0
702
For Zawgyi
Video ကြည့်ရန်
Video Source : Popular
For Unicode
၂၀၁၈ အကယ်ဒမီဆုနဲ့လွဲချော်သွားတဲ့အပေါ် ခံစားချက်ကိုပြောပြခဲ့တဲ့ အကယ်ဒမီနေတိုး ရုပ်သံ
ရန်ကုန်မြို့ The One Entertainment ကွင်းကြီးထဲမှာ ခမ်းခမ်းနားနား ကျင်းပပြုလုပ်နေတဲ့ အကယ်ဒမီ ထူးချွန်ဆုပေးပွဲကြီးက အောင်မြင်စွာနဲ့ ပြီးဆုံးသွားပြီပဲ ဖြစ်ပါတယ် ။ ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီ ထူးချွန်ဆု စုစုပောင်း ၁၂ ဆုကို ပေးအပ်ခဲ့ပြီးနောက် ရုပ်ရှင်ဇာတ်ကား အသီးသီးမှ အတတ်ပညာရှင် အနုပညာရှင်တွေ များစွာ ရရှိ ဆွတ်ခူးသွားပြီပဲ ဖြစ်ပါတယ် ။
နေတိုးကတော့ အကယ်ဒမီဆု လွဲချော်သွားတဲ့အပေါ် ခံစားချက်ကို ပြောပြလာခဲ့ပါတယ် ။ နေတိုးက ” အရာရာထင်ထားတဲ့အတိုင်း ဖြစ်မလာပါဘူး ။ လူ့ဘဝဆိုတာ ဒီလိုပါပဲ ။ ဒါကြောင့် ပရိသတ်တွေအားလုံးလဲ ကိုရဲ့ အနုပညာ အလုပ်ကိုပဲဖြစ်ဖြစ် ကို့ရဲ့လူ့ဘဝ ဖြတ်သန်းတဲ့အချိန်မှာ ကိုထင်ထားတဲ့အတိုင်း ဘဝဆိုတာ ဖြစ်မှာ မဟုတ်ပါဘူး ။ ဒါကြောင့်မလို့ ဒီလိုမျိုး ဘဝတွေကို ကြုံတွေ့တဲ့အချိန်မှာ ကြံ့ကြံ့ခံနိုင်ဖို့အတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာနဲ့ပေါ့ ကျွန်တော့်ရဲ့ ပရိသတ်တွေလဲ ကျွန်တော့်ကို ရစေချင်တဲ့ ပရိသတ်တွေကိုလဲ စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ဆက်လက်ပြးတော့ ကျွန်တော့်ကို ယုံကြည်ပြီးတော့ အားပေးပါလို့ ပြောချင်ပါတယ်ဆိုပြီး ပြောခဲ့ပါတယ် ။
အကယ်ဒမီဆု ရရှိသွားတဲ့ ညီအကိုတွေ အတွက်လဲ နေတိုးက ဝမ်းသာစကားလေးပြောခဲ့ပါသေးတယ် ။ ပရိသတ်ကြီးအတွက် နေတိုးရဲ့ interview ဗီဒီယိုဖိုင်လေးကို ဖော်ပြပေးလိုက်ပါတယ်နော် ။ ပရ်သတ်ကြီးကလဲ နေတိုးကို ချစ်ရင် Share ပေးခဲ့ကြပါဦးနော် ။
Video ကြည့်ရန်
Video Source : Popular