
0
304

For Zawgyi





CRD-Cele yatkwat

For Unicode

၂၀၁၈ အကယ်ဒမီပေးပွဲကြီးနဲ့ပတ်သက်ပြီး ပြတ်ပြတ်သားသား တခွန်းတည်းပဲပြောလိုက်တဲ့ လွင်မိုး

ပရိသတ်တွေနဲ့ အနုပညာရှင်တွေ ရင်ခုန်စွာနဲ့ စောင့်မျှော်ခဲ့ရတဲ့ အကယ်ဒမီ ဆုပေးပွဲကြီးကတော့ ရသင့် ရထိုက်သူတွေ အကယ်ဒမီ ရရှိပြီး အောင်မြင်စွာ ပြီးဆုံးသွားပြီပဲ ဖြစ်ပါတယ် ။ ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီ ထူးချွန်ဆုများကို စုစုပေါင်း ၁၂ ဆု ပေးအပ်ချီးမြှင့်ခဲ့တာပဲ ဖြစ်ပါတယ် ။

ပရိသတ်တွေ မျှော်မှန်းထားတဲ့ သူတွေနဲ့ လွဲချော်ခဲ့ရပေမယ့်လဲ အနုပညာရှင်တွေကတော့ ရသွားခဲ့တဲ့ သူတွေကို လှိုက်လှိုက်လှဲလှဲနဲ့ ဝမ်းပန်းတသာ ဂုဏ်ယူနေတာကို တွေ့ရပါတယ် ။ အကယ်ဒမီ လွင်မိုးကတော့ အကယ်ဒမီပေးပွဲကြီးနဲ့ ပတ်သက်ပြီး တစ်ခွန်းပဲ ပြောကြားခဲ့ပါတယ် ။

လွင်မိုးက “ တခွန်တည်းပြောမယ်၂၀၁၈ အကယ်ဒမီ ရှက်စရာအလွန် ကောင်းသည် ” လို့ ပြောလိုက်တာပဲ ဖြစ်ပါတယ် ။ အကယ်ဒမီပေးပွဲကြီးက ပြီးဆုံးခဲ့ပေမယ့် ဝေဖန်မှုတွေကတော့ ဆက်လက် မြင့်တက်နေတုံးပဲ ဖြစ်ပါတယ် ။ အနုပညာရှင် အသိုင်းအဝိုင်းကပါ ဝေဖန်ရတဲ့အထိ ညံ့ဖျင်းလွန်းခဲ့ပါတယ် ။ ပရိသတ်ကြီးလဲ အကယ်ဒမီ ပေးပွဲကြီးနဲ့ ပတ်သက်ပြီး ထင်မြင်ချက်လေးတွေ ပြောပေးခဲ့ကြပါဦးနော် ။

CRD-Cele yatkwat