
0
157

For Zawgyi





ရုပ်သံကြည့်ရှု့ရန်


For Unicode

မေမေအေသင်အသံသွင်းနေတာကို သီချင်းတွေလိုက်ဆိုပြီး အသံလိုက်သွင်းနေတဲ့ အိုင်ဗွီလေး ရုပ်သံ

ပရိသတ်ကြီးရေ အဆိုတော်တစ်ယာက်အဖြစ် အနုပညာ နယ်ပယ်ထဲမှာ ရပ်တည်နေတဲ့အေသင်ချိုဆွေကတော့ ပရိသတ်တွေ အားပေး ချစ်ခင်ရတဲ့သူ တစ်ယောက်ပါနော် ။ အနုပညာလောကထဲကနေ ခဏမျှ ပျောက်ကွယ်သွားပြီး အခုချိန်မှာဆိုရင်တော့ အေသင်ကအနုပညာ အလုပ်တွေ တစိုက်မက်မက် ပြန်လည် လုပ်ဆောင်နေတာကို တွေ့ရပါတယ် ။ အေသင်က သူမနဲ့တူတဲ့ သမီးလေး တစ်ယောက်ကိုလည်း မွေးဖွားထားပြီး သမီးလေးအတွက် အလုပ်တွေကို ပိုကြိုးစားနေတာ ဖြစ်ပါတယ် ။

သမီးလေးရဲ့ အိမ်နာမည်ကို အိုင်ဗွီလို့ ချစ်စနိုးပေးထားပြီး အိုင်ဗွီလေးကို ပရိသတ်တွေကပါ ချစ်ကြပါတယ် ။ အိုင်ဗွီလေးကေ မမေအေသင်အတွက်တော့ အားတစ်ခုဖြစ်စေပြီး အဖော်လည်း ရစေပါတယ် ။ အိုင်ဗွီလေးက တီတီတာတာလေးတွေ ပြောပြီး အရမ်း ချစ်စရာကောင်းတာကြောင့် တွေ့မြင်တဲ့လူတိုင်းက ချစ်ပြီး လူချစ်လူခင် ပေါများတဲ့ ကလေးလေးပါ ။ ပရိသတ်တွေကတော့ မေမေအောသင်ကို ချစ်ရုံတင်မကဘဲ အခုဆိုရင်တော့ သမီးလေးကိုပါ ချစ်နေကြပါပြီ ။

အခုဆိုရင် အေသင်ကတော့ သီချင်းအသစ်တွေကိုလည်း ဖန်တီးနေသလို သူမရဲ့ သီချင်းဟောင်းလေးတွေကိုလည်း သံစဉ်အသစ်လေးနဲ့ ပြန်လည် သီဆိုနေပါတယ် ။ အခုဆိုရင်တော့ မေမေအေသင် အသံသွင်းတဲ့ စတူဒီယိုကို အိုင်ဗွီလေးကပါ လိုက်သွားပါတယ် ။ အိုင်ဗွီလေးကို မေမေအသင်က ချီပြီး အသံသွင်းနေရင်း အိုင်ဗွီကပါ သီချင်းတွေ လိုက်ဆိုနေပါတယ် ။ မေမေသီချင်းတစ်ကြောင်းဆိုရင် သူလေးကပါ လိုက်ဆိုပြီး ချစ်စရာကောင်းအောင် ပြုမူနေတဲ့ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါရစေေ ။

ရုပ်သံကြည့်ရှု့ရန်

Source:Athen Cho Swe,CRD-Myanmarload