0
84
For Zawgyi
“ဟုတ်ကဲ့အစ်ကို”
For Unicode
ငါ ဘွဲ့မရခဲ့လို့ဆိုပြီးတော့ စိတ်အားငယ်စရာ မလိုပါဘူး ဒါလေး ဖတ်ကြည့်လိုက်ပါ
တောရွာလေး တစ်ရွာကနေ အလွန်ရိုးသားတဲ့ လူငယ်လေးဟာ အလုပ်ရှာဖို့ မြို့ကို တက်လာခဲ့တယ် ရှာရင်း ရှာရင်းနဲ့ကုမဏီ တစ်ခုရှေ့မှာ လူစု လူဝေးကြီး ရှိနေတာကြောင့် မေးမိလိုက်တယ်
“ အကိုတို့ ဒါ ဘာလုပ်နေတာလဲဗျ ? ”
“အေး ညီ အလုပ်ရှောက်နေကြတာကွ မဟူရာ ကုမဏီလေကွာ ဝန်ထမ်းအသစ် ခေါ်နေတာ”
“ဟာဟုတ်လား ညီလဲ အလုပ်ရှာဖို့ တောကတက်လာတာ အစ်ကိုရ”
” အေးအေး ဒါဆိုရှောက်ပေါ့ကွ ဒီက လစာကောင်းတယ် ညီရ”
“ဟုတ်ကဲ့အစ်ကို”
ဒီလိုနဲ့ အလုပ်ဝင်ရှောက် ဖိုင်တွေဘာတွေ ဖြည့် ခဏနေတော့ လာခေါ်တယ် သူဌေးကိုယ်တိုင် အင်တာဗျူးတာလေ အရင်က ဘယ်မှာ လုပ်ဖူးလဲ ” မလုပ်ဖူးပါဘူး ”
“အော် ဒီမှာ အတန်းပညာကို ဖြည့်ထားတာ နှစ်တန်း အောင်ဆိုတာ တကယ်လား” “ဟုတ်မိဘတွေက ဆင်းရဲလို့ ကျောင်းကို နှစ်တန်းပဲ နေဖူးပါတယ် ”
သူဌေးက အထင်သေးတဲ့ မျက်လုံးနဲ့ အေးအေးပြန်တော့ ပြန်တော့ နောက်တစ်ယောက်ဆိုပြီး လူငယ်လေးအား ပြန်လွတ်လိုက်တယ် ။ လူငယ်လေးလဲ စိတ်ညစ်သွားတာပေါ့ ဒီလိုနဲ့ပြန်ထွက်လာခဲ့တယ် ။ မနီးမဝေးကြတော့ ထပ်တွေ့တယ် အဲ့လိုပဲ လူတွေရပ်ပြီး အလုပ်ရှောက်နေကြတဲ့ သူတွေ ။
သူလဲရောပြီး အလုပ် ဝင်ရှောက်ပြန်တယ် ။ အဲ့လိုပဲ ဖောင်ဖြည့် အင်တာဗျူးး သူဌေးကမေးတယ် “အရင်ကလုပ်ဖူးလား” “ဟုတ်မလုပ်ဖူးပါဘူး” “အတန်းပညာက ဘယ်လောက်လဲ?” “ဟုတ် နှစ်တန်းပဲ တက်ဖူးပါတယ်”
သူဌေးလဲ သဘောကြသွားတယ် “အေးအေး မနက်ကို အလုပ်စဆင်း” ဆိုပြီး ပြန်လွတ်လိုက်တယ် ။
အလုပ်ရပြီ ။ ပျော်ရွင်နေတာပေါ့ အလုပ်ရတော့ လူငယ်လေး ပြန်သွားတော့ အတွင်းရေးမှူးက မေးတယ် ဆရာ ဘာလို့ ပညာမတက်တဲ့လူကို အလုပ် ခန့်လိုက်တာလဲတဲ့ ။ အေးအေး သူက ပညာမတက်ဘူး ဟုတ်တယ် ငါ့ကို မလိမ်ဘူးကွ ရိုးသားတယ် ဖြောင့်မတ်တယ် ကြိုးစားချင်စိတ် ရှိတယ် ။ အလုပ်ရပြီဆိုတော့ သူမျက်နှာ မင်းမြင်လိုက်လား ။
ထီ ပေါက်သလို ပျော်သွားတာ အေးတစ်ခါတစ်လေ ပညာတက်ပြီး မဖြောင့်မတ် မတည်ကြည်ရင် အလကားပဲကွ ။ ဒီလိုနဲ့ လူငယ်လေးအလုပ်ရ ကြိုးစားတော့ တစ်နှစ်ပြီးတစ်နှစ် ရာထူးတိုး နောက်ဆုံး အတွင်းရေးမှူးရာထူး ရသွားတယ် ။ သူဌေးရဲ့ အနားမှာပဲနေပြီး အလုပ်ကို ကြိုးစားခဲ့တယ် ။ တစ်နေ့ အလုပ်ရှင် အစည်းဝေးပွဲကြီးတစ်ပွဲ ဖိတ်လာတယ် ။ သူဌေးလဲ လူငယ်လေးကိုပါ ခေါ်ခဲ့တယ် ။ အစည်းဝေးရောက်တော့ အစည်းဝေးစတယ် ။ ပြီးတော့ စကားတွေ ဘာတွေပြောကြရင်း ညစာစားကြတယ် ။ ဒီလိုနဲ့ မဟူရာ ကုမ္ပဏီ သူဌေးက လူငယ်လေးကို မှတ်မိသွားတယ် ။
“ဟာမင်း ဟိုငါ့ဆီအလုပ်လာလျှောက်တဲ့ နှစ်တန်းပဲအောင်တဲ့ ကောင်လေးမလား” “ဟုတ်ပါတယ် ဆရာ”
“ဟ မင်းက တော်လှချည်လားကွ ငါ့မှာတော့ကွာ ရိုးသားမယ့်လူ ငါ့အပေါ်သစ္စာရှိမယ့် လူ ခုထိ မရှာနိုင်သေးဘူးကွာ” တဲ့ ။
လူငယ်လေး ပြောပြလို့ သိနေတဲ့ လူငယ်လေးရဲ့ သူဌေးက “ မိတ်ဆွေ ခင်ဗျားက သူ့အတန်း ပညာကိုပဲ ကြည့်ခဲ့တာကိုး ရိုးသားတဲ့စိတ်ကိုမှ ခင်များ မကြည့်ခဲ့တာကိုး သူကလိမ်မယ်ဆို လိမ်လို့ ရသားပဲ ။ ဒါပေမယ့် အမှန်တိုင်း နှစ်တန်းပဲ တက်ဖူးတယ်လို့ ပြောခဲ့တယ်လေ”
တစ်ခါတစ်လေ ပညာတတ်ပေမယ့် မရိုးသားရင် ပညာတက်ပြီး အလကားပဲ အပေါ်ယံ ကြည့်ရုံနဲ့ လူတစ်ယောက်ရဲ့ အရည်အချင်းကို မသိနိုင်ဘူး ။ ကြိုးစားချင်စိတ် ရှိရင် ပညာမတက်လဲ ထက်မြတ်တယ် ။ လေ့လာချင်စိတ် ရှိရင် ပညာမတက်ပေမယ့် မြင့်မြတ်တယ် ။
အော် စာလေးဆုံးတော့ ကိုယ့်ဘဝတောင် ကိုယ်သတိရသွားတယ် ။ ငါလဲ လေးတန်းပဲ အောင်ခဲ့တာပဲ စိတ်ဓါတ် မကျစေဖို့ အားဆေးတစ်ခွက် ဖြစ်ပါစေ ။
Credit : မူရင်းရေးသားသူ