
0
142

For Zawgyi







Source : Momolay

For Unicode

လူရွှင်တော်ကြီး ဦးတိုင်းကျော်ကို သူ့ရဲ့ဇာတ်ထဲခေါ်ပြီး အလုပ်ခန့်အပ်လိုက်ပြီဖြစ်တဲ့ ဝင်းနောင် ရုပ်သံ

ပြီးခဲ့တဲ့ ရက်ပိုင်းက တက်လာတဲ့ လူရွှင်တော်ကြီး ဦးတိုင်းကျော် တစ်ယောက် တောင်းရမ်းစားသောက်နေရတယ်ဆိုတဲ့ သတင်းကြောင့် ပရိသတ်တွေ တော်တော်လေး စိတ်မကောင်းဖြစ်နေရတာ ဖြစ်ပါတယ် ။ ထိုကဲ့သို့သော သတင်းတွေ ပေါ်ထွက်လာပြီးတဲ့ နောက်မှာ ပရိသတ်တွေနဲ့ အတူတူ သဘင် ပညာသည်တွေကပါ စိတ်မကောင်း ဖြစ်ခဲ့ရတာပဲ ဖြစ်ပါတယ် ။ ဒီကနေ့မှတော့ ဘသင် အစည်းအရုံးမှ တာဝန်ရှိသူတွေက လူရွှင်တော်ကြီး ဦးတိုင်းကျော်ကို လိုအပ်တာတွေ ကူညီ ထောက်ပံ့ပေးဖို့အတွက် သူ့ရဲ့နေအိမ်ကို သွားရောက်ခဲ့ကြပါတယ် ။

ပထမအကြိမ် သွားရောက်စဉ်က ဦးတိုင်းကျော်က အိမ်မှာ မရှိပဲ သူ့ရဲ့ ဇနီးဖြစ်သူနဲ့သာ တွေ့ဆုံခဲ့ပေမယ့် ဘဘင် အစည်းအရုံးမှ တာဝန်ရှိသူတွေက ဆက်လက် စောင့်ဆိုင်းခဲ့ရာ ဦးတိုင်းကျော်နဲ့ ညနေ ၅ နာရီကျော်ခန့်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ် ။

သဘင်အစည်းအရုံးမှ တာဝန်ရှိ ပုဂ္ဂိုလ်များက ဦးတိုင်းကျော်ရဲ့ လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း မေးမြန်းခဲ့ပြီး နောက်ဆုံးမှာတော့ ဦးတိုင်းကျော်ကို ဇာတ်မင်းသား ဝင်းနောင်က သူ့ရဲ့ ယဉ်ကျေးမှုသဘင်မှာ ပါဝင်သွားဖို့ အလုပ် ခန့်ခဲ့ပါတယ် ။

ဦးတိုင်းကျော်နဲ့ မြန်မာနိုင်ငံသဘင်အစည်းအရုံးမှ တာဝန်ရှိသူများရဲ့ တွေ့ဆုံမှု ရုပ်သံ

ကြားရတဲ့ သတင်းကတော့ တကယ်ကို ဝမ်းသာစရာပဲနော် ။ စိတ်ထားကောင်းပြီး ရိုသေထိုက်သူကို ရိုသေတဲ့ ဇာတ်မင်းသား ဝင်းနောင်လဲ ဒီထက်မက အောင်မြင်မှုတွေ ဆွတ်ခူး ရရှိနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူး တင်ရှိပါတယ် ။

Source : Momolay