ၾကက္ဥႏွစ္လုံးကို ေမႊပီးမွထည့္ပါ။ ဇြန္းနဲ႔ အဆက္မျပတ္ေမႊေပးပါ ကပ္သြားႏိုင္တဲ့အတြက္ ေၾကာင့္ပါ။ ၿပီးရင္ တကယ္ကို အရသာရွိတဲ့ ရွားေစာင္းလတ္ပတ္ယိုေလး ရပါၿပီရွင္ ။ အဖုံးလုံတဲ့ ပုလင္းေလးထဲကို ထည့္သိမ္းၿပီး စားလို႔ရပါၿပီ ။

ညီမ အစက ထင္ထားတာတာက ဆီေတြလည္း မ်ားတယ္ ၾကက္ဥ ငွက္ေပ်ာသီးေရာဆိုေတာ့ ဝိတ္တက္မွာပဲလို႔ ထင္ထားတာ ။ ဒါေပမယ့္ တကယ္စားၾကည့္ေတာ့ ဝမ္းလည္းမွန္သလို မိန္းကေလးေတြနဲ႔ ပတ္သတ္တဲ့ ေရာဂါေတြကိုလည္း ကာကြယ္ေပးတယ္ဆိုေတာ့ စားရက်ိဳး နပ္ပီေပါ့ေနာ္ ။

Credit : Phyo Lay(စားခ်က္group မွ)

For Unicode

ဝတဲ့သူ ဗိုက်ပူတဲ့သူတွေအတွက် ဗိုက်ကျစေမည့် ရှားစောင်းလက်ပတ်ယို ပြုလုပ်နည်း

အစ်မတစ်ယောက်က ရှားစောင်းလက်ပတ် ယိုလေး တင်ထားတာတွေ့လို့ ညီမလည်း ပြန်ရှယ်ပါရစေနော် ။ ဝတဲ့သူတွေ ဒါမှမဟုတ် ဗိုက်ပူတဲ့ သူတွေအတွက် အရမ်း အဆင်ပြေတယ် ။ အိမ်ရှင်မ တော်တော်များများရဲ့ ဒုက္ခက ဗိုက် ပူတာပါပဲ ။ ညီမလေ အဲ့ယို လုပ်နည်းကို မေမေကတဆင့် သိတာပါ ။ စားကြည့်တော့ တကယ် ဗိုက် ကျတယ်ရှင့် ။

ရှားစောင်းလက်ပတ် ငါးတက်လောက်ကို ဘေးက စူးသွားတွေကို ဓားနဲ့ခွာပီး လက် တစ်ဆစ်လောက်လေးတွေကို လှီးပါ အခွံမနွှာတော့ ထုပ်ထုပ်ထုပ် နဲ့ စားလို့ကောင်းသလို ပိုဆေးဖက်ဝင်တာပေါ့ ။

ထန်းလျက် အညို ငါးကျပ်သားလောက်ကို ဆီ ၅ ကျပ်သားလောက် ထဲကို ထည့်ပီး အရည်ပျော်အောင် မွှေပါ ။ ထန်းလျက် အရည်ပျော်သွားရင် ရှားစောင်းလက်ပတ် ထည့်ပါ ။ ရှားစောင်းလတ်ပတ်က အရည်ထွက်တဲ့ အတွက် ခနခန မွှေပေးပါ ။

ရှားစောင်းလက်ပတ် အရည်ခမ်းသွားပီး နည်းနည်းခပ်ပျစ်ပျစ် ဖြစ်လာရင် ငှက်ပျောသီးဖီးကြမ်း နှစ်လုံးကို ပါးပါး လှီးထည့်ပါ ။ ငှက်ပျောသီးက များလျှင် ချဉ်တတ်လို့ နှစ်လုံးဆို လုံလောက်ပါပြီ ။

ကြက်ဥနှစ်လုံးကို မွှေပီးမှထည့်ပါ။ ဇွန်းနဲ့ အဆက်မပြတ်မွှေပေးပါ ကပ်သွားနိုင်တဲ့အတွက် ကြောင့်ပါ။ ပြီးရင် တကယ်ကို အရသာရှိတဲ့ ရှားစောင်းလတ်ပတ်ယိုလေး ရပါပြီရှင် ။ အဖုံးလုံတဲ့ ပုလင်းလေးထဲကို ထည့်သိမ်းပြီး စားလို့ရပါပြီ ။

ညီမ အစက ထင်ထားတာတာက ဆီတွေလည်း များတယ် ကြက်ဥ ငှက်ပျောသီးရောဆိုတော့ ဝိတ်တက်မှာပဲလို့ ထင်ထားတာ ။ ဒါပေမယ့် တကယ်စားကြည့်တော့ ဝမ်းလည်းမှန်သလို မိန်းကလေးတွေနဲ့ ပတ်သတ်တဲ့ ရောဂါတွေကိုလည်း ကာကွယ်ပေးတယ်ဆိုတော့ စားရကျိုး နပ်ပီပေါ့နော် ။

Credit : Phyo Lay(စားချက်group မှ)