
0
65

For Zawgyi





ရုပ်သံကြည့်ရှု့ရန်


For Unicode

စင်အောက်က ပရိသတ်တွေကို မျက်နှာမျိုးစုံပြောင်ကာ အခွီတလိုင်းစကားတွေပြောထားတဲ့ ဖြူဖြူထွေး ရုပ်သံ

ပရိသတ်ကြီးရေ မြင်သူတိုင်းရင်ထဲကို အေးမြသွားစေမယ့် အပြုံးချိုချိုလေးတွေကို ပိုင်ဆိုင်ထားသူလေးကတော့ မင်းသမီးချောလေး ဖြူဖြူထွေးပဲ ဖြစ်ပါတယ် ။ အမြဲလိုလို ဟန်ဆောင်မှုကင်းပြီး ပွင့်လင်းချိုသာတဲ့ စကားပြောဟန်လေးတွေနဲ့ လွတ်လပ်ပေါ့ပါးစွာ နေထိုင်တတ်တဲ့ သူမကို ပရိသတ်တွေက အားပေးချစ်ခင်နေရတာ ဖြစ်ပါတယ် ။ ထူးခြားတဲ့ဟာသစွမ်းရည်ကို ပိုင်ဆိုင်ထားတဲ့ သူမက အများနဲ့ မတူဘဲ တစ်မူထူးခြားစွာ ခဏလေး အတွင်းမှာ အောင်မြင်မှု ရရှိလာခဲ့သူ ဖြစ်ပါတယ် ။

မကြာခဏ ဆိုသလို ပရိတ်သတ်တွေအတွက် ဟာသ ဗီဒီယိုလေးတွေကို အမြဲ တင်လေ့ရှိပြီး ပရိတ်သတ်တွေရဲ့ တစ်ခဲနက် အားပေးခြင်းကို ရရှိထားတာ ဖြစ်ပါတယ် ။ သူမဟာ ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ရိုက်ကူးနေပြီ ဖြစ်တယ်လို့ သိရပါတယ် ။ လတ်တလောမှာလည်း စင်ပေါ်မှာ အခွီတစ်လိုင်း ဟာသတွေပြောကာ dancer ကောင်မလေးတွေတောင် ဆက်မက နိုင်တော့အောင်ကို မျက်နှာပြောင်ထားတဲ့ ဟာသ ဗီဒီယိုဖိုင်လေးကို ဖော်ပြထားတာ တွေ့ရပါတယ် ။

သူမကတော့ အမြဲပျော်ပျော်ရွင်ရွင် နေတတ်သူဖြစ်ပြီး သူမရဲ့ အပျော်တွေက ပရိသတ်တွေကို ကူးစက်စေခဲ့တာလည်း ဖြစ်ပါတယ် ။ ချစ်ပရိသတ်တွေအတွက် ဖြူဖြူထွေးရဲ့ အရမ်းရီနေရတဲ့ အခွီဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်နော် ။ ဖြူဖြူထွေးရဲ့ Tik Tok အခွီဗီဒီယိုကတော့ ကြည့်ပြီးတဲ့ ပရိသတ်တွေကို ကြည်နူး ပျော်ရွင်စေမှာ သေချာပါတယ် ။

ရုပ်သံကြည့်ရှု့ရန်

Source:Phyu Phyu Htwe;pyae, Myanmarload