
0
135

For Zawgyi





Video ကြည့်ရန်

Source: Myanmarload TV

For Unicode

အတွင်းခံတောင် အထဲမှာ မဝတ်ထားကြတော့တဲ့ ယနေ့ခေတ် ဝတ်စားဆင်ယင်ပုံကို ပြောလာတဲ့ ခင်မို့မို့အေး ရုပ်သံ

နာမည်ကျော် ဝါရင့် သရုပ်ဆောင် တစ်ဦးဖြစ်တဲ့ မင်းသမီးချောကြီး ခင်မို့မို့အေးကတော့ တစ်ခေတ် တစ်ချိန်ကတည်းက အနုပညာလောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့သူ ဖြစ်ပါတယ် ။ သရုပ်ဆောင်ကောင်းပြီး မြန်မာဆန်ဆန် ဝတ်စား ဆင်ယင်တတ်တဲ့ အန်တီ ခင်မို့မို့အေးက လက်ရှိမှာ ” ချစ်ခြင်းအလင်္ကာ” ဆိုတဲ့ ရုပ်ရှင် ဇာတ်ကားကြီးကို မင်းသား ဟိန်းဝေယံ ၊ မင်းသမီး ရတနာမိုင်တို့နဲ့ အတူ ရိုက်ကူးနေတာ ဖြစ်ပါတယ် ။

အခုလည်း ခင်မို့မို့အေးက လက်ရှိမှာ ရိုက်ကူးနေတဲ့ ရုပ်ရှင် ဇာတ်ကားကြီးနဲ့ ပတ်သက်ပြီး ဇာတ်လမ်း အကျဉ်းချုပ်ကို ပြောပြခဲ့ပါတယ် ။ ဒါ့အပြင် အနုပညာရှင် တစ်ဦးဖြစ်တဲ့ ခင်မို့မို့အေးက ယနေ့ခေတ် ဝတ်စားဆင်ယင်ပုံတွေနဲ့ သူမမြင်တွေ့ရတဲ့ ခေတ်ပေါ် ဖက်ရှင်အလန်းစားတွေအကြောင်းကိုလည်း ပြောပြ ထားပါသေးတယ် ။ အတွင်းခံတောင် မြင်တွေ့နေရတဲ့ ဖက်ရှင်တွေနဲ့ ပတ်သတ်ပြီး သူမရဲ့အမြင်ကို ပြောပြထားတာ ဖြစ်ပါတယ် ။

ခင်မို့မို့အေးက “ အမျိုးသမီးတွေက အင်္ကျီဝတ်တဲ့အခါ အထဲက အတွင်းခံတစ်ထပ်ဝတ်ရတယ်လေ အခုကျ အထဲအတွင်းခံတောင် ဝတ်မထားကြတာတွေ မြင်နေရတယ် ခေတ်ရေစီးကြောင်းအရ မိန်းခလေးတွေ အဝတ်အစားဝတ်တဲ့ အခါ ကိုယ့်ကိုယ် ကာယကို အကုန်နီးပါး ဖော်ပြထားတာမျိုး မဖြစ်စေပဲ ထိန်းထိန်းသိမ်းသိမ်း ဝတ်စားစေချင်ပါတယ်” ဆိုပြီး သူမရဲ့အမြင်တွေကို ဖြေကြားထားတာ ဖြစ်ပါတယ် ။ ပရိသတ်တွေအတွက် မင်းသမီးကြီး ခင်မို့မို့အေးရဲ့ အင်တာဗျူး ဗီဒီယိုလေးကိုလည်း အောက်မှာ တင်ဆက် ပေးလိုက်ပါတယ်နော် ။

Video ကြည့်ရန်

Source: Myanmarload TV