ခ်စ္သူေတြ နမ္းရင္ ဘာေၾကာင့္ မ်က္စိမွိတ္သြားရတာလဲ..

0
6649

(For Zawgyi)

တစ္စုံ တစ္ေယာက္ကို ႏွစ္ႏွစ္ ကာကာ နမ္းရႈံ႕လိုက္တဲ့ အခါ ဘာေၾကာင့္ မ်က္လုံးေတြက မွိတ္သြားတာလဲ။ ဒီျဖစ္ရပ္ အတြက္ သိပၸံနည္း က်တဲ့ အေျဖေတာ့ ရိွေနပါတယ္။

အဂၤလန္ႏိုင္ငံရိွ Royal Holloway တကၠသိုလ္မွ စိတ္ပညာရွင္မ်ားရဲ႕ ေလ့လာ ေတြ႔ရိွခ်က္အရ ဒီလို မ်က္စိမွိတ္ သြားရျခင္းဟာ အာရံု ခံစားမႈနဲ႔ ဆိုင္တယ္လို႔ ဆိုပါတယ္။

အျမင္ အာရုံနဲ႔ အထိအေတြ႔ အာရုံေတြကို အေျခခံကာ လူမာ်းကို စမ္းသပ္ ေလ့လာခဲ့တာ ျဖစ္ပီး မ်က္လုံးကို ဖြင့္ထားခ်ိန္ အျမင္ အာရုံရဲ႕ ၾကားျဖတ္မႈ ရိွေနတဲ့အခါ အျခား အာရုံတစ္ခုကို ဦးေႏွာက္က လုပ္ေဆာင္ဖို႔ ခက္ခဲေနတယ္ လို႔ သိရိွရပါတယ္။

စမး္သပ္ခံမယ့္ လူေတြရဲ႕ လက္ကို တုန္ခါေအာင္ ျပဳလုပ္ထားပီး မ်က္လုံးက စာေတြကို ရွာခိုင္းတဲ့အခါ လက္ရဲ႕ တုန္ခါမႈ နည္းေလေလ မ်က္လုံးက ပို အလုပ္လုပ္ႏိုင္ေလ ျဖစ္တာကို သုေတသနက ေတြ႔ရိွခဲ့ရတာ ျဖစ္ပါတယ္။

အာရုံ တစ္ခုကို ႏွစ္ႏွစ္ကာကာ ခံစားမယ့္ အခ်ိန္မွာ အျခား အာရုံ တစ္ခုကို ရပ္ထားတတ္တာေၾကာင့္ နမ္းတဲ့အခါ မ်က္လုံး မွိိတ္သြားတတ္တာ ျဖစ္ပါတယ္။

ဒါေၾကာင့္ မ်က္လုံး ဖြင့္ပီး နမ္းတဲ့အခါ ရရိွမယ့္ အနမ္းက ခံစားမႈကို ႏွစ္ႏွစ္ကာကာ မရိွတာေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ သုေတသနကို Experimental Psychology Human Perception and Performance မွာ ေဖာ္ျပခဲ့ပါတယ္။

source – radio one, abc

(For Unicode)

တစ်စုံ တစ်ယောက်ကို နှစ်နှစ် ကာကာ နမ်းရှုံ့လိုက်တဲ့ အခါ ဘာကြောင့် မျက်လုံးတွေက မှိတ်သွားတာလဲ။ ဒီဖြစ်ရပ် အတွက် သိပ္ပံနည်း ကျတဲ့ အဖြေတော့ ရှိနေပါတယ်။

အင်္ဂလန်နိုင်ငံရှိ Royal Holloway တက္ကသိုလ်မှ စိတ်ပညာရှင်များရဲ့ လေ့လာ တွေ့ရှိချက်အရ ဒီလို မျက်စိမှိတ် သွားရခြင်းဟာ အာရုံ ခံစားမှုနဲ့ ဆိုင်တယ်လို့ ဆိုပါတယ်။

အမြင် အာရုံနဲ့ အထိအတွေ့ အာရုံတွေကို အခြေခံကာ လူမာျးကို စမ်းသပ် လေ့လာခဲ့တာ ဖြစ်ပီး မျက်လုံးကို ဖွင့်ထားချိန် အမြင် အာရုံရဲ့ ကြားဖြတ်မှု ရှိနေတဲ့အခါ အခြား အာရုံတစ်ခုကို ဦးနှောက်က လုပ်ဆောင်ဖို့ ခက်ခဲနေတယ် လို့ သိရှိရပါတယ်။

စမ်းသပ်ခံမယ့် လူတွေရဲ့ လက်ကို တုန်ခါအောင် ပြုလုပ်ထားပီး မျက်လုံးက စာတွေကို ရှာခိုင်းတဲ့အခါ လက်ရဲ့ တုန်ခါမှု နည်းလေလေ မျက်လုံးက ပို အလုပ်လုပ်နိုင်လေ ဖြစ်တာကို သုတေသနက တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။

အာရုံ တစ်ခုကို နှစ်နှစ်ကာကာ ခံစားမယ့် အချိန်မှာ အခြား အာရုံ တစ်ခုကို ရပ်ထားတတ်တာကြောင့် နမ်းတဲ့အခါ မျက်လုံး မှိတ်သွားတတ်တာ ဖြစ်ပါတယ်။

ဒါကြောင့် မျက်လုံး ဖွင့်ပီး နမ်းတဲ့အခါ ရရှိမယ့် အနမ်းက ခံစားမှုကို နှစ်နှစ်ကာကာ မရှိတာကြောင့် ဖြစ်နိုင်ပါတယ်။ သုတေသနကို Experimental Psychology Human Perception and Performance မှာ ဖော်ပြခဲ့ပါတယ်။

source – radio one, abc