အာ႐ုံေၾကာ အားနည္း ေညာင္းညာ ကိုက္ခဲျခင္းမ်ားအတြက္ ရွဥ့္မတက္ ေခၚ ကၫႊတ္႐ိုင္းေဆး

0
218

For Zawgyi

အာ႐ုံေၾကာ အားနည္း ေညာင္းညာ ကိုက္ခဲျခင္းမ်ားအတြက္ ရွဥ့္မတက္ ေခၚ ကၫႊတ္႐ိုင္းေဆး

အားလုံးပဲ မဂၤလာပါ ကြၽန္ေတာ္ ဦးေက်ာ္သိန္းပါ ။ ကန႔္ဘလူၿမိဳ႕နယ္ ထန္းတပင္ ေက်း႐ြာသားပါ ။ ရွဥ့္မတက္ပင္ကို တခ်ိဳ႕ေဒသမွာ ကၫႊတ္႐ိုင္းလည္း ေခၚၾကၿပီး ၊ ကၫႊတ္ယဥ္ ကၫႊတ္႐ိုင္း ႏွစ္မ်ိဳး ရွိရာ ဆူးပါသည့္ အပင္ကို ကၫႊတ္႐ိုင္း ၊ ဆူးမပါသည့္ အပင္ကိုေတာ့ ကၫႊတ္ယဥ္ ခြဲျခားၾကပါတယ္ ။ ယခု ကၫႊတ္႐ိုင္းပင္မွ က်ိဳခ်က္သည့္ ေဆးျဖစ္ၿပီး ကိုယ္ေတြ႕ႀကဳံ လက္ေတြ႕သုံး ေပ်ာက္ေဆးေကာင္း တစ္လက္မို႔္ ကုသိုလ္ျပဳပါရေစခင္ဗ်ာ ။

ရွဥ့္မတက္ ေခၚ ကၫႊတ္႐ိုင္း ေဆးစြမ္း

နံနက္စာ စားၿပီး ၁ ႀကိမ္ ။ ညစာ စားၿပီး ၁ ႀကိမ္ ။ တစ္ရက္လွ်င္ ဟင္းစား ဇြန္းျဖင့္ ၂ ႀကိမ္စားပါ ။ ခ်ိဳခါး အရသာရွိၿပီး ဤေဆးကို သုံးစြဲျခင္းျဖင့္ အာ႐ုံေၾကာ အားနည္း၍ မူးေဝကိုက္ခဲျခင္း ၊ အဆစ္ျမစ္ ကိုက္ခဲျခင္း ၊ ပင္ပမ္းႏြမ္းနယ္မႈ အမ်ိဳးမ်ိဳးေၾကာင့္ ကိုက္ခဲျခင္း ေဝဒနာတို႔ ေပ်ာက္ကင္းၿပီး ဆီး၊ ဝမ္း၊ ေလ၊ မွန္ေစ၍ ေက်ာက္ကပ္ကို အားျဖစ္ေစပါတယ္ ။ ၉၆ ပါး အားလုံးအတြက္ ေကာင္းသည္လို႔ မၫႊန္းပါ ။

ေဆးအတြက္ လိုအပ္သည့္အမယ္မ်ား ေဆးတစ္ဖုံ အတြက္

၁။ ရွဥ့္မတက္ ဥ ၅၀ သား

၂။ ပ်ားရည္ ၁ ပုလင္း ငွက္ေပ်ာဖူးပုလင္း

၃။ ႏွမ္းဆီ ၂၀ သား လိုအပ္ပၚတယ္ ။

က်ိဳခ်က္ပုံ

ဦးစြာပထမ ရွဥ့္မတက္ဥကို သန႔္ရွင္းေအာင္ ေရေဆးပါ ။ ေဆးၿပီး ဥမ်ား အခြံခြါပါ ။ အခြံနဲ႔ အသား တျခားစီခြဲၿပီး အိုးႏွစ္လုံးျဖင့္ ေရသင့္သလို ထည့္ျပဳတ္ပါ ။ အခြံျပဳတ္အိုး ေရ ပြက္ပြက္ဆူ၍ အတန္ၾကာလွ်င္ အခြံျပဳတ္ေရ ငွဲ႔ယူၿပီး အသားျပဳတ္ အိုးအတြင္း ေပါင္းထည့္က်ိဳပါ ။ ေရခမ္းခ်ိန္မွာေတာ့ ႏွမ္းဆီ ပ်ားရည္ ထည့္ပါ ။

မၾကာခင္ သင္းပ်ံ႕ေသာအနံ႔ ထြက္လာခ်ိန္ ၊ ခ်ိဳ ခါး အရသာရွိေသာ ရွဥ့္မတက္ေဆး တစ္လက္ သုံးစြဲရန္ အသင့္ျဖစ္ပါၿပီ ခင္ဗ်ာ ။ အမ်ိဳးသား အားနည္းသူမ်ားအတြက္ ယခုေဆးက်ိဳစဥ္ ေခြးလ်ားသီး အနက္ေစ့ ၂ဝ သားကို အမႈန႔္ျပဳလုပ္ၿပီး ထည့္က်ိဳပါ ။ သိသာသည့္အား ျဖစ္ေစပါသည္ ။

ေခါင္းကိုက္ ေဝဒနာ အတြက္

ရွဥ့္မတက္ဥကို ႏွမ္းဆီျဖင့္ ကြၽတ္ေအာင္ေၾကာ္ပါ ။ ၎ ေၾကာ္ၿပီး ဆီျဖင့္ ကိုက္ခဲရာ ေခါင္း ၊ ဂုတ္ ၊ ကိုယ္လက္တို႔ လိမ္းေပးပါ ။ အျမန္ဆုံး သိသာစြာ သက္သာေပ်ာက္ကင္းေစပါတယ္ ။ မူးေဝ ၊ ကိုက္ခဲ ေဝဒနာမ်ား က်န္းမာ ခ်မ္းသာၾကပါေစ ခင္ဗ်ာ ။

ဤေဆးႏွင့္ ပတ္သက္၍ ေမးျမန္းလိုပါက ဦးေက်ာ္သိန္း ၀၉ ၇၉၃၇၇၆၀၂၅ ထန္းတပင္ေက်း႐ြာ ။ ယခုေဆးနည္းကို စိတ္ရွည္စြာျဖင့္ ရွင္းျပေပးေသာ ဦးေက်ာ္သိန္းအား အထူးေက်းဇူးတင္ပါသည္ ။

Source : Sai Min Thant

For Unicode

အာရုံကြော အားနည်း ညောင်းညာ ကိုက်ခဲခြင်းများအတွက် ရှဉ့်မတက် ခေါ် ကညွှတ်ရိုင်းဆေး

အားလုံးပဲ မင်္ဂလာပါ ကျွန်တော် ဦးကျော်သိန်းပါ ။ ကန့်ဘလူမြို့နယ် ထန်းတပင် ကျေးရွာသားပါ ။ ရှဉ့်မတက်ပင်ကို တချို့ဒေသမှာ ကညွှတ်ရိုင်းလည်း ခေါ်ကြပြီး ၊ ကညွှတ်ယဉ် ကညွှတ်ရိုင်း နှစ်မျိုး ရှိရာ ဆူးပါသည့် အပင်ကို ကညွှတ်ရိုင်း ၊ ဆူးမပါသည့် အပင်ကိုတော့ ကညွှတ်ယဉ် ခွဲခြားကြပါတယ် ။ ယခု ကညွှတ်ရိုင်းပင်မှ ကျိုချက်သည့် ဆေးဖြစ်ပြီး ကိုယ်တွေ့ကြုံ လက်တွေ့သုံး ပျောက်ဆေးကောင်း တစ်လက်မို့် ကုသိုလ်ပြုပါရစေခင်ဗျာ ။

ရှဉ့်မတက် ခေါ် ကညွှတ်ရိုင်း ဆေးစွမ်း

နံနက်စာ စားပြီး ၁ ကြိမ် ။ ညစာ စားပြီး ၁ ကြိမ် ။ တစ်ရက်လျှင် ဟင်းစား ဇွန်းဖြင့် ၂ ကြိမ်စားပါ ။ ချိုခါး အရသာရှိပြီး ဤဆေးကို သုံးစွဲခြင်းဖြင့် အာရုံကြော အားနည်း၍ မူးဝေကိုက်ခဲခြင်း ၊ အဆစ်မြစ် ကိုက်ခဲခြင်း ၊ ပင်ပမ်းနွမ်းနယ်မှု အမျိုးမျိုးကြောင့် ကိုက်ခဲခြင်း ဝေဒနာတို့ ပျောက်ကင်းပြီး ဆီး၊ ဝမ်း၊ လေ၊ မှန်စေ၍ ကျောက်ကပ်ကို အားဖြစ်စေပါတယ် ။ ၉၆ ပါး အားလုံးအတွက် ကောင်းသည်လို့ မညွှန်းပါ ။

ဆေးအတွက် လိုအပ်သည့်အမယ်များ ဆေးတစ်ဖုံ အတွက်

၁။ ရှဉ့်မတက် ဥ ၅၀ သား

၂။ ပျားရည် ၁ ပုလင်း ငှက်ပျောဖူးပုလင်း

၃။ နှမ်းဆီ ၂၀ သား လိုအပ်ပါ်တယ် ။

ကျိုချက်ပုံ

ဦးစွာပထမ ရှဉ့်မတက်ဥကို သန့်ရှင်းအောင် ရေဆေးပါ ။ ဆေးပြီး ဥများ အခွံခွါပါ ။ အခွံနဲ့ အသား တခြားစီခွဲပြီး အိုးနှစ်လုံးဖြင့် ရေသင့်သလို ထည့်ပြုတ်ပါ ။ အခွံပြုတ်အိုး ရေ ပွက်ပွက်ဆူ၍ အတန်ကြာလျှင် အခွံပြုတ်ရေ ငှဲ့ယူပြီး အသားပြုတ် အိုးအတွင်း ပေါင်းထည့်ကျိုပါ ။ ရေခမ်းချိန်မှာတော့ နှမ်းဆီ ပျားရည် ထည့်ပါ ။

မကြာခင် သင်းပျံ့သောအနံ့ ထွက်လာချိန် ၊ ချို ခါး အရသာရှိသော ရှဉ့်မတက်ဆေး တစ်လက် သုံးစွဲရန် အသင့်ဖြစ်ပါပြီ ခင်ဗျာ ။ အမျိုးသား အားနည်းသူများအတွက် ယခုဆေးကျိုစဉ် ခွေးလျားသီး အနက်စေ့ ၂ဝ သားကို အမှုန့်ပြုလုပ်ပြီး ထည့်ကျိုပါ ။ သိသာသည့်အား ဖြစ်စေပါသည် ။

ခေါင်းကိုက် ဝေဒနာ အတွက်

ရှဉ့်မတက်ဥကို နှမ်းဆီဖြင့် ကျွတ်အောင်ကြော်ပါ ။ ၎င်း ကြော်ပြီး ဆီဖြင့် ကိုက်ခဲရာ ခေါင်း ၊ ဂုတ် ၊ ကိုယ်လက်တို့ လိမ်းပေးပါ ။ အမြန်ဆုံး သိသာစွာ သက်သာပျောက်ကင်းစေပါတယ် ။ မူးဝေ ၊ ကိုက်ခဲ ဝေဒနာများ ကျန်းမာ ချမ်းသာကြပါစေ ခင်ဗျာ ။

ဤဆေးနှင့် ပတ်သက်၍ မေးမြန်းလိုပါက ဦးကျော်သိန်း ၀၉ ၇၉၃၇၇၆၀၂၅ ထန်းတပင်ကျေးရွာ ။ ယခုဆေးနည်းကို စိတ်ရှည်စွာဖြင့် ရှင်းပြပေးသော ဦးကျော်သိန်းအား အထူးကျေးဇူးတင်ပါသည် ။

Source : Sai Min Thant