ဝမ္းေရးအတြက္ မႏၱေလးၿမိဳ႕လူစည္ကားရာေနရာေတြမွာ ေတာင္းရမ္းစားေသာက္ေနရတဲ့ လူရြင္ေတာ္ႀကီး ဦးတိုင္းေက်ာ္

0
898

For Zawgyi

ဝမ္းေရးအတြက္ မႏၱေလးၿမိဳ႕လူစည္ကားရာေနရာေတြမွာ ေတာင္းရမ္းစားေသာက္ေနရတဲ့ လူရြင္ေတာ္ႀကီး ဦးတိုင္းေက်ာ္

တစ္ခ်ိန္က ဇာတ္သဘင္ထက္မွာ ပရိသတ္ေတြ ရယ္ေမာေပ်ာ္ရႊင္ရေအာင္ ဟာဒယရႊင္ေဆး တိုက္ေကၽြးခဲ့တဲ့ လူရႊင္ေတာ္ျကီး ဦးတိုင္းေက်ာ္က အခုဆိုရင္ သူ့ဘဝရဲ့ ေလာကဓံဆိုးေတြကို ရင္ဆိုင္ ေက်ာ္ျဖတ္ေနရတာ ျဖစ္ပါတယ္ ။ ဦးတိုင္းေက်ာ္က အသက္ရလာျပီးတဲ့ေနာက္ ဇာတ္သဘင္စင္ျမင့္ထက္မွာ ပရိသတ္ေတြကို မေဖ်ာ္ေျဖနိုင္ေတာ့ပဲ ေက်ာေထာက္ေနာာက္ခံ မရိွတဲ့ သူ့ရဲ့ ဝမ္းစာအတြက္ လူစည္ကားရာ အရပ္မွာ ေတာင္းရမ္း စားေသာက္ေနရတာ ျဖစ္ပါတယ္။

လူရႊင္ေတာ္ျကီး ဦးတိုင္းေက်ာ္က မႏၱေလးျမိဳ့ရဲ့ လူစည္ကားရာ အရပ္ျဖစ္တဲ့ ၇၃ လမ္း ၃၄×၃၅ လမ္းေထာင့္က မီးပိြုင့္အနီးတစ္ဝိုက္မွာ ေတာင္းရမ္း စားေသာက္ေနရတာပဲ ျဖစ္ပါတယ္ ။

အသက္(၇၃)နွစ္အရြယ္ ရိွျပီျဖစ္တဲ့ လူရႊင္ေတာ္ျကီး ဦးတိုင္းေက်ာ္က ဇရာရဲ ့စကားေျပာသံေျကာင့္ အလုပ္ျကမ္းေတြကို လုပ္ကုိင္နိုင္ျခင္း မရိွေတာ့တဲ့ အတြက္ အခုလိုပဲ ေတာင္းရမ္း စားေသာက္ေနရတာ ျဖစ္ပါတယ္ ။ ပတ္ဝန္းက်င္က ျပည္သူ အခ်ို့ကလဲ ဦးတိုင္းေက်ာ္ အခုလို ေတာင္းရမ္း စားေသာက္ေနရတာကို ၂၀၁၅ ခုနွစ္ကတည္းက သတိထားမိျပီး အခုခ်ိန္ထိ လိုက္လံ ေတာင္းစားေနရတာကို ေတြ့ရပါတယ္လို့ ေျပာျကပါတယ္ ။

ဇာတ္မင္းသားျကီး ဦးဖိုးစိန္ရဲ့ ေျမးျဖစ္သူ ပတၱျမားေကခိုင္ကလဲ လူရႊင္ေတာ္ျကီး ဦးတိုင္းေက်ာ္ကို ကူညီေထာက္ပံ့ေပးဖို့ လိုက္လံ ရွာေဖြခိုင္းေနျပီလို့ သိရပါတယ္ ။ ဒါ့အျပင္ လူရႊင္ေတာ္ အစည္းအရံုးမွ ဒိန္းေဒါင္နဲ့ ခင္လိႈင္ကလဲ တတ္နိုင္သေလာက္ ကူညီမွာျဖစ္ျပီး သဘင္အစည္းအရံုး ဗဟိုကလဲ ဦးတိုင္းေက်ာ္အတြက္ လိုအပ္တာေတြ ကူညီ ေထာက္ပံ့ေပးသြားမွာျဖစ္ပါတယ္ ။

ဇာတ္သဘင္ကသူ ျဖစ္ျဖစ္ အနုပညာရွင္ပဲ ျဖစ္ျဖစ္ အခုလို အသက္အရြယ္ျကီးသူေတြ အခုလို ေနပူပူျကီးထဲမွာ ေတာင္းရမ္း စားေသာက္ေနရတာ လံုးဝ စိတ္မေကာင္းစရာပါပဲ ။ ဇာတ္သဘင္အဖြဲ့မွ တာဝန္ ရိွသူေတြကလဲ ဦးတိုင္းေက်ာ္ကို လိုက္လံရွာေဖြျပီး ကူညီေပးမယ္ဆိုလို့ ဝမ္းသာရပါတယ္ ။ အခ်ိန္ေပးျပီး ဖတ္ရႈေပးတဲ့အတြက္ ပရိသတ္ျကီးကို ေက်းဇူးအထူးတင္ရိွပါတယ္ ။

Rowena
Source: Khin Hlaing & Padamyar KKhine
Photo: Myanmar Time

For Unicode

ဝမ်းရေးအတွက် မန္တလေးမြို့လူစည်ကားရာနေရာတွေမှာ တောင်းရမ်းစားသောက်နေရတဲ့ လူရွင်တော်ကြီး ဦးတိုင်းကျော်

တစ်ချိန်က ဇာတ်သဘင်ထက်မှာ ပရိသတ်တွေ ရယ်မောပျော်ရွှင်ရအောင် ဟာဒယရွှင်ဆေး တိုက်ကျွေးခဲ့တဲ့ လူရွှင်တော်ကြီး ဦးတိုင်းကျော်က အခုဆိုရင် သူ့ဘဝရဲ့ လောကဓံဆိုးတွေကို ရင်ဆိုင် ကျော်ဖြတ်နေရတာ ဖြစ်ပါတယ် ။ ဦးတိုင်းကျော်က အသက်ရလာပြီးတဲ့နောက် ဇာတ်သဘင်စင်မြင့်ထက်မှာ ပရိသတ်တွေကို မဖျော်ဖြေနိုင်တော့ပဲ ကျောထောက်နောာက်ခံ မရှိတဲ့ သူ့ရဲ့ ဝမ်းစာအတွက် လူစည်ကားရာ အရပ်မှာ တောင်းရမ်း စားသောက်နေရတာ ဖြစ်ပါတယ်။

လူရွှင်တော်ကြီး ဦးတိုင်းကျော်က မန္တလေးမြို့ရဲ့ လူစည်ကားရာ အရပ်ဖြစ်တဲ့ ၇၃ လမ်း ၃၄×၃၅ လမ်းထောင့်က မီးပွိုင့်အနီးတစ်ဝိုက်မှာ တောင်းရမ်း စားသောက်နေရတာပဲ ဖြစ်ပါတယ် ။

အသက်(၇၃)နှစ်အရွယ် ရှိပြီဖြစ်တဲ့ လူရွှင်တော်ကြီး ဦးတိုင်းကျော်က ဇရာရဲ့စကားပြောသံကြောင့် အလုပ်ကြမ်းတွေကို လုပ်ကိုင်နိုင်ခြင်း မရှိတော့တဲ့ အတွက် အခုလိုပဲ တောင်းရမ်း စားသောက်နေရတာ ဖြစ်ပါတယ် ။ ပတ်ဝန်းကျင်က ပြည်သူ အချို့ကလဲ ဦးတိုင်းကျော် အခုလို တောင်းရမ်း စားသောက်နေရတာကို ၂၀၁၅ ခုနှစ်ကတည်းက သတိထားမိပြီး အခုချိန်ထိ လိုက်လံ တောင်းစားနေရတာကို တွေ့ရပါတယ်လို့ ပြောကြပါတယ် ။

ဇာတ်မင်းသားကြီး ဦးဖိုးစိန်ရဲ့ မြေးဖြစ်သူ ပတ္တမြားကေခိုင်ကလဲ လူရွှင်တော်ကြီး ဦးတိုင်းကျော်ကို ကူညီထောက်ပံ့ပေးဖို့ လိုက်လံ ရှာဖွေခိုင်းနေပြီလို့ သိရပါတယ် ။ ဒါ့အပြင် လူရွှင်တော် အစည်းအရုံးမှ ဒိန်းဒေါင်နဲ့ ခင်လှိုင်ကလဲ တတ်နိုင်သလောက် ကူညီမှာဖြစ်ပြီး သဘင်အစည်းအရုံး ဗဟိုကလဲ ဦးတိုင်းကျော်အတွက် လိုအပ်တာတွေ ကူညီ ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ် ။

ဇာတ်သဘင်ကသူ ဖြစ်ဖြစ် အနုပညာရှင်ပဲ ဖြစ်ဖြစ် အခုလို အသက်အရွယ်ကြီးသူတွေ အခုလို နေပူပူကြီးထဲမှာ တောင်းရမ်း စားသောက်နေရတာ လုံးဝ စိတ်မကောင်းစရာပါပဲ ။ ဇာတ်သဘင်အဖွဲ့မှ တာဝန် ရှိသူတွေကလဲ ဦးတိုင်းကျော်ကို လိုက်လံရှာဖွေပြီး ကူညီပေးမယ်ဆိုလို့ ဝမ်းသာရပါတယ် ။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့အတွက် ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ် ။

Rowena
Source: Khin Hlaing & Padamyar KKhine
Photo: Myanmar Time