ခ်စ္စရာေကာင္းတဲ့ ယြန္းတို႔ညီအစ္မႏွစ္ေယာက္ရဲ႕ ငယ္ဘဝပုံေလးေတြကို ထုတ္ေဖာ္ျပလိုက္တဲ့ ေမသူ

0
161

For Zawgyi

ခ်စ္စရာေကာင္းတဲ့ ယြန္းတို႔ညီအစ္မႏွစ္ေယာက္ရဲ႕ ငယ္ဘဝပုံေလးေတြကို ထုတ္ေဖာ္ျပလိုက္တဲ့ ေမသူ

နာမည္ေက်ာ္ မင္းသားႀကီး ဦးလြင္မိုးရဲ႕ သမီးေလးေတြျဖစ္ၾကတဲ့ ယြန္းဝတီလြင္မိုးနဲ႔ ယြန္းနဒီလြင္မိုးတို႔ ညီအစ္မ ႏွစ္ေယာက္ကေတာ့ ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ေလးေတြပဲ ျဖစ္ၾကပါတယ္ ။ ေၾကာ္ျငာ မင္းသမီးေလးေတြအျဖစ္ ဖခင္ရဲ႕ အႏုပညာ အေမြကို ဆက္ခံခဲ့တဲ့ သူမတို႔ ညီအစ္မ ႏွစ္ေယာက္ကေတာ့ အခုခ်ိန္ထိ ေၾကာ္ျငာေလးေတြ အတူ ႐ိုက္ကူးေနဆဲ ျဖစ္ပါတယ္ ။ သမီးႀကီး ယြန္းဝတီလြင္မိုးက အိမ္ေထာင္က်သြားၿပီး သားေလးတစ္ေယာက္ေတာင္ ပိုင္ဆိုင္ေနရၿပီ ျဖစ္ပါတယ္ ။

လက္ရွိမွာေတာ့ ယြန္းဝတီက သားေလးကို မိဘေတြနဲ႔ ထားခဲ့ရၿပီး ၾသစေတးလ်မွာ ေက်ာင္း ျပန္တက္ေနရတာ ျဖစ္ပါတယ္ ။ စည္းစည္းလုံးလုံးနဲ႔ အရမ္းကို ခ်စ္ဖို႔ေကာင္းတဲ့ သူတို႔မိသားစုေလးကိုေတာ့ ပရိသတ္ေတြနဲ႔ အႏုပညာရွင္ေတြ အားလုံးက ဝိုင္းခ်စ္ေနရတာ ျဖစ္ပါတယ္ ။ အခုလည္း ေမေမ ေမသူက သမီးေလး ႏွစ္ေယာက္ရဲ႕ ခ်စ္စရာ ငယ္ဘဝပုံရိပ္ေလးေတြကို အမွတ္တရ တင္ထားတာ ေတြ႕ရပါတယ္ ။

တစ္ခ်ိန္က မဂၤလာပြဲတစ္ခုမွာ ပန္းႀကဲေလးေတြအျဖစ္ ပါဝင္ခဲ့ၾကတဲ့ ယြန္းတို႔ ညီအစ္မႏွစ္ေယာက္ရဲ႕ ပုံေလးေတြကို တင္ေပးထားတာပဲ ျဖစ္ပါတယ္ ။ ကေလးေလး အ႐ြယ္ကတည္းက အရမ္းခ်စ္ဖို႔ေကာင္းတဲ့ သူမတို႔ညီအစ္မက အခုခ်ိန္အထိ ငယ္႐ုပ္ေလးေတြ မေပ်ာက္ဘဲ လွေနၾကတာ ေတြ႕ရပါတယ္ ။ ကဲ ခ်စ္ပရိသတ္ေတြအတြက္ ယြန္းဝတီလြင္မိုးနဲ႔ ယြန္းနဒီလြင္မိုးတို႔ရဲ႕ ခ်စ္စရာေကာင္းတဲ့ ငယ္ဘဝ ပုံရိပ္ေလးေတြကို တင္ဆက္ ေပးလိုက္ပါတယ္ေနာ္ ။

Source: May Thu & Yun Waddy Lwin Moe;

For Unicode

ချစ်စရာကောင်းတဲ့ ယွန်းတို့ညီအစ်မနှစ်ယောက်ရဲ့ ငယ်ဘဝပုံလေးတွေကို ထုတ်ဖော်ပြလိုက်တဲ့ မေသူ

နာမည်ကျော် မင်းသားကြီး ဦးလွင်မိုးရဲ့ သမီးလေးတွေဖြစ်ကြတဲ့ ယွန်းဝတီလွင်မိုးနဲ့ ယွန်းနဒီလွင်မိုးတို့ ညီအစ်မ နှစ်ယောက်ကတော့ ပရိသတ်တွေရဲ့ အချစ်တော်လေးတွေပဲ ဖြစ်ကြပါတယ် ။ ကြော်ငြာ မင်းသမီးလေးတွေအဖြစ် ဖခင်ရဲ့ အနုပညာ အမွေကို ဆက်ခံခဲ့တဲ့ သူမတို့ ညီအစ်မ နှစ်ယောက်ကတော့ အခုချိန်ထိ ကြော်ငြာလေးတွေ အတူ ရိုက်ကူးနေဆဲ ဖြစ်ပါတယ် ။ သမီးကြီး ယွန်းဝတီလွင်မိုးက အိမ်ထောင်ကျသွားပြီး သားလေးတစ်ယောက်တောင် ပိုင်ဆိုင်နေရပြီ ဖြစ်ပါတယ် ။

လက်ရှိမှာတော့ ယွန်းဝတီက သားလေးကို မိဘတွေနဲ့ ထားခဲ့ရပြီး သြစတေးလျမှာ ကျောင်း ပြန်တက်နေရတာ ဖြစ်ပါတယ် ။ စည်းစည်းလုံးလုံးနဲ့ အရမ်းကို ချစ်ဖို့ကောင်းတဲ့ သူတို့မိသားစုလေးကိုတော့ ပရိသတ်တွေနဲ့ အနုပညာရှင်တွေ အားလုံးက ဝိုင်းချစ်နေရတာ ဖြစ်ပါတယ် ။ အခုလည်း မေမေ မေသူက သမီးလေး နှစ်ယောက်ရဲ့ ချစ်စရာ ငယ်ဘဝပုံရိပ်လေးတွေကို အမှတ်တရ တင်ထားတာ တွေ့ရပါတယ် ။

တစ်ချိန်က မင်္ဂလာပွဲတစ်ခုမှာ ပန်းကြဲလေးတွေအဖြစ် ပါဝင်ခဲ့ကြတဲ့ ယွန်းတို့ ညီအစ်မနှစ်ယောက်ရဲ့ ပုံလေးတွေကို တင်ပေးထားတာပဲ ဖြစ်ပါတယ် ။ ကလေးလေး အရွယ်ကတည်းက အရမ်းချစ်ဖို့ကောင်းတဲ့ သူမတို့ညီအစ်မက အခုချိန်အထိ ငယ်ရုပ်လေးတွေ မပျောက်ဘဲ လှနေကြတာ တွေ့ရပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် ယွန်းဝတီလွင်မိုးနဲ့ ယွန်းနဒီလွင်မိုးတို့ရဲ့ ချစ်စရာကောင်းတဲ့ ငယ်ဘဝ ပုံရိပ်လေးတွေကို တင်ဆက် ပေးလိုက်ပါတယ်နော် ။

Source: May Thu & Yun Waddy Lwin Moe;