ခင္ဗ်ားတို႔ ကိုယ္တိုင္ေရာ တန္လို႔လား ၊ တန္တယ္လို႔ေရာ ထင္လား

0
103

Zawgyi

ခင္ဗ်ားတို႔ ကိုယ္တိုင္ေရာ တန္လို႔လား ၊ တန္တယ္လို႔ေရာ ထင္လား

၂၀၁၉ ျမန္မာ့ႏွစ္ကူး အတာသၾကၤန္အတြက္ ရန္ကုန္ၿမိဳ႕ရဲ႕ က်က္သေရေဆာင္ အင္းလ်ားကန္ေဘာင္မွာ တာဝန္ ရွိသူေတြက ေလွ်ာက္လမ္းေလး လုပ္ေပးထားတယ္။ အမယ္ .. ေလွ်ာက္လမ္း ဆိုလို႔ ေပါ့ေသးေသး မဟုတ္ဘူးဗ် .. လာ တဲ့သူေတြ ေနပူမွာ စိုးလို႔ ပုသိမ္ထီးေလးေတြ ေခါင္းေပၚမွာ မိုးေပးထားတယ္။ ေစတနာနဲ႔ ေပါ့ဗ်ာ။

အက္ဒမင္ က သၾကၤန္မွာ ေနာက္ဆုံးေန႔ပဲ လည္တာ မ်ားတယ္ဗ်။ သူမ်ားေတြလို လမ္းေလွ်ာက္သၾကၤန္ေတြ ဘာေတြလည္း စိတ္မဝင္စား၊ မ႑ပ္ထိုင္ရတာလည္း ဝါသနာမပါဘူး။ ကားနဲ႔ ေရပက္ခံထြက္ရတာကို သေဘာက်တာ။ ေရွ႕သုံးရက္မွာ ဘာေတြျဖစ္မလဲ အိမ္ထဲကေန ေစာင့္ၾကည့္တာ မ်ားတယ္။ အေျခအေန ေကာင္းရင္ အျပင္ထြက္တာေပါ့။ ပထမ နဲ႔ ဒုတိယရက္က သိပ္ၿပီး ထူးထူးျခားျခားမရွိဘူး။ ဒီေန႔လည္းက်ေရာ အင္းလ်ား ကန္ေဘာင္ေပၚက ႐ုပ္ဆိုးဆိုးျမင္ကြင္းေတြ႕ရတယ္။

Pyae Phyo Naing ဆိုတဲ့ လူမႈကြန္ယက္ အေကာင့္ပိုင္ရွင္က တင္ထားတာပါ။ ပုံၾကည့္ လိုက္ေတာ့ ကန္ေဘာင္ ေလွ်ာက္လမ္းမွာ မိုးေပးထားတဲ့ အလွဆင္ ပုသိမ္ထီးေလးေတြ တလက္မွ မက်န္ေတာ့ဘူးဗ်။ ဘယ္ဟုတ္မလဲ .. ကန္ေဘာင္ေပၚ လမ္းေလွ်ာက္လာ ၾကတဲ့ အမ်ိဳးေကာင္းသား သမီးတစ္ခ်ိဳ႕က ဆြဲခ်ယူသြား တာတဲ့။ အကုန္လုံးမဟုတ္ဘူးေနာ္ .. ဓာတ္ပုံကို ေသခ်ာၾကည့္ .. ယူတဲ့သူေတြက ဘယ္လိုေတြ ဆိုတာ .. အဟုတ္ေျပာတာ .. ဘုရားစူး .. ဆြဲခ်မရလို႔ ဒီအတိုင္း ထားပစ္ခဲ့တဲ့ ထီးေလးတစ္လက္စ ႏွစ္လက္စပဲ က်န္တယ္။

ပုံထဲမွာ ျမင္ရတာကေတာ့ ဆြဲယူထားတဲ့ ထီးေတြကိုင္ၿပီး ဓာတ္ပုံ႐ိုက္ေန ၾကတဲ့သူနဲ႔ .. ထီးကို လက္ထဲမွာ လိပ္ၿပီးကိုင္ထားတဲ့သူနဲ႔ .. ေနပူလို႔ ထီးေဆာင္းေနတဲ့ သူနဲ႔ ဟုတ္ေနတာပဲ .. ေအာ္ .. ထီးေတြလက္ေဆာင္ ေပးတယ္လို႔ ထင္ေနပုံရတယ္ .. ဒါမွမဟုတ္လဲ public မွာ ခ်ျပထားတဲ့ ပစၥည္း ဆိုေတာ့ ယူလို႔ရတယ္ထင္ပုံပဲ .. ျပည္သူပိုင္ ပစၥည္း တို႔ပစၥည္း ဆိုတဲ့ စကားအတိုင္း ပါလား လို႔ေတာင္ ေတြးမိတယ္။

public မွာဒီအတိုင္းခ်ျပၿပီး အလွဆင္ထား႐ုံနဲ႔ အိမ္မွာ ခ်ိတ္ထားတဲ့ထီးလို သြားခ်င္တဲ့အခ်ိန္ေကာက္ေဆာင္းသြားဖို႔မဟုတ္ဘူးဆိုတာ သိဖို႔လိုမယ္ထင္တယ္။ ေနာက္ၿပီး တာဝန္ရွိသူေတြ ဘက္ကလည္း ဒီထီးေတြဟ အလွဆင္သက္သက္ ျဖစ္ၿပီး ျဖဳတ္ယူလို႔မရဘူး ဆိုတာလည္း သတိေပးထား သင့္တယ္။ ေျပာမယ့္သာ ေျပာတာပါ။ သတိေပးထားၿပီ ဆိုမွ ပိုလုပ္ခ်င္ၾကတာ လူေတာ္ေတာ္ မ်ားမ်ားပဲ။ ျမန္မာဆိုေတာ့ေလ .. ကိုယ့္လူမ်ိဳးအေၾကာင္း ကိုယ္သိတာေပါ့။

ရွက္ၾကစမ္းပါဗ်ာ။ ဒီ အာတီကယ္ကို ဖတ္ေနတဲ့အထဲမွာ ထီးကိုခပ္တည္တည္ျဖဳတ္ယူသြားတဲ့ခင္ဗ်ားလည္းပါရင္ပါေနမယ္။ အဲ့ဒီက်မွ ပို႔စ္ေအာက္မွာ စည္းကမ္းမရွိတဲ့ေကာင္ေတြ ဘာညာနဲ႔နင္ပဲငဆ ဝင္ၿပီးဆဲဖို႔၊ မန႔္ဖို႔မစဥ္းစားေလနဲ႔။

ကိုယ္မပိုင္တဲ့ပစၥည္းကို ပိုင္ရွင္မသိပဲယူတာ သူခိုးပဲ … ဘယ္သူေတြယူသြားတယ္၊ စည္းကမ္းပ်က္တယ္ဆိုတာ ကြၽန္ေတာ္ မသိဘူး .. တျခားသူေတြလည္းမသိဘူး .. ဒါေပမယ့္ ခင္ဗ်ားကိုယ္တိုင္နဲ႔ခင္ဗ်ားရဲ႕ ကိုယ္ေစာင့္နတ္ ကေတာ့ သိတယ္ .. အဲ့ေတာ့ ခင္ဗ်ားတို႔ ( ဓာတ္ပုံထဲက ထီးျဖဳတ္တဲ့သူတိုင္း ) ဒီလို သၾကၤန္မ်ိဳးနဲ႔ မတန္ဘူးဗ်။ ဗြက္ေရနဲ႔ပက္ၿပီး ဗြက္ေတာထဲမွာ လူးေနတဲ့ ဆင္ေျခဖုံး သၾကၤန္မ်ိဳးနဲ႔ပဲတန္တယ္။

စည္းကမ္းရွိဖို႔ သူမ်ားကို ေျပာခ်င္ရင္ ကိုယ္ကိုတိုင္လည္း စည္းကမ္းရွိဖို႔ လိုတယ္ဗ်။ ေနာက္ၿပီး အဆင့္အတန္းျမင့္တဲ့ mindset ေလးလည္း ေမြးေပါ့ဗ်ာ။ ႐ုပ္ေပါက္လြန္းလို႔ ေရးလိုက္တာ .. ေစတနာနဲ႔ ေရးတယ္မွတ္ပါ။

Gabriel
Source – Pyae Phyo Naing

Unicode

ခင်ဗျားတို့ ကိုယ်တိုင်ရော တန်လို့လား ၊ တန်တယ်လို့ရော ထင်လား

၂၀၁၉ မြန်မာ့နှစ်ကူး အတာသြင်္ကန်အတွက် ရန်ကုန်မြို့ရဲ့ ကျက်သရေဆောင် အင်းလျားကန်ဘောင်မှာ တာဝန် ရှိသူတွေက လျှောက်လမ်းလေး လုပ်ပေးထားတယ်။ အမယ် .. လျှောက်လမ်း ဆိုလို့ ပေါ့သေးသေး မဟုတ်ဘူးဗျ .. လာ တဲ့သူတွေ နေပူမှာ စိုးလို့ ပုသိမ်ထီးလေးတွေ ခေါင်းပေါ်မှာ မိုးပေးထားတယ်။ စေတနာနဲ့ ပေါ့ဗျာ။

အက်ဒမင် က သြင်္ကန်မှာ နောက်ဆုံးနေ့ပဲ လည်တာ များတယ်ဗျ။ သူများတွေလို လမ်းလျှောက်သြင်္ကန်တွေ ဘာတွေလည်း စိတ်မဝင်စား၊ မဏ္ဍပ်ထိုင်ရတာလည်း ဝါသနာမပါဘူး။ ကားနဲ့ ရေပက်ခံထွက်ရတာကို သဘောကျတာ။ ရှေ့သုံးရက်မှာ ဘာတွေဖြစ်မလဲ အိမ်ထဲကနေ စောင့်ကြည့်တာ များတယ်။ အခြေအနေ ကောင်းရင် အပြင်ထွက်တာပေါ့။ ပထမ နဲ့ ဒုတိယရက်က သိပ်ပြီး ထူးထူးခြားခြားမရှိဘူး။ ဒီနေ့လည်းကျရော အင်းလျား ကန်ဘောင်ပေါ်က ရုပ်ဆိုးဆိုးမြင်ကွင်းတွေ့ရတယ်။

Pyae Phyo Naing ဆိုတဲ့ လူမှုကွန်ယက် အကောင့်ပိုင်ရှင်က တင်ထားတာပါ။ ပုံကြည့် လိုက်တော့ ကန်ဘောင် လျှောက်လမ်းမှာ မိုးပေးထားတဲ့ အလှဆင် ပုသိမ်ထီးလေးတွေ တလက်မှ မကျန်တော့ဘူးဗျ။ ဘယ်ဟုတ်မလဲ .. ကန်ဘောင်ပေါ် လမ်းလျှောက်လာ ကြတဲ့ အမျိုးကောင်းသား သမီးတစ်ချို့က ဆွဲချယူသွား တာတဲ့။ အကုန်လုံးမဟုတ်ဘူးနော် .. ဓာတ်ပုံကို သေချာကြည့် .. ယူတဲ့သူတွေက ဘယ်လိုတွေ ဆိုတာ .. အဟုတ်ပြောတာ .. ဘုရားစူး .. ဆွဲချမရလို့ ဒီအတိုင်း ထားပစ်ခဲ့တဲ့ ထီးလေးတစ်လက်စ နှစ်လက်စပဲ ကျန်တယ်။

ပုံထဲမှာ မြင်ရတာကတော့ ဆွဲယူထားတဲ့ ထီးတွေကိုင်ပြီး ဓာတ်ပုံရိုက်နေ ကြတဲ့သူနဲ့ .. ထီးကို လက်ထဲမှာ လိပ်ပြီးကိုင်ထားတဲ့သူနဲ့ .. နေပူလို့ ထီးဆောင်းနေတဲ့ သူနဲ့ ဟုတ်နေတာပဲ .. အော် .. ထီးတွေလက်ဆောင် ပေးတယ်လို့ ထင်နေပုံရတယ် .. ဒါမှမဟုတ်လဲ public မှာ ချပြထားတဲ့ ပစ္စည်း ဆိုတော့ ယူလို့ရတယ်ထင်ပုံပဲ .. ပြည်သူပိုင် ပစ္စည်း တို့ပစ္စည်း ဆိုတဲ့ စကားအတိုင်း ပါလား လို့တောင် တွေးမိတယ်။

public မှာဒီအတိုင်းချပြပြီး အလှဆင်ထားရုံနဲ့ အိမ်မှာ ချိတ်ထားတဲ့ထီးလို သွားချင်တဲ့အချိန်ကောက်ဆောင်းသွားဖို့မဟုတ်ဘူးဆိုတာ သိဖို့လိုမယ်ထင်တယ်။ နောက်ပြီး တာဝန်ရှိသူတွေ ဘက်ကလည်း ဒီထီးတွေဟ အလှဆင်သက်သက် ဖြစ်ပြီး ဖြုတ်ယူလို့မရဘူး ဆိုတာလည်း သတိပေးထား သင့်တယ်။ ပြောမယ့်သာ ပြောတာပါ။ သတိပေးထားပြီ ဆိုမှ ပိုလုပ်ချင်ကြတာ လူတော်တော် များများပဲ။ မြန်မာဆိုတော့လေ .. ကိုယ့်လူမျိုးအကြောင်း ကိုယ်သိတာပေါ့။

ရှက်ကြစမ်းပါဗျာ။ ဒီ အာတီကယ်ကို ဖတ်နေတဲ့အထဲမှာ ထီးကိုခပ်တည်တည်ဖြုတ်ယူသွားတဲ့ခင်ဗျားလည်းပါရင်ပါနေမယ်။ အဲ့ဒီကျမှ ပို့စ်အောက်မှာ စည်းကမ်းမရှိတဲ့ကောင်တွေ ဘာညာနဲ့နင်ပဲငဆ ဝင်ပြီးဆဲဖို့၊ မန့်ဖို့မစဉ်းစားလေနဲ့။

ကိုယ်မပိုင်တဲ့ပစ္စည်းကို ပိုင်ရှင်မသိပဲယူတာ သူခိုးပဲ … ဘယ်သူတွေယူသွားတယ်၊ စည်းကမ်းပျက်တယ်ဆိုတာ ကျွန်တော် မသိဘူး .. တခြားသူတွေလည်းမသိဘူး .. ဒါပေမယ့် ခင်ဗျားကိုယ်တိုင်နဲ့ခင်ဗျားရဲ့ ကိုယ်စောင့်နတ် ကတော့ သိတယ် .. အဲ့တော့ ခင်ဗျားတို့ ( ဓာတ်ပုံထဲက ထီးဖြုတ်တဲ့သူတိုင်း ) ဒီလို သြင်္ကန်မျိုးနဲ့ မတန်ဘူးဗျ။ ဗွက်ရေနဲ့ပက်ပြီး ဗွက်တောထဲမှာ လူးနေတဲ့ ဆင်ခြေဖုံး သြင်္ကန်မျိုးနဲ့ပဲတန်တယ်။

စည်းကမ်းရှိဖို့ သူများကို ပြောချင်ရင် ကိုယ်ကိုတိုင်လည်း စည်းကမ်းရှိဖို့ လိုတယ်ဗျ။ နောက်ပြီး အဆင့်အတန်းမြင့်တဲ့ mindset လေးလည်း မွေးပေါ့ဗျာ။ ရုပ်ပေါက်လွန်းလို့ ရေးလိုက်တာ .. စေတနာနဲ့ ရေးတယ်မှတ်ပါ။

Gabriel
Source – Pyae Phyo Naing