
0
606

( For Zawgyi )







Source:Chaink K Ko’s fb

 

( For Unicode )

Myanmar Idol အစီအစဉ်ရဲ့ လူရွေးပွဲကနေမှတဆင့် လူမှုကွန်ယက်မှာ နာမည်ကြီးလာခဲ့သူ ခြိမ့်ကေကိုဟာ အခုဆိုရင်တော့ သူ့ရဲ့ အရည်အချင်းစစ်တွေကို ထုတ်ပြခဲ့ပြီးနောက် အောင်မြင်မှုတွေ ရရှိနေသူတစ်ဦးပါ . . . Myanmar Idol အစီအစဉ်ရဲ့ လူရွေးပွဲနေ့မှာ အကောင်းဆုံးပါ ယှဉ်ပြိုင်ခဲ့ပေမယ့် ကံမကောင်း အကြောင်းမလှတာကြောင့် လူရွေးပွဲမှာကတည်းက ပြုတ်သွားခဲ့ရသူတစ်ဦးပါ . . .

ခြိမ့်ကေကိုက အခုဆိုရင်တော့ တစ်ကိုယ်တော်သီချင်းတွေကိုလဲ ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ပါတယ် . . . ခြိမ့်ကေကိုရဲ့ ပထမဆုံးတစ်ကိုယ်တော် သီချင်းဖြစ်တဲ့ “မမရေလွမ်းလို့” ဆိုတဲ့ သီချင်းကလဲ ပရိသတ်တွေကြားမှာသာမက အနုပညာလောကမှာပါ တုန်လှုပ် အောင်မြင်သွားစေတဲ့ သီချင်းလေးဖြစ်ပါတယ် . . .

ခြိမ့်ကေကိုက လက်ရှိမှာ အနုပညာလုပ်ငန်းတွေကိုလဲ ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာဖြစ်ပြီး ရှိုးပွဲတွေကိုလဲ လိုက်လံသီဆိုနေသူတစ်ဦးဖြစ်ပါတယ် . . . ပရိသတ်တွေကလဲ ခြိမ့်ကေကိုရဲ့ ဖျော်ဖြေသီဆိုမှုကို သဘောကျ လက်ခံကြတာကို တွေ့ရပါတယ် . . . မကြာခင်မှာလဲ ခြိမ့်ကေကိုရဲ့ ပထမဆုံးရိုက်ကူးထားတဲ့ ပညာပေး ဇာတ်လမ်းတိုလေးကလဲ ထွက်ရှိတော့မှာဖြစ်ပါတယ် . . .

ဒီဇင်ဘာလ(၂၆)ရက်နေ့က ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကျိုက္ကဆံရပ်ကွက်မှာ ကျင်းပခဲ့တဲ့ နှစ်ကျိတ်ရှစ်ဆူဘုရားပွဲမှာ သွားရောက် ဖျော်ဖြေပေးခဲ့ပါတယ် . . . ခြိမ့်ကေကိုရဲ့ အကောင်းဆုံး ဖျော်ဖြေပေးမှုနဲ့ လူရွှင်တော်တွေရဲ့ အချိတ်အဆက်မိမိ ပြက်လုံးတွေကြောင့် ပရိသတ်တွေ တော်တော်ကြီး ပွဲကျခဲ့ပါတယ် . . .

နှစ်ကျိပ်ရှစ်ဆူဘုရားပွဲမှာ လူရွှင်တော်တွေနဲ့အတူတူ ဖျော်ဖြေပေးခဲ့တဲ့ ခြိမ့်ကေကို


ပရိသတ်ကြီးလဲ ခြိမ့်ကေကိုနဲ့ လူရွှင်တော်တွေရဲ့ ကြိုးစားဖျော်ဖြေပေးမှုကို သဘောကျနှစ်ခြိုက်ကြမယ်ထင်ပါတယ်။ ဒီပိုစ့်လေးကို သဘောကျနှစ်ခြိုက်ရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ် . . .

Source:Chaink K Ko’s fb