
0
121

Zawgyi








momolay

Unicode

အရမ်းကို Romantic ဆန်လွန်းတဲ့ Wedding dinner video လေးကို မျှဝေပေးလိုက်တဲ့ ပိုင်ဖြိုးသု

ဒါရိုက်တာ ဏကြီးနဲ့ သရုပ်ဆောင် ပိုင်ဖြိုးသုတို့ ချစ်သူ နှစ်ဦး ကတော့ အနုပညာကို ချစ်မြတ်နိုးကြတာခြင်း တူသူတွေမို့ ဝါသနာပါရာ အလုပ်တွေကို အကောင်းဆုံး ကြိုးစားပြီး ပျော်ရွှင်စရာ ကောင်းတဲ့ အိမ်ထောင်ရေးကို နှစ်ကိုယ်တူ ပုံဖော်နေ ကြတာပါ ။

လတ်တလောမှာတော့ ပိုင်ဖြိုးသုက သူတို့ဇနီးမောင်နှံနှစ်ဦးရဲ့ Romantic ဆန်လွန်းတဲ့ Wedding dinner video လေးကို ဝေမျှပေးလိုက်တာ တွေ့ရပါတယ်။ သတို့သမီးလေးကို စမြင်မြင်ချင်း ကြည်နူးပီတိဖြစ်သွားရတဲ့ သတို့သားရဲ့ ပုံလေးက အရမ်းကို ချစ်စရာကောင်းပြီး Ro ဆန်လွန်း လှပါတယ်နော်။

ပိုင်ဖြိုးသုကတော့ “ကိုယ်တွေရဲ့ wedding dinner video လေး ❤️❤️❤️ May and Co ရဲ့အကြံပေးမှုကြောင့် သတို့သမီး ကိုသတို့သားက သတို့သမီး ဝတ်စုံနဲ့ လုံးဝ ကြိုမမြင်ဖူးထားဘူး ❤️ သူကိုယ်လျှောက်လမ်းကနေ ထွက်လာမှာကို ဘယ်လို လေးစောင့်နေတယ် ၊ ကိုယ့်ကို မြင်သွားတော့ ဘယ်လို ရုပ်လေး ဖြစ်သွားတယ် ဆိုတာ ဒီvideo လေးကို ကြည့်ရမှပဲ သိတော့တယ် 😊😊😊 အကြံပေးခဲ့တဲ့ မမေဦး တို့ရဲ့ May and Co ကိုလည်း ကျေးဇူးတင် မိတယ် ❤️❤️❤️ ” ဆိုပြီး သူတို့ ဇနီးမောင်နှံ နှစ်ဦးရဲ့မင်္ဂလာပွဲမှ ဗီဒီယိုလေးကို ဝေမျှပေးထား တာပါ။

ဒါရိုက်တာ ဏကြီးနဲ့ သရုပ်ဆောင် ပိုင်ဖြိုးသုတို့ နှစ်ဦးကတော့ ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့က စေ့စပ်ခဲ့ကြတာဖြစ်ပြီး ဇန်နဝါရီလ ၁ ရက်နေ့က အင်းယားလိတ် ဟိုတယ်မှာ မင်္ဂလာပွဲ ကျင်းပြုလုပ်ခဲ့ တာပါ။ ပရိသတ်တွေလည်း ဒါရိုက်တာ ဏကြီးနဲ့ ပိုင်ဖြိုးသုတို့ နှစ်ဦး နှစ်ပေါင်းရာကျော် အတူတွဲပြီး သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နိုင် ပါစေလို့ ဆုတောင်း ပေးလိုက် ကြပါဦးနော်။

ပရိသတ်တွေအ တွက်ဒ ါရိုက်တာ ဏကြီးနဲ့ ပိုင်ဖြိုးသုတို့ရဲ့Romantic ဆန်လွန်းတဲ့ Wedding dinner video လေးကို ဖော်ပြပေးလိုက် ပါတယ်နော်။

ဒါရိုက်တာ ဏကြီးနဲ့ ပိုင်ဖြိုးသုတို့ရဲ့Romantic ဆန်လွန်းတဲ့ Wedding dinner video

momolay