မမေတြကိုမွ ခ်စ္တတ္တဲ့ ေမာင္ေလးမ်ားအတြက္ Team143 ရဲ႕ မတ္မတ္ MTV သီခ်င္း

0
1367

For Zawgyi

မမေတြကိုမွ ခ်စ္တတ္တဲ့ ေမာင္ေလးမ်ားအတြက္ Team143 ရဲ႕ မတ္မတ္ MTV သီခ်င္း

ပရိသတ္ေတြ ရယ္ေမာေစတဲ့ ဟာသ ဗီဒီယိုေလးေတြ တင္ရင္း လူသိ မ်ားလာခဲ့ရာကေန ပရိသတ္ လက္ခံ အားေပးတဲ့ အဆိုေတာ္ Double J အျဖစ္ လူသိမ်ားလာတဲ့ တက္သစ္စ ေတးသံရွင္ တစ္ဦးကို ပရိသတ္ေတြကို မိတ္ဆက္ ေပးခ်င္ပါတယ္ ။ လူငယ္ ဆယ္ေက်ာ္သက္ ပရိသတ္ေတြ အမ်ားဆုံး အားေပးမႈရရွိထားတဲ့ Double J ကေတာ့ တျခားလူငယ္ ၄ေယာက္နဲ႔အတူ Team 143 ဆိုတဲ့ နာမည္နဲ႔ အဖြဲ႕တစ္ဖြဲ႕ဖြဲ႕ၿပီး သီခ်င္းေတြ လုပ္ရင္း ပရိသတ္ အားေပးမႈ ရရွိေနတဲ့ လူငယ္ အဖြဲ႕ဆိုလည္း မမွားပါဘူး ။

အဆိုေတာ္ ရဲေလးနဲ႔အတူ Don’t worry ဆိုတဲ့ သီခ်င္းကို သီဆိုခဲ့ရာမွာလည္း လူႀကိဳက္မ်ား အားေပးမႈ ရရွိခဲ့ပါတယ္ ။ Sugar Daddy ဆိုတဲ့ ေခတ္ကာလ အေနထားအေျခေနေတြကို စပ္ဆိုထားတဲ့ သီခ်င္းေလးကလည္း လူငယ္ ပရိသတ္ေတြ အႀကိဳက္ေတြ႕ခဲ့ပါတယ္ ။ ခုလတ္တေလာမွာေတာ့ လူငယ္ေတြၾကားမွာ ေခတ္စားေနတဲ့ မမနဲ႔ေမာင္ေလး ဇာတ္လမ္း ကို အေျခခံၿပီး မမ သီခ်င္းေလး တစ္ပုဒ္ကို အဖြဲ႕ဝင္ေတြနဲ႔အတူတူ ဖန္တီးသီဆိုထားတာကို ပရိသတ္ေတြကို MTVေလးအျဖစ္ ခ်ျပလိုက္ပါၿပီ ။ အဲဒီသီခ်င္းေလးကို လူငယ္အမ်ားျပားက သေဘာက် ႏွစ္ၿခိဳက္ၾကတဲ့အျပင္ မမေတြေခတ္စား ေနတဲ့အခ်ိန္မို႔ အရမ္းကို လူႀကိဳက္မ်ားတဲ့ သီခ်င္းေလး ျဖစ္ခဲ့ပါတယ္ ။

မ်ိဳးဆက္သစ္ ေတးသံရွင္ေတြအေနနဲ႔ အခ်ိန္တိုေလး အတြင္းမွာ ပရိသတ္လက္ခံအား ေပး ၿပီး ေနရာတေနရာ ရလာခဲ့တာ ဘဲျဖစ္ပါတယ္ ။ လူသိမ်ားလာေပမယ့္ မသိေသးတဲ့ ပရိသတ္ေတြလည္း ရွိေသးတာမို႔ သူတို႔အဖြဲ႕သီဆိုထား တဲ့ မတ္မတ္ ဆိုတဲ့ သီခ်င္းကို ပရိသတ္အတြက္ ျပန္လည္ မွ်ေဝေပးလိုက္ပါတယ္ေနာ္ ။

ရုပ္သံၾကည့္ရႈ႕ရန္

Source : Team 143
Molly CeleGabar

For Unicode

မမတွေကိုမှ ချစ်တတ်တဲ့ မောင်လေးများအတွက် Team143 ရဲ့ မတ်မတ် MTV သီချင်း

ပရိသတ်တွေ ရယ်မောစေတဲ့ ဟာသ ဗီဒီယိုလေးတွေ တင်ရင်း လူသိ များလာခဲ့ရာကနေ ပရိသတ် လက်ခံ အားပေးတဲ့ အဆိုတော် Double J အဖြစ် လူသိများလာတဲ့ တက်သစ်စ တေးသံရှင် တစ်ဦးကို ပရိသတ်တွေကို မိတ်ဆက် ပေးချင်ပါတယ် ။ လူငယ် ဆယ်ကျော်သက် ပရိသတ်တွေ အများဆုံး အားပေးမှုရရှိထားတဲ့ Double J ကတော့ တခြားလူငယ် ၄ယောက်နဲ့အတူ Team 143 ဆိုတဲ့ နာမည်နဲ့ အဖွဲ့တစ်ဖွဲ့ဖွဲ့ပြီး သီချင်းတွေ လုပ်ရင်း ပရိသတ် အားပေးမှု ရရှိနေတဲ့ လူငယ် အဖွဲ့ဆိုလည်း မမှားပါဘူး ။

အဆိုတော် ရဲလေးနဲ့အတူ Don’t worry ဆိုတဲ့ သီချင်းကို သီဆိုခဲ့ရာမှာလည်း လူကြိုက်များ အားပေးမှု ရရှိခဲ့ပါတယ် ။ Sugar Daddy ဆိုတဲ့ ခေတ်ကာလ အနေထားအခြေနေတွေကို စပ်ဆိုထားတဲ့ သီချင်းလေးကလည်း လူငယ် ပရိသတ်တွေ အကြိုက်တွေ့ခဲ့ပါတယ် ။ ခုလတ်တလောမှာတော့ လူငယ်တွေကြားမှာ ခေတ်စားနေတဲ့ မမနဲ့မောင်လေး ဇာတ်လမ်း ကို အခြေခံပြီး မမ သီချင်းလေး တစ်ပုဒ်ကို အဖွဲ့ဝင်တွေနဲ့အတူတူ ဖန်တီးသီဆိုထားတာကို ပရိသတ်တွေကို MTVလေးအဖြစ် ချပြလိုက်ပါပြီ ။ အဲဒီသီချင်းလေးကို လူငယ်အများပြားက သဘောကျ နှစ်ခြိုက်ကြတဲ့အပြင် မမတွေခေတ်စား နေတဲ့အချိန်မို့ အရမ်းကို လူကြိုက်များတဲ့ သီချင်းလေး ဖြစ်ခဲ့ပါတယ် ။

မျိုးဆက်သစ် တေးသံရှင်တွေအနေနဲ့ အချိန်တိုလေး အတွင်းမှာ ပရိသတ်လက်ခံအား ပေး ပြီး နေရာတနေရာ ရလာခဲ့တာ ဘဲဖြစ်ပါတယ် ။ လူသိများလာပေမယ့် မသိသေးတဲ့ ပရိသတ်တွေလည်း ရှိသေးတာမို့ သူတို့အဖွဲ့သီဆိုထား တဲ့ မတ်မတ် ဆိုတဲ့ သီချင်းကို ပရိသတ်အတွက် ပြန်လည် မျှဝေပေးလိုက်ပါတယ်နော် ။

ရုပ်သံကြည့်ရှု့ရန်

Source : Team 143
Molly CeleGabar