0
184
For Zawgyi
နိဒါန်း
အမည် – ကိုသန်းဝင်း
စိုင်းခိုင်….
For Unicode
ဒီပို့စ်ဖတ်ပြီးတာနဲ့ မိန်းကလေးတွေ ဆော့ပင်သာ ပြေးဝယ်ထားကြပေတော့
နိဒါန်း
အမည် – ကိုသန်းဝင်း
အိမ်ထောင်သက် – ၂၅ နှစ်ခန့်
အိမ်ထောင်ကျပီး နာမည် – စိုင်းသန်းဝင်း
ကိုသန်းဝင်း အိမ်ထောင်ကျတော့ အသက်က ငယ်သေးသည် ရုပ်ကချောသည် ၊ အလုပ်ကလည်း တနေကုန် စကော့ဈေးမှာ နေရသောကျောက်ပွဲစား ၊ တနေကုန် အပြင်ထွက်သည့်အပြင် ပွဲဖြစ်လျင် ညဘက်ပါ ညစာစားပီးမှ အိမ်ပြန်သည် ။ ဒါတောင် အားလုံးပြန်ပီးမှ အတင်းပြန်လွှတ်ရသည် ။
ညတိုင်းလည်း ထွက်လျှင်ရသည် ။ မိန်းမက ဘယ်တော့မှ ဖုန်းမဆက် ၊ လိုက်မရှာ ။
သူ့လို ဖြစ်ချင်ကြသည် ကျော်တို့တော့ အချိန်အကန့်အသတ်ဖြင့်ထွက်ရသည် ။ နေ့တိုင်းသူ့လိုထွက်မရတော့ ကိုသန်းဝင်းကို အားကျကြသည် ။
ဒီတော့တနေ့အရက်ဝိုင်းမှာမေးကြသည် ။ ခင်ဗျားပိုင်လှချည်လားပေါ့
သူကပြောသည် ။ အားမကျ ကြပါနဲ့ဗျာ ဒါဘဲပြောသည် ။ အတင်းမေးလည်း ဒါဘဲပြောသည် ။ အရက်တပုလင်း ကုန်ခါနီးမှ စပြောလေသည် ။
သူ့မိန်းမသည် အိမ်မှာနေသည် ။ သူကစီးပွားရှာ နေ့စဉ်သူအိမ်မှ ထွက်ခါနီးတွင် သူ့ငယ်ပါအား ဆော့ပင်ဖြင့် မိန်းမမှ ဆိုင်းထိုးပေးလိုက်သည် ။ အိမ်ပြန်ရောက်လို့ ဆိုင်းပျက်လျင် အကြီးအကျယ် ရန်ဖြစ်ရသည် ။
ထို့ကြောင့် ကိုသန်းဝင်းခမျာ မိန်းမ ထိုးပေးလိုက်သော ဆိုင်းကို အထူးဂရုစိုက်ရသည် ။ အထိမခံရဲ ကျော်တို့ အနှိပ်ခံလျင်တောင် ဘောင်းဘီ မလဲရဲပေ ပွတ်တိုက်ပီး အလိုလိုပျက်သွားမည်စိုးသည် ။
တခါက အိမ်သာတက်ပီး ရေဖြင့် အီးကုန်းရာ ရေအနည်းငယ် စိုပီး ပျက်သွားသောကြောင့် သူ့မိန်းမ စကော့ဈေးလိုက်လာသည် ။ မနေ့ကဘယ်သွားတယ် ဘယ်လာတယ် စသဖြင့်စုံစမ်းသည် ။
ကိုသန်းဝင်းရှက်သည် ။ နောက်မဖြစ်အောင် ဂရုစိုက်ရှာသည် ။ ရေဖြင့်မဆေးတော့ စက္ကူဖြင့်ဖြေရှင်းရသည် ။ ဖင်ပွန်းသည် သို့သော်ဂရုမစိုက် မိန်းမအထင်မှားမှာစိုးသည် ။
သူ့ကပြောသေးသည် ၊ မှင်လုံးကြီး မာကာ ဖြစ်သဖြင့် တခါတလေ ဆိုင်းရာများ ထပ်နေတတ်သည် ။
တခါက သူ့မိန်းမက ပါမင့်နင့် မာကာဖြင့် ထိုးပေးလိုက်သဖြင့် မနဲဖျက်ရသည် ။ အရက်ပျံဖြင့် တိုက်ရသဖြင့် စပ်လှသည် ဆိုသည် ။
သူ့တွင် အော်ရီဂျင်နယ် အရောင် မရှိတော့ဘဲ ပြာနှမ်းနေကြောင်းပြောရှာသည် ။
အပြင်ထွက်တိုင်း မိန်းမထံ ဆိုင်းသွား ထိုးရသည် ။
ကျော်တို့လည်း ထိုအခါမှ အိမ်က မိန်းမများကို ကျေးဇူးတင်ကြရသည် ။ အပြင်ထွက်တာကြာလို့ ဖုန်းဆက်လည်း ဆက်ပေ့စေ ၊ ရစ်လဲခံမယ် ဆိုင်းတော့ အထိုး မခံနိုင် ။
ထိုနေ့မှစ၍ ကိုသန်းဝင်းကို ချစ်စနိုး ” စိုင်းသန်းဝင်း ” ဟုခေါ်ကြသည် ။
ကျော့် သယ်ချင်းများတွင်လည်း ရှမ်းအမျိုးသား စိုင်းများစွာရှိသည် ။ ထိုသူများ နာမည်ခေါ်လျင် စိုင်းသန်းဝင်းကို သတိရမိသည် ။
ကိုသန်းဝင်းလို “စိုင်း” များ ဘယ်နှစ်ယောက်ရှိနေမလဲဆိုတာ
စိုင်းခိုင်….
credit : စိုင်းခိုင်ဝင်း