ခ်စ္စရာေကာင္းတဲ့ သားေလးတစ္ေယာက္ကုိ ထပ္မံပုိင္ဆုိင္ခြင့္ရလုိက္လို႔ ေပ်ာ္လြန္းေနတဲ့ မင္းရာဇာ

0
93

For Zawgyi

ခ်စ္စရာေကာင္းတဲ့ သားေလးတစ္ေယာက္ကုိ ထပ္မံပုိင္ဆုိင္ခြင့္ရလုိက္လို႔ ေပ်ာ္လြန္းေနတဲ့ မင္းရာဇာ

မင္းရာဇာရဲ႕ဇနီးေခ်ာေလးက ဒီေန႔ မတ္လ ၁၉ ရက္ေန႔ မနက္က ဒုတိယေျမာက္ ရင္ေသြးေလးကို ေမြးဖြားခဲ့ပါတယ္ ။ သားေယာက်္ားေလးလည္း ျဖစ္တာေၾကာင့္ မင္းရာဇာကေတာ့ အရမ္းကို ေပ်ာ္ေနတာ ေတြ႕ရပါတယ္ ။ သ႐ုပ္ေဆာင္ မင္းရာဇာရဲ႕ ဇနီးျဖစ္သူ မဖူးငုံပြင့္ကေတာ့ မတ္လ ၁၉ ရက္ေန႔ မနက္ပိုင္းက ဒုတိယေျမာက္ ရင္ေသြးျဖစ္တဲ့ သားေလးကို ေအာင္ေအာင္ျမင္ျမင္ ေမြးဖြားႏိုင္ခဲ့ၿပီလို႔ မင္းရာဇာက Duwun Media ကိုေျပာျပလာပါတယ္ ။ မိခင္ေရာကေလးပါ က်န္းမာ ပါတယ္တဲ့ ။

‘’သားကိုေတာ့ ဒီေန႔မနက္ ၆ နာရီ ၁၃ မိနစ္မွာ ေမြးတယ္ ။ ေပါင္ကေတာ့ ၇ ေပါင္နဲ႔ ၆ ေအာင္စရွိတယ္ ။ WomenCenter မွာ ေမြးတာပါ ။ သားေရာ အေမေရာ ႏွစ္ေယာက္စလုံးက က်န္းက်န္းမာမာ ရွိၾကပါတယ္ ။ သားေလးက ထြက္လာကတည္းက အသားလည္းျဖဴတယ္ ။ အခုေတာ့ ခ်ိဳခ်ိဳစို႔ေနတယ္’’လို႔သေဘာက်ရယ္ေမာရင္းေျဖဆိုခဲ့တာျဖစ္ပါတယ္ ။ အဲဒီေနာက္ သားေလးကို ပိုင္ဆိုင္ခြင့္ ရလိုက္တဲ့ မင္းရာဇာက သူ႔ရင္ထဲက စကားသံကိုလည္း အခုလို ေျပာျပလာပါေသးတယ္ ။ သားေလးေၾကာင့္လည္း အရမ္းကို ေပ်ာ္႐ႊင္ေနပါတယ္တဲ့ ။

‘’ သားေလးကို ထြက္ထြက္လာခ်င္းေတြ႕လိုက္ရတဲ့ အခ်ိန္မွာ အရမ္းဝမ္းသာပါတယ္ ။သားေလးက အစ္ကို႔ထက္ အသားျဖဴတယ္ ။ သမီးထက္လည္း အသားျဖဴမယ္ ထင္တယ္ ။ အသားေဖြးတယ္ ။ သားတစ္ေယာက္ ၊ သမီးတစ္ေယာက္ဆိုေတာ့ ရင္ထဲမွာေတာ့ ေတာ္ေတာ္ေလး ၾကည္ႏူးမိတယ္ ။ အရမ္းလည္း ေပ်ာ္ေနပါတယ္’’ လို႔ ဆိုပါတယ္ ။ သမီးႀကီးျဖစ္သူ သစ္သစ္မင္းရာဇာကလည္း ေမာင္ငယ္ေလးကို အရမ္းခ်စ္တယ္လို႔ မင္းရာဇာကေျပာပါတယ္ ။ သားေလးအတြက္ နာမည္ကိုေတာ့ စဥ္းစားဦးမယ္လို႔ ဆိုပါတယ္ ။

‘’ သားေလးအတြက္ နာမည္ကိုေတာ့ အစ္ကို ေသခ်ာေလး စဥ္းစားဦးမယ္ ။ သမီးေလးကေတာ့ သူ႔ေမာင္ေလးကို ၾကည့္ေနတာပဲ ။ ေမာင္ေမာင္ေလးေရ ေမာင္ေမာင္ေလးေရနဲ႔ တစ္ခ်ိန္လုံး အနားကပ္ေနတာပဲ ။ ဂုဏ္ျပဳေပးၾကတဲ့ အႏုပညာ ညီအစ္ကို ေမာင္ႏွမေတြေရာ ၊ ေမြးဖြားရ အဆင္ေျပေအာင္ ဆုေတာင္းေပးၾကသူေတြ အားလုံးကို ေက်းဇူးတင္ပါတယ္’’ လို႔ဆက္လက္ ေျပာျပလာပါတယ္ ။

အက္ရွင္ ဇာတ္ကားေတြနဲ႔ ပရိသတ္အားေပးမႈ အမ်ားႀကီး ရရွိခဲ့တဲ့ မင္းရာဇာဟာ အႏုပညာသက္တမ္း ႏွစ္မ်ားစြ ာၾကာေနၿပီ ျဖစ္ပါတယ္ ။ သူ႔အေနနဲ႔ အခုခ်ိန္ထိလည္း ပရိသတ္အခိုင္အမာ ရရွိၿပီးသား အႏုပညာရွင္ တစ္ေယာက္လည္း ျဖစ္ပါတယ္ ။ မင္းရာဇာကိုေတာ့ ရန္ကုန္ပရိသတ္ ေတြထက္ နယ္ပရိသတ္က ပိုၿပီး ခ်စ္ခင္ အားေပးတာကိုလည္း ေတြ႕ရပါတယ္ ။

CRD-CeleYatkwat

For Unicode

ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ကို ထပ်မံပိုင်ဆိုင်ခွင့်ရလိုက်လို့ ပျော်လွန်းနေတဲ့ မင်းရာဇာ

မင်းရာဇာရဲ့ဇနီးချောလေးက ဒီနေ့ မတ်လ ၁၉ ရက်နေ့ မနက်က ဒုတိယမြောက် ရင်သွေးလေးကို မွေးဖွားခဲ့ပါတယ် ။ သားယောကျ်ားလေးလည်း ဖြစ်တာကြောင့် မင်းရာဇာကတော့ အရမ်းကို ပျော်နေတာ တွေ့ရပါတယ် ။ သရုပ်ဆောင် မင်းရာဇာရဲ့ ဇနီးဖြစ်သူ မဖူးငုံပွင့်ကတော့ မတ်လ ၁၉ ရက်နေ့ မနက်ပိုင်းက ဒုတိယမြောက် ရင်သွေးဖြစ်တဲ့ သားလေးကို အောင်အောင်မြင်မြင် မွေးဖွားနိုင်ခဲ့ပြီလို့ မင်းရာဇာက Duwun Media ကိုပြောပြလာပါတယ် ။ မိခင်ရောကလေးပါ ကျန်းမာ ပါတယ်တဲ့ ။

‘’သားကိုတော့ ဒီနေ့မနက် ၆ နာရီ ၁၃ မိနစ်မှာ မွေးတယ် ။ ပေါင်ကတော့ ၇ ပေါင်နဲ့ ၆ အောင်စရှိတယ် ။ WomenCenter မှာ မွေးတာပါ ။ သားရော အမေရော နှစ်ယောက်စလုံးက ကျန်းကျန်းမာမာ ရှိကြပါတယ် ။ သားလေးက ထွက်လာကတည်းက အသားလည်းဖြူတယ် ။ အခုတော့ ချိုချိုစို့နေတယ်’’လို့သဘောကျရယ်မောရင်းဖြေဆိုခဲ့တာဖြစ်ပါတယ် ။ အဲဒီနောက် သားလေးကို ပိုင်ဆိုင်ခွင့် ရလိုက်တဲ့ မင်းရာဇာက သူ့ရင်ထဲက စကားသံကိုလည်း အခုလို ပြောပြလာပါသေးတယ် ။ သားလေးကြောင့်လည်း အရမ်းကို ပျော်ရွှင်နေပါတယ်တဲ့ ။

‘’ သားလေးကို ထွက်ထွက်လာချင်းတွေ့လိုက်ရတဲ့ အချိန်မှာ အရမ်းဝမ်းသာပါတယ် ။သားလေးက အစ်ကို့ထက် အသားဖြူတယ် ။ သမီးထက်လည်း အသားဖြူမယ် ထင်တယ် ။ အသားဖွေးတယ် ။ သားတစ်ယောက် ၊ သမီးတစ်ယောက်ဆိုတော့ ရင်ထဲမှာတော့ တော်တော်လေး ကြည်နူးမိတယ် ။ အရမ်းလည်း ပျော်နေပါတယ်’’ လို့ ဆိုပါတယ် ။ သမီးကြီးဖြစ်သူ သစ်သစ်မင်းရာဇာကလည်း မောင်ငယ်လေးကို အရမ်းချစ်တယ်လို့ မင်းရာဇာကပြောပါတယ် ။ သားလေးအတွက် နာမည်ကိုတော့ စဉ်းစားဦးမယ်လို့ ဆိုပါတယ် ။

‘’ သားလေးအတွက် နာမည်ကိုတော့ အစ်ကို သေချာလေး စဉ်းစားဦးမယ် ။ သမီးလေးကတော့ သူ့မောင်လေးကို ကြည့်နေတာပဲ ။ မောင်မောင်လေးရေ မောင်မောင်လေးရေနဲ့ တစ်ချိန်လုံး အနားကပ်နေတာပဲ ။ ဂုဏ်ပြုပေးကြတဲ့ အနုပညာ ညီအစ်ကို မောင်နှမတွေရော ၊ မွေးဖွားရ အဆင်ပြေအောင် ဆုတောင်းပေးကြသူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်’’ လို့ဆက်လက် ပြောပြလာပါတယ် ။

အက်ရှင် ဇာတ်ကားတွေနဲ့ ပရိသတ်အားပေးမှု အများကြီး ရရှိခဲ့တဲ့ မင်းရာဇာဟာ အနုပညာသက်တမ်း နှစ်များစွ ာကြာနေပြီ ဖြစ်ပါတယ် ။ သူ့အနေနဲ့ အခုချိန်ထိလည်း ပရိသတ်အခိုင်အမာ ရရှိပြီးသား အနုပညာရှင် တစ်ယောက်လည်း ဖြစ်ပါတယ် ။ မင်းရာဇာကိုတော့ ရန်ကုန်ပရိသတ် တွေထက် နယ်ပရိသတ်က ပိုပြီး ချစ်ခင် အားပေးတာကိုလည်း တွေ့ရပါတယ် ။

CRD-CeleYatkwat