
0
1242

For Zawgyi






Video ကြည့်ရန်

Source : Cele Gabar

For Unicode

အောန်ဆိုင်းနဲ့ထူးအောင် အမိုက်စားပါဝင်ပြီး သရုပ်ဆောင်ထားတဲ့ Ar-T ရဲ့ သီချင်း MTV အသစ်

ဂီတလောကမှာ ပရိသတ်တွေရဲ့ အားပေးမှုတွေ အခိုင်အမာရရှိထားတဲ့ အဆိုတော် Ar-T ကတော့ သူများနဲ့ မတူ တမူထူးခြားတဲ့ အမိုက်စား သီချင်း MTV တွေကို ရိုက်ကူး ပုံဖော်လေ့ရှိတဲ့ အနုပညာရှင် တစ်ယောက်ပါ ။ အမိုက်စား သီချင်း MTV လေးတွေကြောင့် သူ့ရဲ့ သီချင်းတွေဟာ အမြဲတမ်း ပရိသတ်သဘောကျ နှစ်ခြိုက်တဲ့ စာရင်းထဲ ပါဝင်ခဲ့ပါတယ် ။ လတ်တလောမှာတော့ မော်ဒယ်လ် အောန်ဆိုင်း ၊ ထူးအောင် တို့နဲ့အတူ ရိုက်ကူး ပုံဖော်ထားတဲ့ အမိုက်စား MTV တစ်ပုဒ်ကတော့ ပရိသတ်ရှေ့ကို ရောက်ရှိလို့ လာပါပြီ ။

အရမ်းကိုလှတဲ့ ကော့သောင်းကမ်းခြေမှာ သွားရောက် ရိုက်ကူးခဲ့တာ ဖြစ်ပြီး မော်ဒယ်လ် အောန်ဆိုင်းရဲ့ အမိုက်စား ခန္ဓာကိုယ် ကောက်ကြောင်းတွေ ကိုပေါ်လွင်စေမယ့် ရေကူးဝတ်စုံနဲ့ အနောက်တိုင်းဆန်ဆန် ရိုက်ကူးထားတာဖြစ်ပြီး ပရိသတ် အမြင်မှာလည်း မရိုင်းစေပဲ အရမ်းကိုကြည့်လို့ကောင်းတဲ့ MTV တစ်ပုဒ်ပါ ။

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်စွဲ ထူးအောင် ရဲ့ အမိုက်စား သရုပ်ဆောင် မှုတွေကိုလည်း ဒီ MTV ထဲမှာ တစ်ခါထဲ မြင်ရမှာပါ ။ ပရိသတ်ကြီးအတွက် အားတီရဲ့ တဖက်သတ်ဆိုတဲ့ Music Video လေးကို အခုပဲ ပြန်လည် မျှဝေပေးလိုက်ပါတယ် ။

Video ကြည့်ရန်

Source : Cele Gabar