စိတ္ထား ယုတ္ညံ့တဲ့ မိန္းမေတြမွာ ေတြ႕ေနရတဲ့ လကၡဏာ ၅ ခု

0
1117
Young woman

For Zawgyi

စိတ္ထား ယုတ္ညံ့တဲ့ မိန္းမေတြမွာ ေတြ႕ေနရတဲ့ လကၡဏာ ၅ ခု

ေလာကမွာ လူေကာင္းနဲ႔ လူဆိုးဆိုတာ အျမဲတမ္း ဒြန္တြဲေနတတ္ပါတယ္ ။ လူေကာင္းတိုင္းမွာ တူညီတဲ့ စရိုက္ လကၡဏာေလးေတြ ရွိသလို လူယုတ္မာေတြမွာလည္း တူညီတဲ့ အက်င့္လကၡဏာေတြ ရွိေနတတ္ပါတယ္ ။ ခုေဖာ္ျပေပးမွာကေတာ့ မိန္းမယုတ္ေတြရဲ႕ လကၡဏာ ေတြျဖစ္ျပီး သင္လည္း ဒီလိုမ်ိဳးထဲ မပါမိေအာင္ အထူးဆင္ျခင္ ေနထိုင္ပါေနာ္ ။

၁ ။ ကိုယ့္ဘဝကိုရွက္တယ္

လူတုိငး္ဟာ ကံမတူတာေၾကာင့္ တစ္ေယာက္နဲ႔တစ္ေယာက္ ေမြးဖြားလာပံုခ်င္း ၊ ၾကီးျပင္းလာပံုခ်င္း မတူညီပါဘူး ။ တစ္ခ်ိိဳ႕က ခ်မး္သာစြာ ေမြးဖြားလာရတယ္ ၊ တစ္ခ်ိဳ႕က ဆင္းရဲစြာ ေမြးဖြားလာၾကတယ္ ။ မိန္းမယုတ္ေတြဟာ ဆင္းရဲ ခ်ိဳ႕တဲ့စြာ ေမြးဖြားလာရတဲ့ အခါမွာ ကိုယ့္ဘဝကို ရွက္တယ္ ၊ ကိုယ့္မိဘကို ထုတ္ေျပာရမွာ ရွက္တယ္ ၊ မိသားစုကို လူေရွ႕ထုတ္ျပရမွာ ရွက္ၾကပါတယ္ ။ ကိုယ့္မိသားစုကို လူေရွ႕ ထုတ္ျပရမွာ ရွက္တာေလာက္ ယုတ္ညံ့တဲ့စိတ္ထား မရွိေတာ့ပါဘူး ။ ဒါေၾကာင့္ ဒီလိုမျဖစ္ေအာင္ ဆင္ျခင္ေနထိုင္ပါ ။

၂ ။ မာန္တက္တယ္

ယုတ္ညံ့တဲ့ မိန္းမေတြဟာ ခ်မ္းသာရင္ပဲျဖစ္ျဖစ္ ၊ သံုးႏုိင္ျဖဳန္းႏိုင္ ျဖစ္ေနရင္ကို အလိုလိုေနရင္း မာန္တက္ျပီး သူတစ္ပါးကို ႏွိမ္တတ္ၾကပါတယ္ ။ ကိုယ့္ထက္ နိမ့္က်တဲ့သူ ၊ အားငယ္တဲ့ သူေတြကို ခြဲျခားဆက္ဆံျပီး အာဏာ ျပလာတတ္ၾကပါတယ္ ။ မ်ားေသာအားျဖင့္ ေငြစကားပဲ ေျပာတတ္ၾကျပီး ယဥ္ေက်းသမႈ လံုးဝ မရွိၾကပါဘူး ။ စကားအေျပာအဆို ၊ အမူအယာေတြကအစ သူတစ္ပါးကို အထက္စီးဆန္ျပီး မာန္မာန ေထာင္လႊားေနတတ္တဲ့ သူေတြပါ ။ ဒါဟာ ယုတ္ညံ့တဲ့ စိတ္ထားျဖစ္တာေၾကာင့္ ဒီလိုမျဖစ္ေအာင္ အထူးဆင္ျခင္ ေနထိုင္ရပါမယ္ ။

၃ ။ ကိုယ္က်င့္တရားေဖာက္ဖ်က္တယ္

မိန္းမယုတ္ေတြရဲ႕ ထင္ရွားတဲ့ လကၡဏာ တစ္ခုကေတာ့ ကိုယ္က်င့္တရား ေဖာက္ဖ်က္တာပါပဲ ။ အိမ္ေထာင္သည္ကုိ ျမွဴဆြယ္ ျဖားေယာင္းတာ ၊ သူတစ္ပါး မိသားစု အသိုက္အျမံဳကို ဖ်က္ဆီးတာ ၊ ေဖာက္ျပန္တာ ၊ သူတစ္ပါး ထမင္းအိုးကိုခြဲတာ ၊ အပ်ိဳျဖစ္ျပီး အိေျႏၵသိကၡာမဲ့ ပရမ္းပတာ သြားလာေနထိုင္ ျပဳမူတာ ၊ ကိုယ္ေကာင္းစားဖို႔ သူတစ္ပါးဘဝကို ဖ်က္ရမွာ ဝန္မေလးတာ ၊ ခိုးဝွက္တာေတြ အားလံုးဟာ ကိုယ္က်င့္တရား ေဖာက္ဖ်က္တာပါပဲ ။ ဒါေၾကာင့္ ဒီလိုမ်ိဳးထဲ သင္ မပါမိေအာင္ ဂရုစိုက္ပါ ။

၄ ။ လိုခ်င္ေလာဘၾကီးတာ

လိုခ်င္ေလာဘ ႀကီးတာလည္း မိန္းမယုတ္ေတြရဲ႕ လကၡဏာပါပဲ ။ မိန္းမယုတ္ေတြဟာ ကိုယ့္မွာရွိတဲ့ ပစၥည္းနဲ႔ မေက်နပ္ မေရာင့္ရဲႏိုင္ပါဘူး ။ တစ္ခုရရင္ ေနာက္တစ္ခု ထပ္လုိခ်င္တဲ့ သူမ်ိဳးေတြပါ ။ သူတုိ႔ဟာ ကိုယ့္မွာ ဘယ္ေလာက္ပဲရွိရွိ သူမ်ားဥစၥာကိုပဲ ပိုလွတယ္ ၊ ပိုေကာင္းတယ္လို႔ ျမင္တတ္ၾကတဲ့ သူမ်ိဳးေတြပါ ။ ဒါေၾကာင့္ သူတုိ႔ဟာ လုိခ်င္တာရဖို႔ ယုတ္ညံတဲ့ အလုပ္ကို လုပ္ရရင္ေတာင္မွ တြန္႔ဆုတ္မေနတတ္တဲ့ သူေတြပါ ။ ခ်မး္သာတဲ့ သူကလညး္ ခ်မ္းသာတဲ့အေလ်ာက္ ၊ ဆင္းရဲတဲ့လူကလည္း ဆင္းရဲတဲ့အေလ်ာက္ လိုခ်င္ေလာဘၾကီးပံုခ်င္းကေတာ့ အတူတူပါပဲ ။

၅ ။ စိတ္ထားယုတ္တယ္

ႏႈတ္ၾကမ္း အာၾကမး္တိုင္း ယုတ္ညံ့တဲ့ စိတ္ထားရွိတာ မဟုတ္ပါဘူး ။ မိန္းမယုတ္ဆိုတာ ဘယ္ေလာက္ပဲ စကားခ်ိဳေတြေျပာ ၊ လွပေက်ာ႔ရွင္း ေနေအာင္ဝတ္ျပီး အဆင့္အတန္းရွိတဲ့ပံု ဘယ္ေလာက္ဖမ္းဖမ္း စိတ္ဓာတ္ကေတာ့ ကုန္းေကာက္လို႔ မရေလာက္ေအာင္ နိမ့္က်သူေတြပါ ။ သူတစ္ပါးကို မနာလိုတာ ၊ သူတစ္ပါးေကာင္းစားတာကို မျမင္ခ်င္တာ ၊ ကိုယ့္ထက္သာရင္ ေဒါက္ခ်ိဳးခ်င္တာ ၊ ေခ်ာက္တြန္းတာ ၊ သူတစ္ပါအက်ိဳးကို ဖ်က္လို႔ဖ်က္ဆီးလုပ္တာေတြ အားလံုးဟာ မိန္းမယုတ္ေတြရဲ႕ လကၡဏာေတြပါပဲ ။

Credit : မူရင္းေရးသားသူ

For Unicode

စိတ်ထား ယုတ်ညံ့တဲ့ မိန်းမတွေမှာ တွေ့နေရတဲ့ လက္ခဏာ ၅ ခု

လောကမှာ လူကောင်းနဲ့ လူဆိုးဆိုတာ အမြဲတမ်း ဒွန်တွဲနေတတ်ပါတယ် ။ လူကောင်းတိုင်းမှာ တူညီတဲ့ စရိုက် လက္ခဏာလေးတွေ ရှိသလို လူယုတ်မာတွေမှာလည်း တူညီတဲ့ အကျင့်လက္ခဏာတွေ ရှိနေတတ်ပါတယ် ။ ခုဖော်ပြပေးမှာကတော့ မိန်းမယုတ်တွေရဲ့ လက္ခဏာ တွေဖြစ်ပြီး သင်လည်း ဒီလိုမျိုးထဲ မပါမိအောင် အထူးဆင်ခြင် နေထိုင်ပါနော် ။

၁ ။ ကိုယ့်ဘဝကိုရှက်တယ်

လူတိုင်းဟာ ကံမတူတာကြောင့် တစ်ယောက်နဲ့တစ်ယောက် မွေးဖွားလာပုံချင်း ၊ ကြီးပြင်းလာပုံချင်း မတူညီပါဘူး ။ တစ်ချို့က ချမ်းသာစွာ မွေးဖွားလာရတယ် ၊ တစ်ချို့က ဆင်းရဲစွာ မွေးဖွားလာကြတယ် ။ မိန်းမယုတ်တွေဟာ ဆင်းရဲ ချို့တဲ့စွာ မွေးဖွားလာရတဲ့ အခါမှာ ကိုယ့်ဘဝကို ရှက်တယ် ၊ ကိုယ့်မိဘကို ထုတ်ပြောရမှာ ရှက်တယ် ၊ မိသားစုကို လူရှေ့ထုတ်ပြရမှာ ရှက်ကြပါတယ် ။ ကိုယ့်မိသားစုကို လူရှေ့ ထုတ်ပြရမှာ ရှက်တာလောက် ယုတ်ညံ့တဲ့စိတ်ထား မရှိတော့ပါဘူး ။ ဒါကြောင့် ဒီလိုမဖြစ်အောင် ဆင်ခြင်နေထိုင်ပါ ။

၂ ။ မာန်တက်တယ်

ယုတ်ညံ့တဲ့ မိန်းမတွေဟာ ချမ်းသာရင်ပဲဖြစ်ဖြစ် ၊ သုံးနိုင်ဖြုန်းနိုင် ဖြစ်နေရင်ကို အလိုလိုနေရင်း မာန်တက်ပြီး သူတစ်ပါးကို နှိမ်တတ်ကြပါတယ် ။ ကိုယ့်ထက် နိမ့်ကျတဲ့သူ ၊ အားငယ်တဲ့ သူတွေကို ခွဲခြားဆက်ဆံပြီး အာဏာ ပြလာတတ်ကြပါတယ် ။ များသောအားဖြင့် ငွေစကားပဲ ပြောတတ်ကြပြီး ယဉ်ကျေးသမှု လုံးဝ မရှိကြပါဘူး ။ စကားအပြောအဆို ၊ အမူအယာတွေကအစ သူတစ်ပါးကို အထက်စီးဆန်ပြီး မာန်မာန ထောင်လွှားနေတတ်တဲ့ သူတွေပါ ။ ဒါဟာ ယုတ်ညံ့တဲ့ စိတ်ထားဖြစ်တာကြောင့် ဒီလိုမဖြစ်အောင် အထူးဆင်ခြင် နေထိုင်ရပါမယ် ။

၃ ။ ကိုယ်ကျင့်တရားဖောက်ဖျက်တယ်

မိန်းမယုတ်တွေရဲ့ ထင်ရှားတဲ့ လက္ခဏာ တစ်ခုကတော့ ကိုယ်ကျင့်တရား ဖောက်ဖျက်တာပါပဲ ။ အိမ်ထောင်သည်ကို မြှူဆွယ် ဖြားယောင်းတာ ၊ သူတစ်ပါး မိသားစု အသိုက်အမြုံကို ဖျက်ဆီးတာ ၊ ဖောက်ပြန်တာ ၊ သူတစ်ပါး ထမင်းအိုးကိုခွဲတာ ၊ အပျိုဖြစ်ပြီး အိန္ဒြေသိက္ခာမဲ့ ပရမ်းပတာ သွားလာနေထိုင် ပြုမူတာ ၊ ကိုယ်ကောင်းစားဖို့ သူတစ်ပါးဘဝကို ဖျက်ရမှာ ဝန်မလေးတာ ၊ ခိုးဝှက်တာတွေ အားလုံးဟာ ကိုယ်ကျင့်တရား ဖောက်ဖျက်တာပါပဲ ။ ဒါကြောင့် ဒီလိုမျိုးထဲ သင် မပါမိအောင် ဂရုစိုက်ပါ ။

၄ ။ လိုချင်လောဘကြီးတာ

လိုချင်လောဘ ကြီးတာလည်း မိန်းမယုတ်တွေရဲ့ လက္ခဏာပါပဲ ။ မိန်းမယုတ်တွေဟာ ကိုယ့်မှာရှိတဲ့ ပစ္စည်းနဲ့ မကျေနပ် မရောင့်ရဲနိုင်ပါဘူး ။ တစ်ခုရရင် နောက်တစ်ခု ထပ်လိုချင်တဲ့ သူမျိုးတွေပါ ။ သူတို့ဟာ ကိုယ့်မှာ ဘယ်လောက်ပဲရှိရှိ သူများဥစ္စာကိုပဲ ပိုလှတယ် ၊ ပိုကောင်းတယ်လို့ မြင်တတ်ကြတဲ့ သူမျိုးတွေပါ ။ ဒါကြောင့် သူတို့ဟာ လိုချင်တာရဖို့ ယုတ်ညံတဲ့ အလုပ်ကို လုပ်ရရင်တောင်မှ တွန့်ဆုတ်မနေတတ်တဲ့ သူတွေပါ ။ ချမ်းသာတဲ့ သူကလည်း ချမ်းသာတဲ့အလျောက် ၊ ဆင်းရဲတဲ့လူကလည်း ဆင်းရဲတဲ့အလျောက် လိုချင်လောဘကြီးပုံချင်းကတော့ အတူတူပါပဲ ။

၅ ။ စိတ်ထားယုတ်တယ်

နှုတ်ကြမ်း အာကြမ်းတိုင်း ယုတ်ညံ့တဲ့ စိတ်ထားရှိတာ မဟုတ်ပါဘူး ။ မိန်းမယုတ်ဆိုတာ ဘယ်လောက်ပဲ စကားချိုတွေပြော ၊ လှပကျော့ရှင်း နေအောင်ဝတ်ပြီး အဆင့်အတန်းရှိတဲ့ပုံ ဘယ်လောက်ဖမ်းဖမ်း စိတ်ဓာတ်ကတော့ ကုန်းကောက်လို့ မရလောက်အောင် နိမ့်ကျသူတွေပါ ။ သူတစ်ပါးကို မနာလိုတာ ၊ သူတစ်ပါးကောင်းစားတာကို မမြင်ချင်တာ ၊ ကိုယ့်ထက်သာရင် ဒေါက်ချိုးချင်တာ ၊ ချောက်တွန်းတာ ၊ သူတစ်ပါအကျိုးကို ဖျက်လို့ဖျက်ဆီးလုပ်တာတွေ အားလုံးဟာ မိန်းမယုတ်တွေရဲ့ လက္ခဏာတွေပါပဲ ။

Credit : မူရင်းရေးသားသူ