အမ်ိဳးသမီးမ်ား ဓမၼတာ ေသြးလြန္တာကို ရပ္တန႔္ေစႏိုင္မည့္ ေဆးနည္းႏွင့္ ျပဳစုကုသနည္း

0
256

For Zawgyi

အမ်ိဳးသမီးမ်ား ဓမၼတာ ေသြးလြန္တာကို ရပ္တန႔္ေစႏိုင္မည့္ ေဆးနည္းႏွင့္ ျပဳစုကုသနည္း

ကန္စြန္းဥ ၂၅ က်ပ္သားကို ျပဳတ္၍ အခြံမ်ား ခြာၿပီး ေထာင္းပါ ။ ေထာပတ္ ၁၀ က်ပ္သားကို က်က္ေအာင္ ခ်က္၍ ေထာင္းၿပီး ကန္စြန္းဥ ၂၅ က်ပ္သားႏွင့္ သၾကား ၅ က်ပ္သားကို ထည့္ေမႊပါ ။ ကန္စြန္းယို ျဖစ္လာပါသည္ ။ ယင္းကန္စြန္းယိုကို ဟင္းစားဇြန္း တစ္ဇြန္းခန႔္ တစ္ေန႔ ႏွစ္ႀကိမ္ သုံးႀကိမ္ စားသြားလွ်င္ ဓမၼတာ ေသြးလြန္ေရာဂါကို ရပ္တန႔္ေစပါသည္ ။

ဓမၼတာလြန္းျခင္း

အမ်ိဳးသမီးမ်ားမွာ ေသြးေပၚရက္တြင္ ထမီ တစ္ထည္ၿပီး တစ္ထည္ လဲရေလာက္ေအာင္ ေရအိုးကို လွဲသြန္သကဲ့သို႔ အမွတ္မထင္ ေသြးလြန္စြာ ဆင္းလာတတ္သည္ ။ အေနအထိုင္မဆင္ျခင္ျခင္း ဝမ္ဗိုက္အား တခုခုႏွင့္ ထိခိုက္မိျခင္း ေသြးဆင္းေစေသာ အစားအစာ ေဆးဝါးတို႔ကို လြန္းမင္းစြာ စားမိေသာက္မိျခင္း ယခင္လမ်ားမွ ေသြးမေပၚခဲ့ဘဲ ေသြးေဟာင္းမ်ား ေအာင္းေန က်န္ေနခဲျခင္း စသည္တို႔ေၾကာင့္ တခါတရံ ထိတ္လန႔္ ေၾကာက္႐ြံ႕ဖြယ္ ေကာင္းေလာက္ေအာင္ပင္ ေသြးဆင္းလာတတ္သည္ ။

အခ်ိဳ႕အမ်ိဳးသမီးမ်ား မွာ ေသြးဆင္းရက္ထက္ ေက်ာ္လြန္၍ ေသြးရပ္ရမည့္ အခ်ိန္က်လ်က္ မရပ္ဘဲ ၁၀ ရက္ ၁၅ ရက္ တလအထိပင္ ေနစဥ္ ေသြးဆင္းေနတတ္သည္ ။ ယင္းကဲသို႔ ဓမၼတာဆင္းရမည့္ရက္ ဆင္းရမည့္ အတိုင္းတာထက္ ပို၍ ဆင္းေနလွ်င္ ေသြးအျမန္ရပ္သြားေစရန္ အထူး အေရးႀကီးပါသည္ ။

ျပဳစုကုသနည္း

ေသြးသြန္ ေသြးလြန္ ေသြးေပၚရက္ တာရွည္ေနလွ်င္ ေသြးအျမန္ရပ္ေစရန္ ကန္စြန္း႐ြက္ကို က်က်ျပဳတ္၍ သၾကားခ်ိဳခ်ိဳ ခပ္ေသာက္ပါ ။ ကန္စြန္း႐ြက္ကို ေၾကာ္စား သုတ္စား တို႔စားပါ ။ ဆီးျဖဴသီးသနပ္ လုပ္စားပါ ။ ဆီးျဖဴသီး အေျခာက္ကို ျဖစိေစ ဆီးျဖဴသီး အစိုကိုျဖစ္ေစ အသား ငါး တစ္မ်ိဳးမ်ိဳးႏွင့္ ေရာခ်က္စားပါ ။

ငါးရွဥ့္ကိုျဖစ္ေစ ငါးေႁမြထိုးကိုျဖစ္ေစ ဆီးျဖဴသီးႏွင့္ ေရာစပ္၍ ခ်က္စားလွ်င္ ဓမၼတာလြန္ျခင္းအတြက္ အလြန္ေကာင္းပါသည္ ။ မယားႀကီးျပဳတ္ရည္ကို သၾကားအနည္းငယ္ ေရာစပ္၍ ေသာက္ပါ ။ ေရေအးႏိုင္ႏိုင္ခ်ိဳးပါ ။

ေရွာင္ၾကဥ္ရန္ ။ ။ ပူစပ္ေသာ အစားအစာႏွင့္ ေဆးဝါးတို႔ကို ေရွာင္ပါ ။ ေသြးသက္ေစတတ္ေသာ အစားအစာမ်ားႏွင့္ ေဆးဝါးမ်ားကို ေရွာင္ပါ ။ လႈပ္ရွားသြားလာျခင္း ကုန္းကုန္း ကြကြ လုပ္ေဆာင္ျခင္းမ်ားကို ေရွာင္ပါ ။ အိပ္ရာတြင္ ၿငိမ္သက္စြာ နားေနပါ ။ ဤကဲ့သို႔လိုက္နာျပဳလုပ္လွ်င္ ေသြးလြန္ျခင္း ေသြးသြန္ျခင္း အျမန္ရပ္တန႔္သြားမည္ ျဖစ္ပါသည္ ။

ဦးဝင္းျမင့္ – ေနျပည္ေတာ္ ၊ လယ္ေဝးၿမိဳနယ္ ၊ ေအလာ စက္ပိုင္ ရပ္ကြက္

For Unicode

အမျိုးသမီးများ ဓမ္မတာ သွေးလွန်တာကို ရပ်တန့်စေနိုင်မည့် ဆေးနည်းနှင့် ပြုစုကုသနည်း

ကန်စွန်းဥ ၂၅ ကျပ်သားကို ပြုတ်၍ အခွံများ ခွာပြီး ထောင်းပါ ။ ထောပတ် ၁၀ ကျပ်သားကို ကျက်အောင် ချက်၍ ထောင်းပြီး ကန်စွန်းဥ ၂၅ ကျပ်သားနှင့် သကြား ၅ ကျပ်သားကို ထည့်မွှေပါ ။ ကန်စွန်းယို ဖြစ်လာပါသည် ။ ယင်းကန်စွန်းယိုကို ဟင်းစားဇွန်း တစ်ဇွန်းခန့် တစ်နေ့ နှစ်ကြိမ် သုံးကြိမ် စားသွားလျှင် ဓမ္မတာ သွေးလွန်ရောဂါကို ရပ်တန့်စေပါသည် ။

ဓမ္မတာလွန်းခြင်း

အမျိုးသမီးများမှာ သွေးပေါ်ရက်တွင် ထမီ တစ်ထည်ပြီး တစ်ထည် လဲရလောက်အောင် ရေအိုးကို လှဲသွန်သကဲ့သို့ အမှတ်မထင် သွေးလွန်စွာ ဆင်းလာတတ်သည် ။ အနေအထိုင်မဆင်ခြင်ခြင်း ဝမ်ဗိုက်အား တခုခုနှင့် ထိခိုက်မိခြင်း သွေးဆင်းစေသော အစားအစာ ဆေးဝါးတို့ကို လွန်းမင်းစွာ စားမိသောက်မိခြင်း ယခင်လများမှ သွေးမပေါ်ခဲ့ဘဲ သွေးဟောင်းများ အောင်းနေ ကျန်နေခဲခြင်း စသည်တို့ကြောင့် တခါတရံ ထိတ်လန့် ကြောက်ရွံ့ဖွယ် ကောင်းလောက်အောင်ပင် သွေးဆင်းလာတတ်သည် ။

အချို့အမျိုးသမီးများ မှာ သွေးဆင်းရက်ထက် ကျော်လွန်၍ သွေးရပ်ရမည့် အချိန်ကျလျက် မရပ်ဘဲ ၁၀ ရက် ၁၅ ရက် တလအထိပင် နေစဉ် သွေးဆင်းနေတတ်သည် ။ ယင်းကဲသို့ ဓမ္မတာဆင်းရမည့်ရက် ဆင်းရမည့် အတိုင်းတာထက် ပို၍ ဆင်းနေလျှင် သွေးအမြန်ရပ်သွားစေရန် အထူး အရေးကြီးပါသည် ။

ပြုစုကုသနည်း

သွေးသွန် သွေးလွန် သွေးပေါ်ရက် တာရှည်နေလျှင် သွေးအမြန်ရပ်စေရန် ကန်စွန်းရွက်ကို ကျကျပြုတ်၍ သကြားချိုချို ခပ်သောက်ပါ ။ ကန်စွန်းရွက်ကို ကြော်စား သုတ်စား တို့စားပါ ။ ဆီးဖြူသီးသနပ် လုပ်စားပါ ။ ဆီးဖြူသီး အခြောက်ကို ဖြစိစေ ဆီးဖြူသီး အစိုကိုဖြစ်စေ အသား ငါး တစ်မျိုးမျိုးနှင့် ရောချက်စားပါ ။

ငါးရှဉ့်ကိုဖြစ်စေ ငါးမြွေထိုးကိုဖြစ်စေ ဆီးဖြူသီးနှင့် ရောစပ်၍ ချက်စားလျှင် ဓမ္မတာလွန်ခြင်းအတွက် အလွန်ကောင်းပါသည် ။ မယားကြီးပြုတ်ရည်ကို သကြားအနည်းငယ် ရောစပ်၍ သောက်ပါ ။ ရေအေးနိုင်နိုင်ချိုးပါ ။

ရှောင်ကြဉ်ရန် ။ ။ ပူစပ်သော အစားအစာနှင့် ဆေးဝါးတို့ကို ရှောင်ပါ ။ သွေးသက်စေတတ်သော အစားအစာများနှင့် ဆေးဝါးများကို ရှောင်ပါ ။ လှုပ်ရှားသွားလာခြင်း ကုန်းကုန်း ကွကွ လုပ်ဆောင်ခြင်းများကို ရှောင်ပါ ။ အိပ်ရာတွင် ငြိမ်သက်စွာ နားနေပါ ။ ဤကဲ့သို့လိုက်နာပြုလုပ်လျှင် သွေးလွန်ခြင်း သွေးသွန်ခြင်း အမြန်ရပ်တန့်သွားမည် ဖြစ်ပါသည် ။

ဦးဝင်းမြင့် – နေပြည်တော် ၊ လယ်ဝေးမြိုနယ် ၊ အေလာ စက်ပိုင် ရပ်ကွက်