
0
226

For Zawgyi





ရုပ်သံကြည့်ရှု့ရန်




For Unicode

အိမ်ဝယ်ထားတဲ့ တောင်ကြီးမြို့ပေါ်က စိုက်ခင်းတွေထဲလည်ပတ်ရင်း ကလေးတစ်ယောက်လို ပျော်နေတဲ့ အိချောပိုလေး

စူစူလို့ အားလုံးက ချစ်စနိုး ခေါ်ကြတဲ့ အသည်းကျော် မင်းသမီးချောလေး အိချောပိုကတော့ အနုပညာ လောကမှာ ပရိသတ်တွေ အခိုင်အမာနဲ့ အောင်မြင်နေတဲ့ ပြည်သူချစ် အနုပညာရှင် တစ်ဦးပဲ ဖြစ်ပါတယ် ။ ပီပြင်တဲ့ သရုပ်ဆောင် ပိုင်နိုင်မှုတွေအပြင် မိန်းကလေးတိုင်း အားကျရပြီး ညို့အား ပြင်းလွန်းတဲ့ အချိုးအစားကျကျ အမိုက်စား ခန္ဓာကောက်ကြောင်း အလှတရားတွေကိုလည်း ပိုင်ဆိုင်ထားသူလေး တစ်ယောက်လည်း ဖြစ်ပါတယ်နော် ။

အောင်မြင်နေတဲ့ မင်းသမီးချောလေး အိချောပိုကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ သူမရဲ့ ဖြူစင်သန့်ရှင်းတဲ့ အနုပညာ ငွေကြေးလေးတွေနဲ့ တောင်ကြီးမြို့ပေါ်မှာ အိမ်လေး တစ်လုံး ဝယ်ယူခဲ့တာ ပရိသတ်ကြီးများ အားလုံး အသိပါပဲနော် ။ သာယာ လှပလွန်းတဲ့ သဘာဝရှုခင်းလေးတွေနဲ့ သူမကို ဖမ်းစားထားတဲ့ တောင်ကြီးမြို့ပေါ်က စိုက်ခင်း လေးတွေဆီကို စူစူလေးတစ်ယောက် သွားရောက် လည်ပတ်ခဲ့ပါ သေးတယ်နော် ။

စတော်ဘယ်ရီသီး ခရမ်းချည်သီးနဲ့ ငရုပ်ပွသီးတွေအပြင် အခြား အသီးအနှံ စိုက်ခင်းတွေနဲ့ သဘာဝ အလှတရားတွေနဲ့ သာယာ လှပလွန်းနေတဲ့ စိုက်ခင်းလေးတွေဆီ သွားရင်းလည်းကလေး တစ်ယောက်လို ပျော်နေပါတယ်နော် ။ စိုက်ခင်းထဲ ဆင်းရင်း စတော်ဘယ်ရီသီးလေးတွေ ခူးရင်း ပျော်နေတဲ့ စူစူလေးရဲ့ ပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ် တွေအတွက် ပြန်လည် မျှဝေပေးလိုက် ပါတယ်နော် ။

ရုပ်သံကြည့်ရှု့ရန်

#Vfreshfarm#စူစူNang Su

Posted by Ei Chaw Po on Thursday, March 14, 2019

Photo – အိချောပို,CRD-Myanmarload