ကင္ဆာေရာဂါေနာက္ကြယ္က ဇာတ္ပို႔သရုပ္ေဆာင္ ႏြယ္နီရဲ႕ ေၾကကြဲစရာ အျဖစ္အပ်က္ ရုပ္သံ

0
302

For Zawgyi

ကင္ဆာေရာဂါေနာက္ကြယ္က ဇာတ္ပို႔သရုပ္ေဆာင္ ႏြယ္နီရဲ႕ ေၾကကြဲစရာ အျဖစ္အပ်က္ ရုပ္သံ

ျမန္မာရုပ္ရွင္ ေလာကထဲမွာ ႏွစ္အေတာ္ၾကာ က်င္လည္ေနတဲ့ ဇာတ္ပိ႔ု သရုပ္ေဆာင္ မႏြယ္နီကေတာ့ လက္ရွိမွာ ကင္ဆာဆိုတဲ့ ေရာဂါေဝဒနာဆိုးၾကီးကို ခံစားေနရတာ ျဖစ္ပါတယ္ ။ သူ႔အေနနဲ႔ ဒီေရာဂါကို ေပ်ာက္ဖို႔အတြက္ ေငြေၾကးအခက္ခဲ ရွိေနတာေၾကာင့္ Online ေပၚမွာ အရင္လိုကားရိုက္ေတြ ေခၚေပးဖို႔ကို စာေလးတင္ထားတာ ျဖစ္ပါတယ္ ။ ဒီလိုစာေလးတင္ထားတာေၾကာင့္ မႏြယ္နီနဲ႔ ပတ္သက္ျပီး စိတ္ဝင္စားမႈ ျမင့္တက္ခဲ့ျပီး မႏြယ္နီရဲ့ အေၾကာင္းကိုေတာ့ 8 Day ကသြားေရာက္ ေမးျမန္းထားတာ ျဖစ္ပါတယ္ ။

8 Day နဲ႔ အင္တာဗ်ဴးမွာေတာ့ ဇာတ္ပို႔သရုပ္ေဆာင္ ႏြယ္နီကေတာ့ Online ေပၚမွာ စာတင္ျပီး အကူညီေတာင္းျဖစ္တာနဲ႔ ပတ္သက္ျပီး “ေဆးရံုေတြဘာေတြတက္ရတာကလည္း စရိတ္ေတြကမ်ားတယ္ေလ ။ ဒီရက္အေတာအတြင္းေလးမွာ ေဆးရံုမတက္ခင္ ရႈတင္ေလးရိုက္လို႔ရတဲ့ ပိုက္ဆံေလးနဲ႔ ေဆးရံုစရိတ္ကုိ ခုမိကာမိေအာင္ အကူညီ ေတာင္းလိုက္တဲ့ သေဘာပါ”

“ အခုခ်ိန္က နာတာေတြေတာ့ မရွိေသးပါဘူး ။ ဆရာဝန္ေတြ သတ္မွတ္ထားတဲ့အတိုင္း ကင္ဆာေပါ့ ။ ခံစားခ်က္ကေတာ့ ေၾကာက္တာေပါ့ ။ ဘာလို႔လည္း ဆိုေတာ့ ကိုယ့္မွာ သားသမီးေတြ ရွိေသးေတာ့ ကိုယ္တခုခု ျဖစ္သြားမွာကို စိုးရိမ္တာပါ ။ ရင္ဆိုင္ေနရတဲ့ အခက္ခဲေတြကေတာ့ ေငြေရးေၾကးေရးပဲ ေျပာရမွာေပါ့ ။ ဒီေရာဂါၾကီးကို ေပ်ာက္ေအာင္ကုရမွာဆိုေတာ့။ ဒီကေလးေတြမွာ အမတေယာက္ပဲ ရွိတယ္ ။ ေပ်ာက္ခ်င္တဲ့အတြက္ ေငြမရွိရင္ ဘာမွျဖစ္လာမွာ မဟုတ္ပါဘူး”

ကားရိုက္တုန္းက ေငြေတြကို မစုမိတာလား ဆုိတဲ့ အေပၚမွာေတာ့ “ မကာမိဘူးလို႔ပဲ ေျပာရမွာေပါ့ ။ မကာမိဘူး ဆိုတာထက္ အမတို႔က ကန္ထရိုက္ကားေတြက သိပ္မရိုက္ရဘူး ။ ကားရိုက္က တပတ္ကုိ တရက္ ။ တလလံုးမွာ ႏွစ္ရက္ေလာက္ပဲ ရိုက္ရတယ္ ။ တရက္ကို ၂ သိန္းေလာက္ရဦး ။ တလကို ၂ ရက္ ၄ သိန္းေလာက္ဆိုေတာ့ အဆင္မေျပဘူး ။ အမအေနနဲ႔ကေတာ့ ကိုယ္ပဲ ခပ္ေအးေအး ေနတတ္လို႔လားေတာ့ မသိဘူး ။ စိတ္ထဲမွာေတာ့ ဘာမွမရွိပါဘူး ။ ကိုယ့္ကို ေခၚမရိုက္တာ ကိုယ္နဲ႔ပဲ မကိုက္ညီလို႔လား ဆိုျပီးေတာ့ ေတြးမိပါတယ္”

အိမ္ဆိုင္ေလး ဖြင့္ျဖစ္တာနဲ႔ ပတ္သက္ျပီး “ ဆိုင္ေလးဖြင့္ျဖစ္တာက ကားရိုက္ေတြက မရွိမရွိနဲ႔ဆိုေတာ့ အမ်ိဳးသားလစာ တခုထဲနဲ႔ကလည္း အဆင္မေျပဘူးေလ ။ ေက်ာင္းစရိတ္ေတြ ကေလးစရိတ္ေတြကလည္း ရွိတယ္ ။ ဘာပဲေျပာေျပာ အိမ္မွာေနျပီး ဒါေလးဖြင့္လိုက္ရင္ ေန႔စဥ္ ဝင္ေငြေလး ရွိတယ္ဆိုျပီး အစ္မဒါေလးကို ဖြင့္လိုက္တာပါ”

Online မွာ စာတင္လိုက္တာက ကိုယ့္ဂုဏ္သိကၡာကို ထိခိုက္ႏိုင္လားဆိုတဲ့ အေပၚမွာေတာ့ “ဂုဏ္သိကၡာ က်သြားမလားဆိုတ့ဲ စိတ္ရွိတယ္ ။ ဒါေပမယ့္ အမမွာ ေလာေလာဆယ္မွာ ဂုဏ္သိကၡာထက္ ဘာကအေရးၾကီးေနလည္းဆိုေတာ့ အစ္မ အလုပ္လိုခ်င္တယ္ ။ အမတင္လိုက္တာကို သနားျပီးေတ့ာ အလွဴေငြေတာင္းတာ မဟုတ္ဘူး ။ အလုပ္လိုခ်င္တာပါ ။ အဲ့အတြက္ အစ္မဒီပို႔စ္ကိုတင္တာ ။ အလုပ္လိုခ်င္တာပါ ။ အလွဴေငြေတာင္းတာ မဟုတ္ပါဘူး”

“အႏုပညာသက္တမ္းကေတာ့ အမအေနနဲ႔ အႏွစ္ ၂၀ ေက်ာ္ေလာက္ေတာ့ ရွိျပီ ။ ခက္ခဲတဲ့သူေတြ ရွိရင္ေတာ့ ဘာပဲျဖစ္ျဖစ္ေပါ့ ။ အစ္မဆိုလည္း အစ္မ အရမ္းေၾကာက္တဲ့ ေရာဂါကို ရင္ဆိုင္ေနရတယ္ ။ ဒါေပမယ့္လည္း အားတင္းထားတယ္ ။ ဘာလို႔လဲဆိုေတာ့ ငါလဲသြားလို႔ မျဖစ္ဘူး ။ အမ စကားပံုတခုၾကားဖူးတယ္ ။ တိမ္ေတြဖံုးတာ ခဏပါ မၾကာခင္ေကာင္းကင္ၾကီးက သာယာလာမွာပါ ။ အစ္မ အဲ့စကားေလးနဲ႔ ကိုယ့္ကိုကိုယ္ အားတင္ထားတယ္ ။ ရုပ္ရွင္အစည္းရံုးက ေထာက္ပံ့ထားတဲ့ ေငြေၾကးရွိတယ္ ။ မင္းသမီးေအးျမတ္သူကလည္း ပိုက္ဆံ ၂ သိန္းလွဴခ်င္တယ္တဲ့ ။ အေမေပါ့ သူတို႔မွာ ရွိတာေလးေတြစုျပီးေတာ့ လုပ္ရမွာေပါ့ ။ မျဖစ္ျဖစ္ေအာင္ေတာ့ ကိုယ့္အသက္ကို ဆပ္ရမွာေပါ့ ၊ ပရိသတ္ေတြလည္း ကြ်န္မကို ဒီေဝဒနာၾကီး ေပ်ာက္ဖို႔နဲ႔ အသက္ရွင္ဖို႔ ဆုေတာင္းေပးဖို႔နဲ႔ အားေပးပါလို႔ ေျပာခ်င္ပါတယ္” ဟု ေျပာၾကားသြား ခဲ့ပါတယ္ ။

video ၾကည့္ရန္

Source : Nanmalgyi

For Unicode

ကင်ဆာရောဂါနောက်ကွယ်က ဇာတ်ပို့သရုပ်ဆောင်နွယ်နီရဲ့ ကြေကွဲစရာ အဖြစ်အပျက် ရုပ်သံ

မြန်မာရုပ်ရှင် လောကထဲမှာ နှစ်အတော်ကြာ ကျင်လည်နေတဲ့ ဇာတ်ပိ့ု သရုပ်ဆောင် မနွယ်နီကတော့ လက်ရှိမှာ ကင်ဆာဆိုတဲ့ ရောဂါဝေဒနာဆိုးကြီးကို ခံစားနေရတာ ဖြစ်ပါတယ် ။ သူ့အနေနဲ့ ဒီရောဂါကို ပျောက်ဖို့အတွက် ငွေကြေးအခက်ခဲ ရှိနေတာကြောင့် Online ပေါ်မှာ အရင်လိုကားရိုက်တွေ ခေါ်ပေးဖို့ကို စာလေးတင်ထားတာ ဖြစ်ပါတယ် ။ ဒီလိုစာလေးတင်ထားတာကြောင့် မနွယ်နီနဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှု မြင့်တက်ခဲ့ပြီး မနွယ်နီရဲ့ အကြောင်းကိုတော့ 8 Day ကသွားရောက် မေးမြန်းထားတာ ဖြစ်ပါတယ် ။

8 Day နဲ့ အင်တာဗျူးမှာတော့ ဇာတ်ပို့သရုပ်ဆောင် နွယ်နီကတော့ Online ပေါ်မှာ စာတင်ပြီး အကူညီတောင်းဖြစ်တာနဲ့ ပတ်သက်ပြီး “ဆေးရုံတွေဘာတွေတက်ရတာကလည်း စရိတ်တွေကများတယ်လေ ။ ဒီရက်အတောအတွင်းလေးမှာ ဆေးရုံမတက်ခင် ရှုတင်လေးရိုက်လို့ရတဲ့ ပိုက်ဆံလေးနဲ့ ဆေးရုံစရိတ်ကို ခုမိကာမိအောင် အကူညီ တောင်းလိုက်တဲ့ သဘောပါ”

“ အခုချိန်က နာတာတွေတော့ မရှိသေးပါဘူး ။ ဆရာဝန်တွေ သတ်မှတ်ထားတဲ့အတိုင်း ကင်ဆာပေါ့ ။ ခံစားချက်ကတော့ ကြောက်တာပေါ့ ။ ဘာလို့လည်း ဆိုတော့ ကိုယ့်မှာ သားသမီးတွေ ရှိသေးတော့ ကိုယ်တခုခု ဖြစ်သွားမှာကို စိုးရိမ်တာပါ ။ ရင်ဆိုင်နေရတဲ့ အခက်ခဲတွေကတော့ ငွေရေးကြေးရေးပဲ ပြောရမှာပေါ့ ။ ဒီရောဂါကြီးကို ပျောက်အောင်ကုရမှာဆိုတော့။ ဒီကလေးတွေမှာ အမတယောက်ပဲ ရှိတယ် ။ ပျောက်ချင်တဲ့အတွက် ငွေမရှိရင် ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး”

ကားရိုက်တုန်းက ငွေတွေကို မစုမိတာလား ဆိုတဲ့ အပေါ်မှာတော့ “ မကာမိဘူးလို့ပဲ ပြောရမှာပေါ့ ။ မကာမိဘူး ဆိုတာထက် အမတို့က ကန်ထရိုက်ကားတွေက သိပ်မရိုက်ရဘူး ။ ကားရိုက်က တပတ်ကို တရက် ။ တလလုံးမှာ နှစ်ရက်လောက်ပဲ ရိုက်ရတယ် ။ တရက်ကို ၂ သိန်းလောက်ရဦး ။ တလကို ၂ ရက် ၄ သိန်းလောက်ဆိုတော့ အဆင်မပြေဘူး ။ အမအနေနဲ့ကတော့ ကိုယ်ပဲ ခပ်အေးအေး နေတတ်လို့လားတော့ မသိဘူး ။ စိတ်ထဲမှာတော့ ဘာမှမရှိပါဘူး ။ ကိုယ့်ကို ခေါ်မရိုက်တာ ကိုယ်နဲ့ပဲ မကိုက်ညီလို့လား ဆိုပြီးတော့ တွေးမိပါတယ်”

အိမ်ဆိုင်လေး ဖွင့်ဖြစ်တာနဲ့ ပတ်သက်ပြီး “ ဆိုင်လေးဖွင့်ဖြစ်တာက ကားရိုက်တွေက မရှိမရှိနဲ့ဆိုတော့ အမျိုးသားလစာ တခုထဲနဲ့ကလည်း အဆင်မပြေဘူးလေ ။ ကျောင်းစရိတ်တွေ ကလေးစရိတ်တွေကလည်း ရှိတယ် ။ ဘာပဲပြောပြော အိမ်မှာနေပြီး ဒါလေးဖွင့်လိုက်ရင် နေ့စဉ် ဝင်ငွေလေး ရှိတယ်ဆိုပြီး အစ်မဒါလေးကို ဖွင့်လိုက်တာပါ”

Online မှာ စာတင်လိုက်တာက ကိုယ့်ဂုဏ်သိက္ခာကို ထိခိုက်နိုင်လားဆိုတဲ့ အပေါ်မှာတော့ “ဂုဏ်သိက္ခာ ကျသွားမလားဆိုတဲ့ စိတ်ရှိတယ် ။ ဒါပေမယ့် အမမှာ လောလောဆယ်မှာ ဂုဏ်သိက္ခာထက် ဘာကအရေးကြီးနေလည်းဆိုတော့ အစ်မ အလုပ်လိုချင်တယ် ။ အမတင်လိုက်တာကို သနားပြီးတေ့ာ အလှူငွေတောင်းတာ မဟုတ်ဘူး ။ အလုပ်လိုချင်တာပါ ။ အဲ့အတွက် အစ်မဒီပို့စ်ကိုတင်တာ ။ အလုပ်လိုချင်တာပါ ။ အလှူငွေတောင်းတာ မဟုတ်ပါဘူး”

“အနုပညာသက်တမ်းကတော့ အမအနေနဲ့ အနှစ် ၂၀ ကျော်လောက်တော့ ရှိပြီ ။ ခက်ခဲတဲ့သူတွေ ရှိရင်တော့ ဘာပဲဖြစ်ဖြစ်ပေါ့ ။ အစ်မဆိုလည်း အစ်မ အရမ်းကြောက်တဲ့ ရောဂါကို ရင်ဆိုင်နေရတယ် ။ ဒါပေမယ့်လည်း အားတင်းထားတယ် ။ ဘာလို့လဲဆိုတော့ ငါလဲသွားလို့ မဖြစ်ဘူး ။ အမ စကားပုံတခုကြားဖူးတယ် ။ တိမ်တွေဖုံးတာ ခဏပါ မကြာခင်ကောင်းကင်ကြီးက သာယာလာမှာပါ ။ အစ်မ အဲ့စကားလေးနဲ့ ကိုယ့်ကိုကိုယ် အားတင်ထားတယ် ။ ရုပ်ရှင်အစည်းရုံးက ထောက်ပံ့ထားတဲ့ ငွေကြေးရှိတယ် ။ မင်းသမီးအေးမြတ်သူကလည်း ပိုက်ဆံ ၂ သိန်းလှူချင်တယ်တဲ့ ။ အမေပေါ့ သူတို့မှာ ရှိတာလေးတွေစုပြီးတော့ လုပ်ရမှာပေါ့ ။ မဖြစ်ဖြစ်အောင်တော့ ကိုယ့်အသက်ကို ဆပ်ရမှာပေါ့ ၊ ပရိသတ်တွေလည်း ကျွန်မကို ဒီဝေဒနာကြီး ပျောက်ဖို့နဲ့ အသက်ရှင်ဖို့ ဆုတောင်းပေးဖို့နဲ့ အားပေးပါလို့ ပြောချင်ပါတယ်” ဟု ပြောကြားသွား ခဲ့ပါတယ် ။

video ကြည့်ရန်

Source : Nanmalgyi