သမီးေလးကို လြမ္းလြန္းလို႔ က်တဲ့ မ်က္ရည္ေတြဟာ ေၾကးနီေရာင္လြမ္း မ်က္ရည္ေတြပါ ဆိုတဲ့ ထက္ထက္မိုးဦး

0
102

Zawgyi

သမီးေလးကို လြမ္းလြန္းလို႔ က်တဲ့ မ်က္ရည္ေတြဟာ ေၾကးနီေရာင္လြမ္း မ်က္ရည္ေတြပါ ဆိုတဲ့ ထက္ထက္မိုးဦး

မိသားစု အဆင္မေျပမွု ေတြနဲ႔အတူ သမီးေလးနဲ႔ ေဝးကြာေနတဲ့ ထက္ထက္မုိးဦး ကေတာ့ သမီးေလးကို လြမ္းလို႔ က်လာတဲ့ မ်က္ရည္နဲ႔ ပတ္သက္ျပီး ခံစားခ်က္ေတြကို ေရးသားထားတာ ေတြ႔ရပါတယ္။ တေန႔တျခား ခ်စ္ဖုိ႔ေကာင္းလာတဲ့ သမီးေလး စစ္လြန္းဝတီထက္ ဟာလည္း မိခင္ျဖစ္သူ ထက္ထက္မိုးဦးရဲ႕ ေခ်ာေမာလွပမွု အေပါင္းကို အေမြရရွိထားတဲ့ တစ္ဦးတည္းေသာ သူေလးပါ။

တေန႔တျခား အရြယ္ေရာက္လာတဲ့ သမီးေလးကိုေတာ့ မိခင္ျဖစ္တဲ့ ထက္ထက္မိုးဦးက လြမ္းဆြတ္တမ္းတေနခဲ့တာပါ။ သမီးေလးကို လြမ္းလို႔ က်လာတဲ့ မ်က္ရည္ေတြဟာ သူမ အတြက္ေတာ့ ေၾကးနီေရာင္ မ်က္ရည္ေတြ ပါဘဲလို႔ တင္စားလိုက္တာ ျဖစ္ပါတယ္။

“ ေၾကးနီေရာင္ လြမ္း မ်က္ရည္ ၊ လြမ္းတုိင္း ေမေမ့ရဲ႕ ႏွလုံးအိမ္ဟာ မီး အလၽွံ အလၽွံ ေတာက္ေနတဲ့ ဖားဖုိ အဝနားမွာ ထည့္ထားတဲ့ သံေတြ ခဲေတြလုိပဲ အင္မတန္ ပူပါတယ္အဲ့ဒီ ပူတဲ့ အရွိန္ေၾကာင့္ က်ခဲ့တဲ့ မ်က္ရည္ေတြ ဟာလည္း အျဖဴေရာင္ မဟုတ္ပဲ ေၾကးနီေရာင္ က်ပါတယ္ သမီး” လို႔ ခံစားခ်က္စာသားေလးကို စိတ္မေကာင္းစြာ ျမင္ေတြ႔ရပါတယ္။

မိခင္တစ္ေယာက္ရဲ႕ သားသမီးအေပၚ လြမ္းဆြတ္ေနမယ့္ ခံစားခ်က္ေလး ေတြကို ဒီစာေလး ဖတ္ၾကည့္ရံုနဲ႔ ကိုယ္ခ်င္း စာနာေပးႏိုင္ မိမယ္လို႔ ထင္ပါတယ္။ ပရိသတ္ေတြ ခ်စ္ခင္ရတဲ့ ၊ အားက်ရတဲ့ ထက္ထက္တို႔ မိသားစုေလး လည္း အျမန္ဆံုး အဆင္ေျပဖုိ႔ ပရိသတ္ၾကီးက ေမ်ွာ္လင့္စြာနဲ႔ ဆုေတာင္းေနၾကမွာေတာ့ အမွန္ပါပဲ။ ထက္ထက္ခ်စ္တဲ့ သမီးေလးနဲ႔ အျမန္ဆံုး အတူေနႏိုင္ ပါေစလို႔ ပရိသတ္ၾကီးႏွင့္တကြ ဆုေတာင္း ေပးလိုက္ ပါတယ္ေနာ္။

Source : We Love Cele

Unicode

သမီးလေးကို လွမ်းလွန်းလို့ ကျတဲ့ မျက်ရည်တွေဟာ ကြေးနီရောင်လွမ်း မျက်ရည်တွေပါ ဆိုတဲ့ ထက်ထက်မိုးဦး

မိသားစု အဆင်မပြေမှု တွေနဲ့အတူ သမီးလေးနဲ့ ဝေးကွာနေတဲ့ ထက်ထက်မိုးဦး ကတော့ သမီးလေးကို လွမ်းလို့ ကျလာတဲ့ မျက်ရည်နဲ့ ပတ်သက်ပြီး ခံစားချက်တွေကို ရေးသားထားတာ တွေ့ရပါတယ်။ တနေ့တခြား ချစ်ဖို့ကောင်းလာတဲ့ သမီးလေး စစ်လွန်းဝတီထက် ဟာလည်း မိခင်ဖြစ်သူ ထက်ထက်မိုးဦးရဲ့ ချောမောလှပမှု အပေါင်းကို အမွေရရှိထားတဲ့ တစ်ဦးတည်းသော သူလေးပါ။

တနေ့တခြား အရွယ်ရောက်လာတဲ့ သမီးလေးကိုတော့ မိခင်ဖြစ်တဲ့ ထက်ထက်မိုးဦးက လွမ်းဆွတ်တမ်းတနေခဲ့တာပါ။ သမီးလေးကို လွမ်းလို့ ကျလာတဲ့ မျက်ရည်တွေဟာ သူမ အတွက်တော့ ကြေးနီရောင် မျက်ရည်တွေ ပါဘဲလို့ တင်စားလိုက်တာ ဖြစ်ပါတယ်။

“ ကြေးနီရောင် လွမ်း မျက်ရည် ၊ လွမ်းတိုင်း မေမေ့ရဲ့ နှလုံးအိမ်ဟာ မီး အလျှံ အလျှံ တောက်နေတဲ့ ဖားဖို အဝနားမှာ ထည့်ထားတဲ့ သံတွေ ခဲတွေလိုပဲ အင်မတန် ပူပါတယ်အဲ့ဒီ ပူတဲ့ အရှိန်ကြောင့် ကျခဲ့တဲ့ မျက်ရည်တွေ ဟာလည်း အဖြူရောင် မဟုတ်ပဲ ကြေးနီရောင် ကျပါတယ် သမီး” လို့ ခံစားချက်စာသားလေးကို စိတ်မကောင်းစွာ မြင်တွေ့ရပါတယ်။

မိခင်တစ်ယောက်ရဲ့ သားသမီးအပေါ် လွမ်းဆွတ်နေမယ့် ခံစားချက်လေး တွေကို ဒီစာလေး ဖတ်ကြည့်ရုံနဲ့ ကိုယ်ချင်း စာနာပေးနိုင် မိမယ်လို့ ထင်ပါတယ်။ ပရိသတ်တွေ ချစ်ခင်ရတဲ့ ၊ အားကျရတဲ့ ထက်ထက်တို့ မိသားစုလေး လည်း အမြန်ဆုံး အဆင်ပြေဖို့ ပရိသတ်ကြီးက မျှော်လင့်စွာနဲ့ ဆုတောင်းနေကြမှာတော့ အမှန်ပါပဲ။ ထက်ထက်ချစ်တဲ့ သမီးလေးနဲ့ အမြန်ဆုံး အတူနေနိုင် ပါစေလို့ ပရိသတ်ကြီးနှင့်တကွ ဆုတောင်း ပေးလိုက် ပါတယ်နော်။

Source : We Love Cele