ေဆးလိပ္ေသာက္ျခင္းေၾကာင့္ အမ်ိဳးသားမ်ားရဲ႕ လိင္အဂၤါ ေသးငယ္က်ဳံ႕လွီ သြားေစႏိုင္ေၾကာင္း ပညာရွင္မ်ားအတည္ျပဳ

0
2770

For Zawgyi

ေဆးလိပ္ေသာက္ျခင္းေၾကာင့္ အမ်ိဳးသားမ်ားရဲ႕ လိင္အဂၤါ ေသးငယ္က်ဳံ႕လွီ သြားေစႏိုင္ေၾကာင္း ပညာရွင္မ်ားအတည္ျပဳ

ေဘာ္ဒါတို႔ကို စိတ္မေကာင္းတဲ့ၾကားကပဲ ေျပာရေတာ့မွာပဲ ။ စီးကရက္ေလး ႏႈတ္ခမ္းေတ့ရင္း ေသာက္ရႈလိုက္ရတဲ့ ခဏဟာ စတိုင္လည္း က်သလို ခါးတြင္းခ်ဥ္ ေျပၿပီး အရသာလည္း တစ္ရႈိက္မတ္မတ္ ရွိလွတယ္ဆိုတာ ေဆးလိပ္သမားတိုင္း အသိပါ ။ ဒါေပမယ့္ ဒီလို ေဆးလိပ္ေငြ႕ေတြၾကားမွာ တစ္ျဖည္းျဖည္းနဲ႔ စတိုင္ မက်ေတာ့မယ့္ ေယာက္က်ားတန္ဖိုးက အႏၲရာယ္ တစ္ရပ္အျဖစ္ ရွိေနပါတယ္ ။

ဒါကေတာ့ ပညာရွင္ေတြ ကိုယ္တိုင္ သတိေပးလာတာပါပဲ ။ ေဆးလိပ္ေၾကာင့္ အမ်ိဳးသား ငယ္ပါ ေသးငယ္က်ဳံ႔လွီ သြားေစႏိုင္တယ္လို႔ ပညာရွင္ေတြက သတိေပးပါတယ္ ။ ေဆးလိပ္ေသာက္တာဟာ အမ်ိဳးသားေတြေပၚ ဆိုးက်ိဳးေတြ ေတာ္ေတာ္မ်ားမ်ား ေပးတယ္လို႔ ပညာရွင္ေတြက ေျပာပါတယ္ ။ ေတာင္မတ္စြမ္း က်သြားတာအျပင္ ေသးက်ဳံ႔သြားတာေတာင္ ျဖစ္ေစႏိုင္တယ္လို႔ ဆိုပါတယ္ ။

လိင္ေဗဒေရးရာ ပညာရွင္ မားစ္လန္နီယာဒိုက ‘ခင္ဗ်ားတို႔ ေတြးတာထက္ေတာင္ ဆိုးပါတယ္ ။’လို႔ Mirror Online သို႔ ေျပာပါတယ္ ။

“ေတာင္မတ္စြမ္း ဆုတ္ယုတ္သြားရတာကေတာ့ တကယ့္ လက္ေတြ႕ျပႆနာႀကီးပဲ ။ အားေကာင္းေကာင္းနဲ႔ ေတာင္မတ္ႏိုင္ဖို႔က ေသြး ေကာင္းေကာင္း စီးဖို႔ လိုတယ္ ။ ေဆးလိပ္သမားေတြကေတာ့ ေသြးေၾကာေတြ အားလုံး အညစ္အေၾကးေၾကာင့္ စီးဆင္းမႈ အားေကာင္းတာမ်ိဳး ျဖစ္တယ္ ။ ငယ္ပါလည္း အပါအဝင္ပဲ ။ ေသြးစီးဆင္းမႈ အားေလ်ာ့သြားေတာ့တာ ျဖစ္တယ္ ။”လို႔ ၎က ေျပာပါတယ္ ။

“ေဆးလိပ္မွာ ပါတဲ့ ဓာတုပစၥည္းေတြက ေတာင္မတ္အားအေပၚ သက္ေရာက္ေတာ့တာပဲ ။ နီကိုတင္းက ေသြးေၾကးေတြကို က်ဥ္းေစတယ္ ။ ဒါဟာ အၿမဲလည္း ျဖစ္သြားႏိုင္တယ္ ။”လို႔ နီယာဒိုက သတိေပး ေျပာခဲ့ပါတယ္ ။

ဒီအတြက္ ေသြးစီးအား မေကာင္းတာနဲ႔အတူ ေသးငယ္က်ဳံ႔လွီတဲ့ အျဖစ္ထိ ေရာက္ႏိုင္တဲ့ အႏၲရာယ္ရွိတာမို႔ ေဆးလိပ္ေၾကာင့္ ပုရိသဘ၀ မလွမပ ျဖစ္ရတယ္လို႔ ၎က အဆုံးသတ္ ေျပာသြားခဲ့ပါတယ္ ။

Source : ေမာင္သံဆင့္ Daily Hot News

For Unicode

ဆေးလိပ်သောက်ခြင်းကြောင့် အမျိုးသားများရဲ့ လိင်အင်္ဂါ သေးငယ်ကျုံ့လှီ သွားစေနိုင်ကြောင်း ပညာရှင်များအတည်ပြု

ဘော်ဒါတို့ကို စိတ်မကောင်းတဲ့ကြားကပဲ ပြောရတော့မှာပဲ ။ စီးကရက်လေး နှုတ်ခမ်းတေ့ရင်း သောက်ရှုလိုက်ရတဲ့ ခဏဟာ စတိုင်လည်း ကျသလို ခါးတွင်းချဉ် ပြေပြီး အရသာလည်း တစ်ရှိုက်မတ်မတ် ရှိလှတယ်ဆိုတာ ဆေးလိပ်သမားတိုင်း အသိပါ ။ ဒါပေမယ့် ဒီလို ဆေးလိပ်ငွေ့တွေကြားမှာ တစ်ဖြည်းဖြည်းနဲ့ စတိုင် မကျတော့မယ့် ယောက်ကျားတန်ဖိုးက အန္တရာယ် တစ်ရပ်အဖြစ် ရှိနေပါတယ် ။

ဒါကတော့ ပညာရှင်တွေ ကိုယ်တိုင် သတိပေးလာတာပါပဲ ။ ဆေးလိပ်ကြောင့် အမျိုးသား ငယ်ပါ သေးငယ်ကျုံ့လှီ သွားစေနိုင်တယ်လို့ ပညာရှင်တွေက သတိပေးပါတယ် ။ ဆေးလိပ်သောက်တာဟာ အမျိုးသားတွေပေါ် ဆိုးကျိုးတွေ တော်တော်များများ ပေးတယ်လို့ ပညာရှင်တွေက ပြောပါတယ် ။ တောင်မတ်စွမ်း ကျသွားတာအပြင် သေးကျုံ့သွားတာတောင် ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ် ။

လိင်ဗေဒရေးရာ ပညာရှင် မားစ်လန်နီယာဒိုက ‘ခင်ဗျားတို့ တွေးတာထက်တောင် ဆိုးပါတယ် ။’လို့ Mirror Online သို့ ပြောပါတယ် ။

“တောင်မတ်စွမ်း ဆုတ်ယုတ်သွားရတာကတော့ တကယ့် လက်တွေ့ပြဿနာကြီးပဲ ။ အားကောင်းကောင်းနဲ့ တောင်မတ်နိုင်ဖို့က သွေး ကောင်းကောင်း စီးဖို့ လိုတယ် ။ ဆေးလိပ်သမားတွေကတော့ သွေးကြောတွေ အားလုံး အညစ်အကြေးကြောင့် စီးဆင်းမှု အားကောင်းတာမျိုး ဖြစ်တယ် ။ ငယ်ပါလည်း အပါအဝင်ပဲ ။ သွေးစီးဆင်းမှု အားလျော့သွားတော့တာ ဖြစ်တယ် ။”လို့ ၎င်းက ပြောပါတယ် ။

“ဆေးလိပ်မှာ ပါတဲ့ ဓာတုပစ္စည်းတွေက တောင်မတ်အားအပေါ် သက်ရောက်တော့တာပဲ ။ နီကိုတင်းက သွေးကြေးတွေကို ကျဉ်းစေတယ် ။ ဒါဟာ အမြဲလည်း ဖြစ်သွားနိုင်တယ် ။”လို့ နီယာဒိုက သတိပေး ပြောခဲ့ပါတယ် ။

ဒီအတွက် သွေးစီးအား မကောင်းတာနဲ့အတူ သေးငယ်ကျုံ့လှီတဲ့ အဖြစ်ထိ ရောက်နိုင်တဲ့ အန္တရာယ်ရှိတာမို့ ဆေးလိပ်ကြောင့် ပုရိသဘ၀ မလှမပ ဖြစ်ရတယ်လို့ ၎င်းက အဆုံးသတ် ပြောသွားခဲ့ပါတယ် ။

Source : မောင်သံဆင့် Daily Hot News