
0
123

For Zawgyi








Video ကြည့်ရန်

Photo – စိုးပြည့်သဇင်

For Unicode

ပရိသတ်တွေအူတတ်အောင်ခွီးနေခဲ့ရတဲ့ ကျော်ကျော်နဲ့ စိုးပြည့်သဇင်တို့ရဲ့ Live အခွီဗီဒီယိုလေး

ပရိသတ်ကြီးတို့ရဲ့ အချစ်တော် သရုပ်ဆောင် အနုပညာရှင်တွေထဲမှာ အားပေးမှုတွေ အခိုင်အမာနဲ့ အောင်မြင်နေကြတဲ့ အနုပညာရှင် မောင်နှမနှစ်ယောက် ဖြစ်ကြတဲ့ သရုပ်ဆောင်ကျော်ကျော်နဲ့ စိုးပြည့်သဇင်တို့ နှစ်ယောက်ကတော့ ပရိသတ်တွေကို အမြဲ ပျော်ရွှင်ရယ်မောစေကြ သူလေးတွေပဲ ဖြစ်ပါတယ် ။

ပျော်ပျော်နေတတ်ကြတဲ့ လူငယ် အနုပညာရှင်တွေ ဖြစ်ကြတဲ့အတိုင်း ဆုံလိုက်တိုင်း တစ်ယောက်နဲ့တစ်ယောက် အမြဲ စနောက်နေကြတဲ့ သူတို့ အနုပညာ မောင်နှမနှစ်ယောက်ကတော့ အူတတ်နေအောင် ရယ်နေရမယ့် အခွီ ဗီဒီယိုဖိုင်လေးနဲ့ ပရိသတ်တွေကို စိတ်ပျော်ရွှင်အောင် လုပ်လိုက်ကြ ပြန်ပါတယ် ။

ပရိသတ်တွေရဲ့ အသည်းကျော်ဖြစ်တဲ့ စိုးပြည့်လေးနဲ့ ကျော်ကျော်တို့ နှစ်ယောက်ကတော့ လတ်တလောမှာ “လူးလူးစိန်”ဆိုတဲ့ ရုပ်ရှင် ဇာတ်ကားကြီးကို ရိုက်ကူးနေကြတာ ဖြစ်ပြီး ရူတင်မှာ ရိုက်ကူးရေး နားချိန် Live လွှင့်ရင်း အချင်းချင်း မျက်နှာပြောင်ရင်း စနောက်နေကြတာ တွေ့ရပါတယ် ။

တစ်ယောက်နဲ့တစ်ယောက် အချင်းချင်း အုပ်စုလိုက် စနောက်နေကြတဲ့ သူတို့တွေရဲ့ ဗီဒီယို ဖိုင်လေးထဲမှာတော့ ကျော်ကျော်တစ်ယောက် စိုးပြည့်လေးကို လိုက်နောက်ရင်း မိန်းမလျာ ပုံစံလေးနဲ့ နွဲ့နွဲ့ပြီး စကားပြောနေတဲ့ ပုံလေးတွေကလည်း ပရိသတ်တွေကို အူတတ်စေပါတယ် ။

အနုပညာလောကမှာ လူချစ်လူခင် ပေါများလွန်းတဲ့ စိုးပြည့် ၊ ကျော်ကျော်နဲ့ ဆုမြတ်နိုးဦးတို့အပြင် အခြား အနုပညာရှင်တွေလည်း ပါတာမို့ သူတို့ရဲ့ Live ဗီဒီယိုလေးကတော့ စိုစိုပြည်ပြည်လေးနဲ့ လူစုံတတ်စုံ ပျော်စရာကောင်းသလို ကြည့်မိသူ ပရိသတ်တွေတိုင်းကို ရယ်မော ပျော်ရွှင်စေမှာ အမှန်ပါပဲ ။

ချစ်ပရိသတ်တွေ အတွက်လည်း စိုးပြည့်နဲ့ ကျော်ကျော်တို့ရဲ့ ရယ်စရာ အခွီ live ဗီဒီယိုလေးကိုလည်း ပြန်လည် မျှဝေပေးလိုက်တာမို့ ရယ်မော ပျော်ရွှင်မှုလေးတွေနဲ့ စိတ်အပန်းဖြေနိုင်ကြပါစေနော် ။

Video ကြည့်ရန်

Photo – စိုးပြည့်သဇင်