ရန္ကုန္မွာ စည္းကမ္းေဖာက္ဖ်က္သူ အမ်ားစုဟာ နယ္ကလာတဲ့သူေတြလို႔ ေျပာဆိုလိုက္တဲ့ သားစိုး

0
506

For Zawgyi

ရန္ကုန္မွာ စည္းကမ္းေဖာက္ဖ်က္သူ အမ်ားစုဟာ နယ္ကလာတဲ့သူေတြ ျဖစ္တယ္လို႔ ေျပာဆိုလိုက္တဲ့ သားစိုး

တခ်ိန္တုန္းက သူ႔ရဲ႕ Remix သီခ်င္းေတြနဲ႔ သၾကၤန္ေတြကို လႊမ္းမိုးႏိုင္ခဲ့သူ သားစိုးကေတာ့ လက္ရွိမွာ စီးပြားေရး လုပ္ငန္းေတြကို လုပ္ကိုင္ေနတာ ေတြ႔ျမင္ရပါတယ္ ။ ေရာသမႏွပ္ဆိုတဲ့ လက္ဖက္ကိုလည္း ဦးေဆာင္ ထုတ္လုပ္ေနတာ ေတြ႔ရပါတယ္ ။ အဆိုေတာ္သားစိုးကေတာ့ အႏုပညာ အလုပ္ေတြအျပင္ စီးပြာေးရးမွာလည္း ဦးေဆာင္ လုပ္ကုိင္ေနတာ ျဖစ္ပါတယ္ ။

အဆိုေတာ္သားစုိးက ရန္ကုန္ျမိဳ႕မွာ ေမြးဖြားလာသူ တစ္ဦးျဖစ္ျပီး ငယ္စဥ္တည္းက ရန္ကုန္မွာပဲ ေနထိုင္ခဲ့တာ ျဖစ္ပါတယ္ ။ ျမန္မာႏိုင္ငံရဲ႕ ျမိဳ႕ၾကီးတစ္ျမိဳ႕ ျဖစ္ေနတဲ့ ရန္ကုန္ဟာ တေန႔ထက္တေန႔ ေမာ္ေတာ္ယာဥ္ေတြ မ်ားျပားလာျပီး ယာဥ္စည္းကမ္း ၊ လမ္းစည္းကမ္း ေဖာက္ဖ်က္သူေတြလည္း ေန႔စဥ္နဲ႔အမ်ွ ျမင္ေတြ႔ၾကရမွာပဲ ျဖစ္ပါတယ္ ။ သားစိုးကေတာ့ ဒီလိုမ်ိဳး စည္းကမ္းမဲ့မွုေတြဟာ အစိုးရအျပင္ ျပည္သူလူထုေတြနဲ႔လည္း သက္ဆိုင္ေၾကာင္း ေျပာပါတယ္ ။ ဒါ့အျပင္ ရန္ကုန္ျမိဳ႕မွာ နယ္အစံုကေန လာေရာက္ အလုပ္လုပ္ကိုင္သူေတြမ်ားျပားလာျပီး စည္းကမ္းဖ်က္သူမ်ားဟာလည္း နယ္ကလူေတြ မ်ားတဲ့အေၾကာင္းဆိုပါတယ္ ။

“အဓိက က်ေတာ္ျမင္တာကေတာ့ အစိုးရအျပင္ လူေတြနဲ႔လည္း ဆိုင္ပါတယ္ ရန္ကုန္ျမိဳ႕မွာ ေနတဲ့လူေတြေပါ့ေနာ္ ။ က်ေတာ္ဆို ရန္ကုန္မွာပဲ ေမြးပါတယ္ ရန္ကုန္မွာပဲ ၾကီးပါတယ္ ။ ဒါေပမယ့္ က်ေတာ္တို႔ စည္းကမ္းအရမ္း ခ်ိဳးေဖာက္တာေတြ က်ေတာ္နဲ႔ အတူတူ အသက္ၾကီးခဲ့တဲ့ လူေတြေပါ့ေနာ္ အက္ဆစ္ သီအိုရီ စသည္ျဖင့္ ေပါ့ေနာ္ ဟစ္ေဟာ့ေတြလည္း ဆိုခဲ့တယ္ ။ ရန္ကုန္မွာ တသက္လံုးေနလာခဲ့ၾကတဲ့ လူငယ္ေတြကေန ခု လူလတ္ေတြျဖစ္လာၾကတယ္ ။

က်ေတာ္တို႔ ေတြ အဲ့ေလာက္ၾကီး စည္းကမ္းမေဖာက္ပါဘူး ။ အဓိကအားျဖင့္ က်ေတာ္တို႔ ရန္ကုန္ေရာက္လာတဲ့ အခါမွာ အခုဆို နယ္အစံုက ေရာက္လာတဲ့သူေတြ ရွိတာေပါ့ေနာ္ သူတို႔ေတြကေန စည္းကမ္းေတြေဖာက္တာ မ်ားတယ္ ။ က်ေတာ္တို႔ကလည္း မေျပာႏိုင္ဘူး ေျပာရမွာ အစိုးရေတြ အလုပ္ေလ ။ အစိုးရကလည္း မေျပာႏိုင္ဘူး ျပည္သူကလည္း မလိုက္နာႏိုင္ဘူး ။ အဲေတာ့ ဂ်ာေအးသူ႔အေမရိုက္ျပီး လည္ေနၾကေရာ”

ဒါ့အျပင္ ျမန္မာႏိုင္ငံမွာ အဆိုးဝါးဆံုးေသာ စည္းမရွိမွုတစ္ခုျဖစ္တဲ့ ကြမ္းတံေတြးကို ေတြ႔ရာေနရာမွာ ေထြးျခင္းနဲ႔ ပတ္သက္ျပီးေတာ့လည္း သားစုိးက ခုလိုပဲ သူ႔ရဲ႕အျမင္ကိုေျပာျပလာပါေသးတယ္ “အဓိကအားျဖင့္ လူေတြကေလ ဒီအခ်ိန္မွာ အမ်ားျပည္သူ လူထုကတင္ေျမာက္တဲ့ အစိုးရက တက္လာတဲ့အခါမွာ ဒီျပည္သူ႔ အစိုးရရဲ႕ စည္းကမ္းေတြကို လိုက္နာသင့္ပါတယ္လို႔ ။ ဒါမွလည္း စည္းကမ္းရွိျပီး တိုးတက္တဲ့ ျမိဳ႕ေတာ္ျဖစ္မယ္လို႔ က်ေတာ္ ယံုၾကည္ပါတယ္ အမ်ားျပည္သူကလည္း လိုက္နာသင့္ပါတယ္ ။ က်ေတာ္ အဂၤလန္မွာ 2001 ကေနျပီးေတာ့ 2005 ထိ ေက်ာင္းတက္ခဲ့ပါတယ္ ။ အဲ့မွာ အမွိုက္ပစ္တာ ၊ တံေတြးေထြးတာနဲ႔ ပတ္သက္ျပီးေတာ့ ေတာ္ေတာ္ေလးကို ဆင္ျခင္ၾကတာ ေတြ႔ရပါတယ္ ။

အဓိကအားျဖင့္ က်ေတာ္တို႔ ရန္ကုန္မွာ ေတြ႔ရတာ ကြမ္းတံေတြးေထြးတာပါ ကြမ္းတံေတြးေထြးျခင္းေၾကာင့္ မိမိ ပါးစပ္က ထြက္တာျဖစ္တဲ့ အတြက္ေၾကာင့္မို႔ တီဗီေရာဂါေတြ ၊ အျခား ကိုယ့္မွာ ေရာဂါေတြ ရွိတယ္ဆုိရင္ ကြမ္းတံေတြး ေထြးျခင္းအားျဖင့္ ပလက္ေဖာင္းေပၚမွာ ေလနဲ႔အတူ ေရာဂါပိုးေတြပ်ံ႕ႏွံ႕သြားျပီး ကူးတယ္ဆိုတာ အဲ့တည္းက က်ေတာ္သိရပါတယ္ ။ အဲ့တည္းက က်ေတာ့္မိတ္ေဆြ ၊ သူငယ္ခ်င္းေတြကို တတ္ႏိုင္သေလာျက္ေျပာျပပါတယ္ ။ ဘယ္သူမွ နားမေထာင္ပါဘူး ။ ခႏၶာကိုယ္ရဲ႕ အႏၱရာယ္ရွိတဲ့ ျပသနာေတြကို လမ္းမေပၚမွာေထြးတဲ့ အတြက္ေၾကာင့္ အရမ္းအႏၱရာယ္မ်ားတာကို ေတြ႔ရပါတယ္ ။

ဒါေတြက 2004 ေလာက္တည္းက ဆင္ျခင္ေစခ်င္တာ ဒါေပမယ့္ မရပါဘူး ။ ခုက်ေတာ့ တျဖည္းျဖည္းခ်င္းနဲ႔ ေျပာင္းလဲလာတာျမင္ရေတာ့ ဝမ္းသာပါတယ္ ။ ဒါေပမယ့္ ကြမ္းတံေတြးျပသနာကေတာ့ မျပီးေသးဘူးေပါ့ေနာ္ ။ ကြမ္းတံေတြးက စားတဲ့သူေတြကလည္း ဆင္ျခင္သင့္ပါတယ္ ။ ဘာလို႔ဆို ကိုယ့္မွာရွိတဲ့ ေရာဂါကို သူမ်ားကို ျဖန္႔သလိုျဖစ္ေနတာ ။” လို႔ ကြမ္းတံေတြးေထြးတာနဲ႔ ပတ္သက္ျပီး အမ်ားျပည္သူေတြကို မထိခိုက္ဖို႔ အကုန္သိ သတင္းဌာနရဲ႕ေမးျမန္းခ်က္မွာ ေျဖဆိုထားပါတယ္ ။

ကဲ ပရိသတ္ၾကီးကေရာ သားစိုးရဲ႕ ယခုအျမင္ေတြအေပၚမွာ မွတ္ခ်က္ေပးစရာေလးေတြ ရွိရင္လည္း ေျပာျပခဲ့ပါဦးေနာ္ ။

Photos-Thar Soe;We Love Cele

For Unicode

ရန်ကုန်မှာ စည်းကမ်းဖောက်ဖျက်သူအများစုဟာ နယ်ကလာတဲ့သူတွေဖြစ်တယ်လို့ ပြောဆိုလိုက်တဲ့ သားစိုး

တချိန်တုန်းက သူ့ရဲ့ Remix သီချင်းတွေနဲ့ သြင်္ကန်တွေကို လွှမ်းမိုးနိုင်ခဲ့သူ သားစိုးကတော့ လက်ရှိမှာ စီးပွားရေး လုပ်ငန်းတွေကို လုပ်ကိုင်နေတာ တွေ့မြင်ရပါတယ် ။ ရောသမနှပ်ဆိုတဲ့ လက်ဖက်ကိုလည်း ဦးဆောင် ထုတ်လုပ်နေတာ တွေ့ရပါတယ် ။ အဆိုတော်သားစိုးကတော့ အနုပညာ အလုပ်တွေအပြင် စီးပွာေးရးမှာလည်း ဦးဆောင် လုပ်ကိုင်နေတာ ဖြစ်ပါတယ် ။

အဆိုတော်သားစိုးက ရန်ကုန်မြို့မှာ မွေးဖွားလာသူ တစ်ဦးဖြစ်ပြီး ငယ်စဉ်တည်းက ရန်ကုန်မှာပဲ နေထိုင်ခဲ့တာ ဖြစ်ပါတယ် ။ မြန်မာနိုင်ငံရဲ့ မြို့ကြီးတစ်မြို့ ဖြစ်နေတဲ့ ရန်ကုန်ဟာ တနေ့ထက်တနေ့ မော်တော်ယာဉ်တွေ များပြားလာပြီး ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်း ဖောက်ဖျက်သူတွေလည်း နေ့စဉ်နဲ့အမျှ မြင်တွေ့ကြရမှာပဲ ဖြစ်ပါတယ် ။ သားစိုးကတော့ ဒီလိုမျိုး စည်းကမ်းမဲ့မှုတွေဟာ အစိုးရအပြင် ပြည်သူလူထုတွေနဲ့လည်း သက်ဆိုင်ကြောင်း ပြောပါတယ် ။ ဒါ့အပြင် ရန်ကုန်မြို့မှာ နယ်အစုံကနေ လာရောက် အလုပ်လုပ်ကိုင်သူတွေများပြားလာပြီး စည်းကမ်းဖျက်သူများဟာလည်း နယ်ကလူတွေ များတဲ့အကြောင်းဆိုပါတယ် ။

“အဓိက ကျတော်မြင်တာကတော့ အစိုးရအပြင် လူတွေနဲ့လည်း ဆိုင်ပါတယ် ရန်ကုန်မြို့မှာ နေတဲ့လူတွေပေါ့နော် ။ ကျတော်ဆို ရန်ကုန်မှာပဲ မွေးပါတယ် ရန်ကုန်မှာပဲ ကြီးပါတယ် ။ ဒါပေမယ့် ကျတော်တို့ စည်းကမ်းအရမ်း ချိုးဖောက်တာတွေ ကျတော်နဲ့ အတူတူ အသက်ကြီးခဲ့တဲ့ လူတွေပေါ့နော် အက်ဆစ် သီအိုရီ စသည်ဖြင့် ပေါ့နော် ဟစ်ဟော့တွေလည်း ဆိုခဲ့တယ် ။ ရန်ကုန်မှာ တသက်လုံးနေလာခဲ့ကြတဲ့ လူငယ်တွေကနေ ခု လူလတ်တွေဖြစ်လာကြတယ် ။

ကျတော်တို့ တွေ အဲ့လောက်ကြီး စည်းကမ်းမဖောက်ပါဘူး ။ အဓိကအားဖြင့် ကျတော်တို့ ရန်ကုန်ရောက်လာတဲ့ အခါမှာ အခုဆို နယ်အစုံက ရောက်လာတဲ့သူတွေ ရှိတာပေါ့နော် သူတို့တွေကနေ စည်းကမ်းတွေဖောက်တာ များတယ် ။ ကျတော်တို့ကလည်း မပြောနိုင်ဘူး ပြောရမှာ အစိုးရတွေ အလုပ်လေ ။ အစိုးရကလည်း မပြောနိုင်ဘူး ပြည်သူကလည်း မလိုက်နာနိုင်ဘူး ။ အဲတော့ ဂျာအေးသူ့အမေရိုက်ပြီး လည်နေကြရော”

ဒါ့အပြင် မြန်မာနိုင်ငံမှာ အဆိုးဝါးဆုံးသော စည်းမရှိမှုတစ်ခုဖြစ်တဲ့ ကွမ်းတံတွေးကို တွေ့ရာနေရာမှာ ထွေးခြင်းနဲ့ ပတ်သက်ပြီးတော့လည်း သားစိုးက ခုလိုပဲ သူ့ရဲ့အမြင်ကိုပြောပြလာပါသေးတယ် “အဓိကအားဖြင့် လူတွေကလေ ဒီအချိန်မှာ အများပြည်သူ လူထုကတင်မြောက်တဲ့ အစိုးရက တက်လာတဲ့အခါမှာ ဒီပြည်သူ့ အစိုးရရဲ့ စည်းကမ်းတွေကို လိုက်နာသင့်ပါတယ်လို့ ။ ဒါမှလည်း စည်းကမ်းရှိပြီး တိုးတက်တဲ့ မြို့တော်ဖြစ်မယ်လို့ ကျတော် ယုံကြည်ပါတယ် အများပြည်သူကလည်း လိုက်နာသင့်ပါတယ် ။ ကျတော် အင်္ဂလန်မှာ 2001 ကနေပြီးတော့ 2005 ထိ ကျောင်းတက်ခဲ့ပါတယ် ။ အဲ့မှာ အမှိုက်ပစ်တာ ၊ တံတွေးထွေးတာနဲ့ ပတ်သက်ပြီးတော့ တော်တော်လေးကို ဆင်ခြင်ကြတာ တွေ့ရပါတယ် ။

အဓိကအားဖြင့် ကျတော်တို့ ရန်ကုန်မှာ တွေ့ရတာ ကွမ်းတံတွေးထွေးတာပါ ကွမ်းတံတွေးထွေးခြင်းကြောင့် မိမိ ပါးစပ်က ထွက်တာဖြစ်တဲ့ အတွက်ကြောင့်မို့ တီဗီရောဂါတွေ ၊ အခြား ကိုယ့်မှာ ရောဂါတွေ ရှိတယ်ဆိုရင် ကွမ်းတံတွေး ထွေးခြင်းအားဖြင့် ပလက်ဖောင်းပေါ်မှာ လေနဲ့အတူ ရောဂါပိုးတွေပျံ့နှံ့သွားပြီး ကူးတယ်ဆိုတာ အဲ့တည်းက ကျတော်သိရပါတယ် ။ အဲ့တည်းက ကျတော့်မိတ်ဆွေ ၊ သူငယ်ချင်းတွေကို တတ်နိုင်သလောြက်ပြောပြပါတယ် ။ ဘယ်သူမှ နားမထောင်ပါဘူး ။ ခန္ဓာကိုယ်ရဲ့ အန္တရာယ်ရှိတဲ့ ပြသနာတွေကို လမ်းမပေါ်မှာထွေးတဲ့ အတွက်ကြောင့် အရမ်းအန္တရာယ်များတာကို တွေ့ရပါတယ် ။

ဒါတွေက 2004 လောက်တည်းက ဆင်ခြင်စေချင်တာ ဒါပေမယ့် မရပါဘူး ။ ခုကျတော့ တဖြည်းဖြည်းချင်းနဲ့ ပြောင်းလဲလာတာမြင်ရတော့ ဝမ်းသာပါတယ် ။ ဒါပေမယ့် ကွမ်းတံတွေးပြသနာကတော့ မပြီးသေးဘူးပေါ့နော် ။ ကွမ်းတံတွေးက စားတဲ့သူတွေကလည်း ဆင်ခြင်သင့်ပါတယ် ။ ဘာလို့ဆို ကိုယ့်မှာရှိတဲ့ ရောဂါကို သူများကို ဖြန့်သလိုဖြစ်နေတာ ။” လို့ ကွမ်းတံတွေးထွေးတာနဲ့ ပတ်သက်ပြီး အများပြည်သူတွေကို မထိခိုက်ဖို့ အကုန်သိ သတင်းဌာနရဲ့မေးမြန်းချက်မှာ ဖြေဆိုထားပါတယ် ။

ကဲ ပရိသတ်ကြီးကရော သားစိုးရဲ့ ယခုအမြင်တွေအပေါ်မှာ မှတ်ချက်ပေးစရာလေးတွေ ရှိရင်လည်း ပြောပြခဲ့ပါဦးနော် ။

Photos-Thar Soe;We Love Cele