အသက္ ၆၄ ႏွစ္အထိ ပရိသတ္ေတြနဲ႔ အတူတူ ေပ်ာ္ခ်င္ေသးတဲ့ စိုင္းစိုင္း

0
188

For Zawgyi

အသက္ ၆၄ ႏွစ္အထိ ပရိသတ္ေတြနဲ႔အတူတူ ေပ်ာ္ခ်င္ေသးတဲ့ စိုင္းစိုင္း

စိုင္းစိုင္းခမ္းလႈိင္ဟာ အသက္ ၁၈ ႏွစ္ ကတည္းက အႏုပညာ အလုပ္ေတြ လုပ္ခဲ့ရတဲ့ အေတြ႕အႀကဳံေတြကို ေျပာျပလာပါတယ္ ။ သူ႔ရဲ႕ အသက္ ၆၄ ႏွစ္ ေရာက္တဲ့အထိ ပရိသတ္ေတြနဲ႔ အတူတူ ေပ်ာ္ခ်င္ပါတယ္တဲ့ ။ စိုင္းစိုင္းခမ္းလႈိင္က အႏုပညာ ေလာကထဲကို အသက္ ၁၈ ႏွစ္ကတည္းက ဝင္ေရာက္ခဲ့တာျဖစ္ၿပီး အသက္ ၄၀ အ႐ြယ္ ေရာက္တဲ့ အခ်ိန္အထိ သူ႔ရဲ႕ ေအာင္ျမင္မႈေတြက ထိပ္ဆုံးမွာ ရပ္တည္ေနတာ ျဖစ္ပါတယ္ ။ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ အႏုပညာ လမ္းေၾကာင္းအေပၚ ေလွ်ာက္ခဲ့ရတဲ့အေတြ႕အႀကဳံေတြကိုလည္း မီဒီယာေတြကေနတဆင့္ ေျပာျပလာပါတယ္ ။

‘’ ကြၽန္ေတာ့္ဘဝ စေနတာေတာ့ ေတာ္ေတာ္ၾကာပါၿပီ ။ ကြၽန္ေတာ္ ၁၈ ႏွစ္ သားကတည္းက အႏုပညာ ေလာကမွာ ရပ္တည္မွာ ျဖစ္တယ္ ။ ကိုယ့္ေျခေထာက္ အေပၚကိုယ္ရပ္တည္ႏိုင္ေအာင္ ၊ ကိုယ့္မိသားစုအေပၚ တာဝန္ယူႏိုင္ေအာင္ ႀကိဳးစားခဲ့ရတာလည္း ျဖစ္ပါတယ္ ။ ၁၈ႏွစ္သား ကတည္းကေန ဒီေန႔အခ်ိန္ထိ စိတ္ခ်မ္းေျမ့ခဲ့ရတဲ့ ရက္ေတြလည္း ရွိတယ္ ။ ဒါေတြကို ငယ္ငယ္ေလးကတည္းက ျဖတ္သန္းခဲ့ရတာ ျဖစ္တဲ့အတြက္ ကြၽန္ေတာ့္ ဘဝက စတာ ေတာ္ေတာ္ၾကာေနၿပီ’’ လို႔ မတ္လ ၁၈ ရက္ေန႔က Birthday Show စာနယ္ဇင္းပြဲမွာ ေျပာျပထားတာပါ ။ လက္ရွိမွာလည္း သူ႔ရဲ႕ အသက္အ႐ြယ္အေပၚ သူ႔ရဲ႕ ကိုယ္ပိုင္ စိတ္ကူးေလးကိုလည္း စိုင္းစိုင္းက ေျပာျပထားပါေသးတယ္ ။

‘’ ကြၽန္ေတာ္အႏုပညာ အလုပ္ေတလုပ္ရင္း စိတ္ကူးထဲမွာ ဘယ္အ႐ြယ္တုန္းကေတာ့ ျဖင့္ငါေတာ့ ဆယ္ေက်ာ္သက္အ႐ြယ္ကို ေရာက္လာၿပီ ။ ဘယ္အ႐ြယ္မွာေတာ့ျဖင့္ အလုပ္ကိုဘယ္လို ႀကိဳးစားရေတာ့မယ္ ၊ အခု ဒီႏွစ္ပိုင္းေတြမွာ ကြၽန္ေတာ္ စဥ္းစားမိတာေတာ့ ငါေတာ့ Offical ဂ်ိမ္းစဘြန္း ရဲ႕ အသက္အ႐ြယ္ကို ေရာက္လာၿပီလို႔ ကြၽန္ေတာ္ ခံစားမိပါတယ္’’ လို႔ သူကဆိုပါတယ္ ။

စိုင္းစိုင္းခမ္းလႈိင္ဟာ အသက္ ၁၈ ႏွစ္တုန္းက ျပဳလုပ္ခဲ့တဲ့ Birthday Show ကေန အသက္ ၆၄ ႏွစ္ျပည့္ Birthday Show အထိ ပရိသတ္ေတြနဲ႔ အတူတူ ေပ်ာ္ခ်င္တဲ့အေၾကာင္း ေျပာျပလာပါတယ္ ။ Birthday Show ကိုလည္း ေနာက္ႏွစ္ေတြမွာ ဆက္လုပ္သြားဦးမွာပါတဲ့ ။

‘’အစီအစဥ္ကေတာ့ ႀကိဳၿပီးေတာ့ စဥ္းစားထားတာမ်ိဳး မရွိပါဘူး ။ ဘယ္ေလာက္ပဲ Plan ဆြဲပါေစ ။ ျဖစ္ခ်င္မွလည္း ျဖစ္လာတာ ဆိုေတာ့အလြန္ဆုံး ေျပာႏိုင္ရင္ ေနာက္ထပ္တစ္ႏွစ္ ၊ ႏွစ္ႏွစ္ေတာ့ လုပ္ႏိုင္မွာပါ ။ တစ္ႏွစ္ ၊ ႏွစ္ႏွစ္ေလာက္ေတာ့ လုပ္ပ္ႏိုင္ဦးမယ္လို႔လည္း ကြၽန္ေတာ္ ယုံၾကည္မႈ ရွိပါတယ္ ။ ျဖစ္ႏိုင္ရင္ေတာ့ ကြၽန္ေတာ့္ အသက္ ၆၄ႏွစ္ ျပည့္ေမြးေန႔အထိ ကြၽန္ေတာ့္ပရိသတ္ေတြနဲ႔ ဆင္ႏႊဲခ်င္ေသးတာပါ ’’ လို႔ ဆက္လက္ ေျပာျပထားပါတယ္ ။

စိုင္းစိုင္းခမ္းလႈိင္ရဲ႕ အသက္ ၄၀ ျပည့္ Birthday Show ပြဲႀကီးကိုေတာ့ ဧၿပီလ ၁၀ ရက္ေန႔ သုဝဏၰဘူမိ Event Park မွာ က်င္းပ ျပဳလုပ္သြားမွာ ျဖစ္ပါတယ္ ။ လက္မွတ္ေတြကိုေတာ့တကၠသိုလ္ စာေမးပြဲေတြ ၿပီးတဲ့အခ်ိန္ မတ္လ ၃၀ ရက္ေန႔မွာ စတင္ ေရာင္းခ်သြားမယ္လို႔ သိရပါတယ္ ။

CRD-Cele Yatkwat

For Unicode

အသက် ၆၄ နှစ်အထိ ပရိသတ်တွေနဲ့အတူတူ ပျော်ချင်သေးတဲ့ စိုင်းစိုင်း

စိုင်းစိုင်းခမ်းလှိုင်ဟာ အသက် ၁၈ နှစ် ကတည်းက အနုပညာ အလုပ်တွေ လုပ်ခဲ့ရတဲ့ အတွေ့အကြုံတွေကို ပြောပြလာပါတယ် ။ သူ့ရဲ့ အသက် ၆၄ နှစ် ရောက်တဲ့အထိ ပရိသတ်တွေနဲ့ အတူတူ ပျော်ချင်ပါတယ်တဲ့ ။ စိုင်းစိုင်းခမ်းလှိုင်က အနုပညာ လောကထဲကို အသက် ၁၈ နှစ်ကတည်းက ဝင်ရောက်ခဲ့တာဖြစ်ပြီး အသက် ၄၀ အရွယ် ရောက်တဲ့ အချိန်အထိ သူ့ရဲ့ အောင်မြင်မှုတွေက ထိပ်ဆုံးမှာ ရပ်တည်နေတာ ဖြစ်ပါတယ် ။ ငယ်ငယ်ရွယ်ရွယ်နဲ့ အနုပညာ လမ်းကြောင်းအပေါ် လျှောက်ခဲ့ရတဲ့အတွေ့အကြုံတွေကိုလည်း မီဒီယာတွေကနေတဆင့် ပြောပြလာပါတယ် ။

‘’ ကျွန်တော့်ဘဝ စနေတာတော့ တော်တော်ကြာပါပြီ ။ ကျွန်တော် ၁၈ နှစ် သားကတည်းက အနုပညာ လောကမှာ ရပ်တည်မှာ ဖြစ်တယ် ။ ကိုယ့်ခြေထောက် အပေါ်ကိုယ်ရပ်တည်နိုင်အောင် ၊ ကိုယ့်မိသားစုအပေါ် တာဝန်ယူနိုင်အောင် ကြိုးစားခဲ့ရတာလည်း ဖြစ်ပါတယ် ။

၁၈နှစ်သား ကတည်းကနေ ဒီနေ့အချိန်ထိ စိတ်ချမ်းမြေ့ခဲ့ရတဲ့ ရက်တွေလည်း ရှိတယ် ။ ဒါတွေကို ငယ်ငယ်လေးကတည်းက ဖြတ်သန်းခဲ့ရတာ ဖြစ်တဲ့အတွက် ကျွန်တော့် ဘဝက စတာ တော်တော်ကြာနေပြီ’’ လို့ မတ်လ ၁၈ ရက်နေ့က Birthday Show စာနယ်ဇင်းပွဲမှာ ပြောပြထားတာပါ ။ လက်ရှိမှာလည်း သူ့ရဲ့ အသက်အရွယ်အပေါ် သူ့ရဲ့ ကိုယ်ပိုင် စိတ်ကူးလေးကိုလည်း စိုင်းစိုင်းက ပြောပြထားပါသေးတယ် ။

‘’ ကျွန်တော်အနုပညာ အလုပ်တေလုပ်ရင်း စိတ်ကူးထဲမှာ ဘယ်အရွယ်တုန်းကတော့ ဖြင့်ငါတော့ ဆယ်ကျော်သက်အရွယ်ကို ရောက်လာပြီ ။ ဘယ်အရွယ်မှာတော့ဖြင့် အလုပ်ကိုဘယ်လို ကြိုးစားရတော့မယ် ၊ အခု ဒီနှစ်ပိုင်းတွေမှာ ကျွန်တော် စဉ်းစားမိတာတော့ ငါတော့ Offical ဂျိမ်းစဘွန်း ရဲ့ အသက်အရွယ်ကို ရောက်လာပြီလို့ ကျွန်တော် ခံစားမိပါတယ်’’ လို့ သူကဆိုပါတယ် ။

စိုင်းစိုင်းခမ်းလှိုင်ဟာ အသက် ၁၈ နှစ်တုန်းက ပြုလုပ်ခဲ့တဲ့ Birthday Show ကနေ အသက် ၆၄ နှစ်ပြည့် Birthday Show အထိ ပရိသတ်တွေနဲ့ အတူတူ ပျော်ချင်တဲ့အကြောင်း ပြောပြလာပါတယ် ။ Birthday Show ကိုလည်း နောက်နှစ်တွေမှာ ဆက်လုပ်သွားဦးမှာပါတဲ့ ။

‘’အစီအစဉ်ကတော့ ကြိုပြီးတော့ စဉ်းစားထားတာမျိုး မရှိပါဘူး ။ ဘယ်လောက်ပဲ Plan ဆွဲပါစေ ။ ဖြစ်ချင်မှလည်း ဖြစ်လာတာ ဆိုတော့အလွန်ဆုံး ပြောနိုင်ရင် နောက်ထပ်တစ်နှစ် ၊ နှစ်နှစ်တော့ လုပ်နိုင်မှာပါ ။ တစ်နှစ် ၊ နှစ်နှစ်လောက်တော့ လုပ်ပ်နိုင်ဦးမယ်လို့လည်း ကျွန်တော် ယုံကြည်မှု ရှိပါတယ် ။ ဖြစ်နိုင်ရင်တော့ ကျွန်တော့် အသက် ၆၄နှစ် ပြည့်မွေးနေ့အထိ ကျွန်တော့်ပရိသတ်တွေနဲ့ ဆင်နွှဲချင်သေးတာပါ ’’ လို့ ဆက်လက် ပြောပြထားပါတယ် ။

စိုင်းစိုင်းခမ်းလှိုင်ရဲ့ အသက် ၄၀ ပြည့် Birthday Show ပွဲကြီးကိုတော့ ဧပြီလ ၁၀ ရက်နေ့ သုဝဏ္ဏဘူမိ Event Park မှာ ကျင်းပ ပြုလုပ်သွားမှာ ဖြစ်ပါတယ် ။ လက်မှတ်တွေကိုတော့တက္ကသိုလ် စာမေးပွဲတွေ ပြီးတဲ့အချိန် မတ်လ ၃၀ ရက်နေ့မှာ စတင် ရောင်းချသွားမယ်လို့ သိရပါတယ် ။

CRD-Cele Yatkwat