ေဖြးေဖြးကန္ေတာ့တာကို လက္မခံတဲ့ မို႔မို႔ျမင္႔ေအာင္

0
204

For Zawgyi

ေဖြးေဖြးကန္ေတာ့တာကို လက္မခံတဲ့ မို႔မို႔ျမင္႔ေအာင္

ဆယ္စုႏွစ္မ်ားစြာ ရပ္တည္ႏိုင္ၿပီး ေအာင္ျမင္မႈေတြ ထိန္းထားႏိုင္တဲ့ စြယ္စံုရ သ႐ုပ္ေဆာင္မင္းသမီး အကယ္ဒမီမ်ား႐ွင္ မို႔မို႔ျမင့္ေအာင္ က ေဖြးေဖြးနဲ႕အမွတ္တရေလးေတြ ေျပာျပေပးထားေလ့ ႐ိွပါတယ္ ။ သူေျပာျပသြားတဲ့ အမွတ္တရေတြက ဘာေတြ ျဖစ္မလဲဆိုတာကို မိတ္ေဆြေတြသိေအာင္ ေျပာျပေပး လိုက္ပါတယ္ေနာ္ ။

ေဖြးေဖြးနဲ႔ ႐ုိက္ကြင္းေပၚမွာ ျပန္ဆံုျဖစ္တဲ့ အေၾကာင္းကို “ ႐ႈတင္ ပထမဆံုုးေန႔ ကေဖြးေဖြးကေလ ေမမို႔ႀကီး သမီး ရင္ေတြခုန္ေနတယ္ ။ ဘာလို႔ခုန္တာလဲ ငါ့သမီးရယ္ ဆိုေတာ့ ေမမို႔ႀကီးနဲ႔ သမီးနဲ႔ ဆယ္ႏွစ္႐ိွၿပီတဲ့ မဆံုရတာ ကိုယ္ေတာင္ သတိိ မထားမိဘူးေပါ့ေနာ္ အဲ့ေတာ့ ငါ့သမီးဟုတ္လား ဆယ္ႏွစ္ဆိုေတာ့ ဟုတ္တယ္ ဆယ္ႏွစ္ေလာက္႐ိွမွ ျပန္ဆံုတာဆိုေတာ့ ရင္ေတြ ခုန္ေနတယ္လို႔ေျပာတယ္ ။ ေဖြးေဖြးက သူကေလ ဆပြားႏိုင္တဲ့ ကေလးေပါ့ေနာ္ ပညာကို သူကပြားယူႏိုင္တယ္ ။

သူကိုသင္တာက On Scenes မွာသင္တာပါ အေျခခံကေနစသင္ေပးတာ မဟုတ္ပါဘူး ။ On Scenes မွာ ကိုမ်ိဳးမင္းက မမို႔ေရ ဒါေလးလုပ္ေပးပါဆိုေတာ့ သူ႔ကို မ်က္ရည္အစစ္နဲ႔ ငိုႏိုင္ေအာင္ မမို႔ သင္ေပးလိုက္တာေပါ့ေနာ္ ။ ေနာက္ထပ္ မ်က္လံုး အၾကည့္ေတြေပါ့ ။ အဲ့ဒါေလာက္ပဲ သင္ေပးလိုက္တာ ။ သူက သူ႕ဟာသူ ပြားယူႏိုင္တာ ။

သူကိုယ့္ကိုလာ ကန္ေတာ့တယ္ ကားၿပီးေတာ့ မမို႔က သူကို တစ္ခြန္းပဲ ေျပာလိုက္တယ္ ။ သမီး မကန္ေတာ့နဲ႔ ကန္ေတာ့တာ ေမမို႕မလိုခ်င္ဘူး ။ ဘာျဖစ္လို႔လဲဆိုေတာ့ ကန္ေတာ့လိုက္ရင္ ဒီမွာတင္ စိတ္တစ္လံုး ၿပီးသြားမယ္ ။ ေမမို႔ကို အေႂကြးတစ္ခုပဲ ထားေပးပါ ေမမို႔ေပးလိုက္တဲ့ ပညာေတြပြားယူပါ ။ အဲ့ဒီကတိပဲ အဲ့တုန္းက သူ႔ကို ေတာင္းလိုက္တယ္ ။

သူမွတ္မိ မမွတ္မိေတာ့မသိဘူး ကိုယ္ကေတာ့ ေသခ်ာမွတ္မိတယ္ ။ ဘာျဖစ္လို႔လဲဆိုေတာ့ သူဟာ တစ္ခ်ိန္က်ရင္ ေတာ္မယ့္ ကေလးဆိုတာ ကိုယ္က တြက္လိုက္မိသြားတာ ။ သူက ခဏေလး သင္ေပးတာနဲ႔ သူက တက္လြယ္တယ္ ။ အဲ့ဒီေတာ့ သူပြားယူလို႔ရႏိုင္တယ္ ။ အဲ့ဒီေတာ့ ေမမို႔သင္ေပးထားတဲ့ ပညာေတြ ပြားယူေပးပါ့မယ္ဆိုတဲ့ ကတိပဲ ေပးပါဆိုေတာ့ မွတ္မွတ္ရရ ေ႐ႊပိေတာက္ေဆး႐ံုမွာ မမို႔ သူ႕ကိုအဲ့ကတိ ေတာင္းလိုက္တာ ”ဆိုၿပီးေျပာျပသြားပါတယ္ ။

ေနာက္ၿပီး တစ္ေခတ္တစ္ေယာက္ ထြန္းေပါက္ေလ့႐ိွတဲ့ ႐ုပ္ရွင္ေလာက အစဥ္လာအရ ေဖြးေဖြး ဟာ တစ္ေခတ္လံုးရဲ႕ တစ္ေယာက္ ျဖစ္ႏိုင္လားဆိုတဲ့ အျမင္ကိုလည္း သူက “ ျဖစ္လာမွာပါ ေဖြးေဖြးေလးလည္း ျဖစ္လာမွာပါ ။ ေတာ္တယ္ ။ သူကေလ Acting ကို ႀကိဳးစားတယ္ ။ အခုထိလည္း ကိုယ္နဲ႔အတူတူ ႐ိုက္ေနရင္ လာေမးတုန္းပဲ ။ ဒါေပမယ့္ သူ႔ကိုကိုယ္သင္ေပးလိုက္တဲ့ တစ္ခုမွာ ျပန္ၿပီးေတာ့ စိတ္တစ္ခုကို ႏႈတ္လိုက္တဲ့ဟာ သင္ေပးဖို႔ မသင္လိုက္တဲ့ အခါက်ေတာ့ သူျပန္မႏႈတ္တတ္ေတာ့ သူ ေမာဟိုက္တာေပါ့ေနာ္ ။

အဲ့ဒီခါက်ေတာ့ သမီးေရ အဲ့တာကို ျပန္ႏႈတ္ရမယ္ေလ ။ မႏႈတ္ရင္သမီး ေမာေနမွာလို႔ေျပာေတာ့ အဲ့တာေၾကာင့္ သမီး ရင္တုန္ ပန္းတုန္ေတြ ျဖစ္တာကိုး အဲ့ဒီေတာ့မွ အေျဖသိရတာေပါ့ေနာ္ ။ အဲ့ဒီေတာ့ သူ႕ကို ဆြဲႏႈတ္တဲ့ အတတ္ပညာကို ျပန္သင္ေပးရတယ္ ”ဆိုၿပီး ေျပာျပသြားခဲ့ပါတယ္ ။

Source : nanmalgyi

For Unicode

ဖွေးဖွေးကန်တော့တာကို လက်မခံတဲ့ မို့မို့မြင့်အောင်

ဆယ်စုနှစ်များစွာ ရပ်တည်နိုင်ပြီး အောင်မြင်မှုတွေ ထိန်းထားနိုင်တဲ့ စွယ်စုံရ သရုပ်ဆောင်မင်းသမီး အကယ်ဒမီများရှင် မို့မို့မြင့်အောင် က ဖွေးဖွေးနဲ့အမှတ်တရလေးတွေ ပြောပြပေးထားလေ့ ရှိပါတယ် ။ သူပြောပြသွားတဲ့ အမှတ်တရတွေက ဘာတွေ ဖြစ်မလဲဆိုတာကို မိတ်ဆွေတွေသိအောင် ပြောပြပေး လိုက်ပါတယ်နော် ။

ဖွေးဖွေးနဲ့ ရိုက်ကွင်းပေါ်မှာ ပြန်ဆုံဖြစ်တဲ့ အကြောင်းကို “ ရှုတင် ပထမဆုံးနေ့ ကဖွေးဖွေးကလေ မေမို့ကြီး သမီး ရင်တွေခုန်နေတယ် ။ ဘာလို့ခုန်တာလဲ ငါ့သမီးရယ် ဆိုတော့ မေမို့ကြီးနဲ့ သမီးနဲ့ ဆယ်နှစ်ရှိပြီတဲ့ မဆုံရတာ ကိုယ်တောင် သတိ မထားမိဘူးပေါ့နော် အဲ့တော့ ငါ့သမီးဟုတ်လား ဆယ်နှစ်ဆိုတော့ ဟုတ်တယ် ဆယ်နှစ်လောက်ရှိမှ ပြန်ဆုံတာဆိုတော့ ရင်တွေ ခုန်နေတယ်လို့ပြောတယ် ။ ဖွေးဖွေးက သူကလေ ဆပွားနိုင်တဲ့ ကလေးပေါ့နော် ပညာကို သူကပွားယူနိုင်တယ် ။

သူကိုသင်တာက On Scenes မှာသင်တာပါ အခြေခံကနေစသင်ပေးတာမဟုတ်ပါဘူး ။ On Scenes မှာ ကိုမျိုးမင်းက မမို့ရေ ဒါလေးလုပ်ပေးပါဆိုတော့ သူ့ကို မျက်ရည်အစစ်နဲ့ ငိုနိုင်အောင် မမို့ သင်ပေးလိုက်တာပေါ့နော် ။ နောက်ထပ် မျက်လုံး အကြည့်တွေပေါ့ ။ အဲ့ဒါလောက်ပဲ သင်ပေးလိုက်တာ ။ သူက သူ့ဟာသူ ပွားယူနိုင်တာ ။ သူကိုယ့်ကိုလာ ကန်တော့တယ် ကားပြီးတော့ မမို့က သူကို တစ်ခွန်းပဲ ပြောလိုက်တယ် ။ သမီး မကန်တော့နဲ့ကန်တော့တာ မေမို့မလိုချင်ဘူး ။ ဘာဖြစ်လို့လဲဆိုတော့ ကန်တော့လိုက်ရင် ဒီမှာတင် စိတ်တစ်လုံး ပြီးသွားမယ် ။ မေမို့ကို အကြွေးတစ်ခုပဲ ထားပေးပါ မေမို့ပေးလိုက်တဲ့ ပညာတွေပွားယူပါ ။ အဲ့ဒီကတိပဲ အဲ့တုန်းက သူ့ကို တောင်းလိုက်တယ် ။

သူမှတ်မိ မမှတ်မိတော့မသိဘူး ကိုယ်ကတော့ သေချာမှတ်မိတယ် ။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ တစ်ချိန်ကျရင် တော်မယ့် ကလေးဆိုတာ ကိုယ်က တွက်လိုက်မိသွားတာ ။ သူက ခဏလေး သင်ပေးတာနဲ့ သူက တက်လွယ်တယ် ။ အဲ့ဒီတော့ သူပွားယူလို့ရနိုင်တယ် ။ အဲ့ဒီတော့ မေမို့သင်ပေးထားတဲ့ ပညာတွေ ပွားယူပေးပါ့မယ်ဆိုတဲ့ ကတိပဲ ပေးပါဆိုတော့ မှတ်မှတ်ရရ ရွှေပိတောက်ဆေးရုံမှာ မမို့ သူ့ကိုအဲ့ကတိ တောင်းလိုက်တာ ”ဆိုပြီးပြောပြသွားပါတယ် ။

နောက်ပြီး တစ်ခေတ်တစ်ယောက် ထွန်းပေါက်လေ့ရှိတဲ့ ရုပ်ရှင်လောက အစဉ်လာအရ ဖွေးဖွေး ဟာ တစ်ခေတ်လုံးရဲ့ တစ်ယောက် ဖြစ်နိုင်လားဆိုတဲ့ အမြင်ကိုလည်း သူက “ ဖြစ်လာမှာပါ ဖွေးဖွေးလေးလည်း ဖြစ်လာမှာပါ ။ တော်တယ် ။ သူကလေ Acting ကို ကြိုးစားတယ် ။ အခုထိလည်း ကိုယ်နဲ့အတူတူ ရိုက်နေရင် လာမေးတုန်းပဲ ။ ဒါပေမယ့် သူ့ကိုကိုယ်သင်ပေးလိုက်တဲ့ တစ်ခုမှာ ပြန်ပြီးတော့ စိတ်တစ်ခုကို နှုတ်လိုက်တဲ့ဟာ သင်ပေးဖို့ မသင်လိုက်တဲ့ အခါကျတော့ သူပြန်မနှုတ်တတ်တော့ သူ မောဟိုက်တာပေါ့နော် ။

အဲ့ဒီခါကျတော့ သမီးရေ အဲ့တာကို ပြန်နှုတ်ရမယ်လေ ။ မနှုတ်ရင်သမီး မောနေမှာလို့ပြောတော့ အဲ့တာကြောင့် သမီး ရင်တုန် ပန်းတုန်တွေ ဖြစ်တာကိုး အဲ့ဒီတော့မှ အဖြေသိရတာပေါ့နော် ။ အဲ့ဒီတော့ သူ့ကို ဆွဲနှုတ်တဲ့ အတတ်ပညာကို ပြန်သင်ပေးရတယ် ”ဆိုပြီး ပြောပြသွားခဲ့ပါတယ် ။

Source : nanmalgyi