
0
68

For Zawgyi










ခရက်ဒစ်

For Unicode

စော်ကြည်ဘဲ ဆိုတိုင်း ရုပ်ချောတာမဟုတ်တဲ့ တခြားအားသာချက်တွေ

အမျိုးသမီးတွေမှာ အားနည်းချက် ရှိပါတယ် ။ ဒါကတော့ မရောင့်ရဲနိုင်တဲ့ စိတ်ပါပဲ ။ သူတို့ဟာ ရိုးသားသူထက် အပေါ်ယံ ဟန်ဆောင်မှုများပြီး စမတ်ကျကျ ဝတ်ထားရုံနဲ့ စိတ်ယိုင်တတ်သလို သူတို့ထင်သလို မရလိုက်တဲ့ သင်ခန်းစာတွေ ရှိခဲ့ပါတယ် ။ ဒါပေမယ့် အခုဖော်ပြမှာက အမျိုးသမီးတွေရဲ့ အားနည်းချက်ကို သိရုံသာဖြစ်ပြီး အချစ်ကို အစစ်အမှန်တောင်းခံနိုင်တဲ့ ပုံစံတွေကို ဖော်ပြခြင်းသာ ဖြစ်ပါတယ် ။

ကိုယ်ခန္ဓာကိုယ် ထိန်းသိမ်းပါ ။ ခန္ဓာကိုယ်ကျစ်လစ် တောင့်တင်းမှုဟာ အမျိုးသမီးတွေ အားကိုးချင်စရာထဲမှာ ပါတဲ့ အချက်တစ်ချက် ဖြစ်ပြီး တွဲသွားတွဲလာ ဆိုရင်တောင် သူတို့ဟာ ဂုဏ်ယူတတ်ကြပါတယ် ။

အဓိက လိုအပ်တာကတော့ အချိန်ပေး ဂရုစိုက်မှုပါပဲ ။ အမြဲတမ်း တွေ့နေတာဟာ မတွေ့ရတာထက်စာရင် သွေးပူနေတဲ့ အခြေအနေဖြစ်ပြီး သူတို့ကို အထီးကျန်တယ်လို့ ခံစားမိစေမှာ မဟုတ်ပါဘူး ။

ဘာပဲဖြစ်ဖြစ် သင့် ခန္ဓာကိုယ်က အနံ့အသက်ကောင်းတွေ ရှိဖို့ လိုအပ်ပါတယ် ။ ချွေးထွက်သည့်တိုင် ရင်ငွေ့လှုံသူရဲ့ စိတ်ကို လန်းဆန်းစေမယ့် ရေမွှေးပျော့လေး ဆွတ်သင့်ပါတယ် ။ သန့်ရှင်း သပ်ရပ်မှုဟာ အရေးကြီးပါတယ် ။ ညစ်တီးညစ်ပတ် နေသူကို အာရုံလာဖို့ ခဲယဉ်းပြီး အသန့်ကြိုက်သူကို အမျိုးသမီးတွေက အမွှန်းတင်လေ့ ရှိပါတယ် ။

ကိုယ့်ချစ်သူနဲ့ဆိုရင် တခါတရံ အပြင်ထွက်ပြီး ဆိုင်တခုခုမှာ ညစာ စားသင့်ပါတယ် ။ ဒီလို နွေးထွေး ဂရုစိုက်မှုမျိုးကို အမျိုးသမီးတိုင်း လိုချင်တာ ဖြစ်ပါတယ် ။

တခါတလေမှာ မိန်းကလေးတွေဟာ အိမ်နဲ့ အဆင်မပြေတာ အလုပ်နဲ့ အဆင်မပြေ ဖြစ်တဲ့ရက်တွေမှာဆို သူတို့ဘေးမှာ ရှိနေသင့်ပါတယ် ။ သူတို့ပြောတာ နားထောင်ပေးရုံနဲ့ သူတို့အတွက် စိတ်သက်သာရာ ရစေပြီး သင့်ကို ပိုတွယ်တာမိစေတာ ဖြစ်ပါတယ် ။ လူကြီးလူကောင်းဆန်ဆန် ပြုမူနေထိုင်ခြင်းက သင့်ချစ်သူဆီက လေးစားမှုကို ရ၇ှိစေမှာဖြစ်ပါတယ် ။

အမျိုးသားတစ်ယောက် ဘာဝတ်ထားလဲ ဆိုတာကို အမျိုးသမီးတွေက အရမ်းကို သုံးသပ်ပါတယ် ။ သူတို့နဲ့ တွဲဖက်သူက အတ်အစား နွမ်းနေတာမျိုးကို မနှစ်သက်ပါဘူး ။ သူတို့ဟာ စမတ်ကျတဲ့ ဝတ်စား ဆင်ယင်မှုကိုသာ လိုအပ်တာ ဖြစ်ပါတယ် ။ သင့်ရဲ့ အနာဂတ်တွက် ကြိုးစားလုပ်ဆောင်မယ့် အရာတွေကို ပြောပြပါ ။ သူတို့ရဲ့ စိတ်ကူးတွေကို မေးကြည့်ပါ ။ ဒါတွေ ဖြစ်မလာသည့်တိုင် သူတို့နဲ့ တိုင်ပင်ပါ ။

ရိုမန်တစ်ဆန်တဲ့ အပြုအမူလေးတွေ လက်ဆောင်လေးတွေ ၊ ပို့စကတ်လေးတွေ တလမှာ အနည်းဆုံး တကြိမ် ပြုလုပ်ပေးပါ ။ တန်ဖိုးနည်းသည့်တိုင် မှတ်မှတ်ရရ ရှိနေစေမယ့် အပြုအမူလေးတွေ လုပ်ပေးပါ ။

ခရက်ဒစ်