
0
87

For Zawgyi
















For Unicode

ငွေတိုးယူပြီးတော့ ဆေးမကုပါနဲ့ ဆေးရုံကြီးကိုသာ ရောက်အောင်လာခဲ့ပါ ကူညီပါ့မယ်ဆိုတဲ့ လူငယ်လေး

မုံရွာ ပြည်သူ့ဆေးရုံကြီး မှာ ဆေးရုံတက်ရင်း ဆေးဖိုးအတွက် ငွေကြေးအခက်ခဲ ဖြစ်နေလားကျွန်တော့်ဆီကို ဆက်သွယ်လိုက်ပါ ၊၊ စီစစ်ပြီး တကယ် နွမ်းပါးလူနာဖြစ်ပါက ရေချမ်း ဆေးဆိုင်မှာ ဘေ ဖွင့်ပေးပြီး လူနာဆေးရုံ ဆင်းသည်အထိ တာဝန်ယူပေးပါမယ်ခဗျာ လက်ရှိ ကူညီပေးနေတဲ့ လူနာနှစ်ယောက်ကတော့ ဆေးရုံဆင်းသွားကြပါပြီ ။

လူနာနှစိဦးအတွက် စုစုပေါင်းဆေးဖိုး ၁၄၂၆၀၀ ရှင်းပေးခဲ့ပါပြီခဗျ ။ တကယ်ကို နွမ်းပါးပါက တကယ် ကူညီပေးပါမယ် မိတ်ဆွေကိုယ်တိုင်ဖြစ်စေ ဒါမှမဟုတ် မိတ်ဆွေ အသိမိတ်ဆွေဖြစ်စေ မိတ်ဆွေ ပတ်ဝန်းကျင်မှာ နွမ်းပါးလူ တွေ့သည်ဖြစ်စေ ဆက်သွယ်လို့ ရပါတယ်ခဗျာ ။

အကူညီလို လို့ခေါ်ရင် ပထမဦးစွာ လိုက်ကြည့်ပါတယ် လိုက်ကြည်တိုင်းတော့ မကူညီပါဘူးခဗျ ကူညီထိုက်မှ တကယ်နွမ်းပါးမှ သာ ကူညီမှာပါခဗျာ(မုံရွာ မြို့တစ်မြို့တည်းသာ)

စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်း မြို့များဖြစ်တဲ့ ဖောင်ပြင် မော်လိုက် ကလေး မင်းကင်း ဟုမ္မလင်းခန္တီး အစရှိတဲ့မြို့များကနေ မုံရွာ ဆေးရုံကြီးကိုလွဲတဲ့အခါ ဆေးဝါးအတွက် ငွေကြေးအခက်ခဲ ဖြစ်ရင်လဲ ဆက်သွယ်ပါနော့ မုံရွာ ဆေးရုံကြီးကိုသာ ရောက်အောင်လာခဲ့ပါ အဆင်ပြေသလို ကူညီပေးပါမယ် ၊၊

ပစ်မထားပါဘူး တချို့လဲ ရှိတယ်လေ တစ်နေ့လုပ် တစ်နေ့စား စားဝတ်နေရေးတောင်ရုန်းကန်နေရချိန် ကျန်းမာ ရေးရုတ်တရက်ထဖြစ်ရင် အခက်ခဲ ဖြစ်ကြတယ်လေ ငွေတိုးယူပီးဆေးမကုပါနဲ့ တစ်ပူပေါ် နှစ်ပူဆင့်ပါတယ် ။

ကိုယ်ချင်းစာလို့ ပြောတာပါ ဒီမှာ အလှူရှင်တွေနဲ့အတူ လက်တွဲပြီး အခက်ခဲဖစ်တဲ့ မိတ်ဆွေတွေကို ကူညီပေးပါမယ်ခဗျ ကျွန်တော် ဇာတိက ဖောင်းပြင်မြို့နယ် နန်းမော်လိုက်ရွာ လေးကပါခဗျာ လက်ရှိ မုံရွာ မှာနေပါတယ် ကူညီပေးနိုင်တဲ့ အရာမှန်သမျှ ကူညီပေးပါ့မယ်ဗျာ ။

သူက ကူညီတာနဲ့ ပတ်သတ်ပြီး ခုလို ရေးသား ထားပါသေးတယ် မုံရွာ မြို့ပေါ်မှာ ရှိတဲ့ နွမ်းပါးလူနာနဲ့ မုံရွာ ဆေးရုံကြီးမှာ အနယ်နယ် အရပ်ရပ်က တက်ရောက်လာကြသော နွမ်းပါးလူနာများအတွက် ရည်ရွယ်ပါတယ် ။

နောက်လက စ ပြီး နွမ်းပါးလူနာတွေအတွက် လစဉ် အလှူငွေစု ဘဏ်မှာ အပ် (ဘဏ်အပ်တဲ့အခါမှာ၃ ယောက် ထားပါမယ်) ။ လူနာတစ်ဦး ပေါ်လာတိုင်း ပြာယာပြာယာ ပြေးပြေးလွှား လွှား အလှူခံနေရတာ မလွယ်လွန်းလို့ပါ လူနာတွေကလဲ များလာတော့ အခက်ကြုံလာတယ် ကျွန်တော်ကလဲ စီးပွားရေးတစ်ဖက် လူမူရေးတစ်ဖက် အလှူရှင်တွေကလဲ စီးပွားရေး တစ်ဖက်နဲ့ဆိုတော့ တစ်ခါလေ အလှူငွေတွေ သွားကောက်ရတဲ့အခါ အခက်ခဲ အများကြီး ရှိလို့ပါ ။

ဒါကြောင့် လစဉ်အလှူငွေ ကောက်ပီးကူညီမူလုပ်ဖို့ အစီစဉ် ဆွဲ လိုက်တာပါ ကူရာမဲ့နေသော အမှန်တကယ် ဒုက္ခ ဖြစ်နေသော လူနာများကိုသာ ကူညီမှာပါခဗျာ။ လူနာလက်ထဲကို ပိုက်ဆံမထည့်ပေးပါဘူး ရေချမ်းဆေးဆိုင်မှာ ဘေဖွင့်ပြီး ဆေးဖိုးဝါးခကိုသာ ကူညီပေးမှာပါ ဆေးရုံတက်နေစဉ် လူနာနဲ့ အလူနာစောင့် စားသောက်ဖို့အတွက်လဲ ကူညီပေးပါမယ် ။

ကျန်းမာရေး ကိုသာ သီးသန့်ကူညီပေးမှာပါခဗျာ အဓိကတော့ ငွေကြေးမရှိလို့ ဆေးရုံမတက်နိုင်ဘူးဆိုတာ မဖြစ်ချင်လို့ပါဗျာ တကယ်အခက်ခဲ ဖြစ်နေသူတွေကို တကယ်ကူညီပေးပါ့မယ်ခဗျာ ။ အလှူငွေကိုလဲ တစ်လတစ်ခါ မိမိနိုင်သလောက်သာ ထည့်ဝင် လှူဒါန်းလို့ရပါတယ်ခဗျာ လူနာတစ်ဦး ကူညီပေးပြီးတိုင်း ရှင်းတမ်း Bank statement ထုတ်ပေးသွားပါမယ်ခဗျာ ။

ပူးပေါင်းကူညီ လက်တွဲ လိုပါက ဖုန်းဖြင့် ဖြစ်စေ cb ကနေဖြစ်စေ com ကနေဖြစ်စေ ဆက်သွယ်လို့ရပါတယ်ဗျ ။ မိမိတို့ပတ်ဝန်းကျင်မှာ ကူရာမဲ့နေတဲ့လူနာ အဖိုးကြီး အဖွားကြီးရှိရင်လဲ ဆက်သွယ်ပါခဗျာ တကယ်ကို အကူညီ လိုအပ်နေတယ်ဆိုရင် တကယ်ကို ကူညီပေးပါမယ်ဗျ ။

(မုံရွာမြို့တစ်မြို့ထဲသာ ကူညီနိုင်အုံးမှာပါခဗျာ)

မုံရွာမြို့ မွန်မြတ်သွေးလှူ ရှင်အသင်း

ကိုမွန်မြတ် 09974114919 – 09793035326