ကြၽန္မလက္ေကာက္ဝတ္ အရမ္းယားလို႔ ပြတ္ေနမိတဲ့ေနရာက သံေကာင္ ေသးေသးေလး အရွင္ေလး ထြက္လာလို႔

0
4097

For Zawgyi

ကြၽန္မလက္ေကာက္ဝတ္ အရမ္းယားလို႔ ပြတ္ေနမိတဲ့ေနရာက သံေကာင္ ေသးေသးေလး အရွင္ေလး ထြက္လာလို႔

“ဆရာေရ ကြၽန္မ လက္ေကာက္ဝတ္က အရမ္းယားလို႔ ပြတ္ေနမိတာ အဲဒီေနရာက သံေကာင္ေသးေသးေလး အရွင္ေလး ထြက္လာလို႔”

“ဟား” ကိုယ္လည္း အံ့ၾသယုံသာ ။

တကယ္ေတာ့ သူအဲဒီေနရာမွာ ကြက္ၿပီး ယားေနခဲ့တာ ၁ ႏွစ္ေလာက္ ရွိၿပီ ။ က်ေနာ္လည္း ႐ြာလည္ေနေအာင္ စဥ္းစားကုခဲ့တာ မေအာင္ျမင္ ။ ေနာက္ေတာ့ ညည္း Fixed Drug Eruption ျဖစ္မွာပဲ လို႔ ေကာက္ခ်က္ခ်ေပးခဲ့မိတာ ။ သူကိုယ္တိုင္ကလည္း သူနာျပဳ ဆရာမ ။ အျပင္ေဆးခန္းမွာ က်ေနာ္နဲ႔ အတူ အလုပ္လုပ္ေနသူ ။ သူလည္း အမ်ိဳးမ်ိဳး စဥ္းစားၿပီး ေရွာင္တာ ။ ပါရာစီတေမာလား ထင္မိၾကေသး ။

ေနာက္ေတာ့လည္း သူ႔ခမ်ာ ျပန္ျပန္ျဖစ္ေနတာ ။ ထိုင္းမွာ သင္တန္းသြားတက္ေတာ့မွ Gnathostomiasis (larva migrans profundus) အေၾကာင္း ဆလိုက္ထိုး သင္ေတာ့မွ လူနာပုံေတြမွာ အားလုံးက ထမီ ဝတ္ထားၾကတာ ။ ျမန္မာျပည္မွာ မေပ်ာက္လို႔ ထိုင္းလာကုတာ ေတြေရာ ။ ထိုင္းေရာက္ေနတဲ့ ျမန္မာအလုပ္သမားေတြေရာ ျဖစ္လိုက္ၾကတာ ။ ထိုင္းပုံေတာင္ ခပ္ နည္းနည္းရယ္ ။ ျပန္လာမွ ဆရာမကို သံခ်ေဆး ေပးမိေတာ့တယ္ ။ ဆရာမ Albendol ေဆးစေသာက္လို႔ ၁ ပါတ္ ေနေတာ့ သန္ေကာင္ အရွင္ ထြက္လာေတာ့ ။ အခုေတာ့ Sister ျဖစ္သြားၿပီ ။ နယ္မွာ ။

cats, dogs, tigers, leopards, lions, mink, opossums, raccoons, poultry, frogs, freshwater fish, snakes or birds ေတြမွာ ရွိတဲ့ သံလုံးေကာင္က လူကိုယ္ထဲ ေရာက္သြားတာ ။ မ်ားေသာအားျဖင့္ အသားအစိမ္း (ငါးခ်ဥ္ ဝက္သားခ်ဥ္) စားသူေတြမွာ ျဖစ္တာ ။

ေနာက္တစ္ေယာက္ အသက္ ၄၀ ေလာက္ ။ ဗိုက္နာလို႔ က်ေနာ္နဲ႔ ျပေနဆဲမွာ ေလျဖတ္သလို တက္သြားလို႔ ေဆး႐ုံတင္ရတယ္ ။ စီတီမွာ ဘာမွ မေတြ႕ဘူး ။ ေနာက္ေတာ့ ျပန္ေကာင္းသြားတယ္ ။ ေနာက္လေတြမွာမွ Eosinophilia နဲ႔ ယားၿပီး ေဆးကုရတာ ၃ လေတာင္ၾကာတယ္ ။ (Neurognathostomiasis)

ပုံထဲက ကေလးမေလးက ညာ လက္ဖ်ံနဲ႔ လက္ေမာင္းမွာ နီပူယားေယာင္ ျဖစ္လိုက္ ေပ်ာက္လိုက္နဲ႔ ၁ ႏွစ္ရွိၿပီ ။ ရွမ္းျပည္က ။ မေပ်ာက္ေတာ့လို႔ မန္းေလး လာျပတာ ။ ပုံမွာလိုပဲ အညိဳ အမည္း စြဲေနၿပီ ။ ေသြးထဲမွာ Eosinophilia နဲ႔ ။

သူ႔ကို ေမးလိုက္ေတာ့

“ငါးခ်ဥ္စားလား”

“စားတယ္ ။ အရမ္းႀကိဳက္တာ ။”

“ခ်က္စားလား ။ အစိမ္းစားလား ။”

“အစိမ္းသုတ္စားတာ” တဲ့ ။

ခုလည္း ဆရာမ တစ္ေယာက္ကို ဝလာလာလိုက္တာလို႔ ႏႈတ္ဆက္မိေတာ့ Allergy ဆိုၿပီး Prenisolone ေသာက္ေနရလို႔ပါတဲ့ ။ ဟာ မွားေနၿပီ ။ Prednisolone ဆိုတာ ဘာမွ အေၾကာင္းရွာမေတြ႕မွ သက္သာေအာင္ေပးတာမ်ိဳး ။ ဘယ္ေနရာလဲ လို႔ ေမးေတာ့

ညာလက္ေမာင္းရင္းရယ္ ညာဖက္ရင္ဘတ္ အေပၚပိုင္းရယ္ကို ျပတယ္ ။

ဒီလို Localized ဆိုရင္ ေနရာကြက္ၿပီး allergy ျဖစ္တာ မျဖစ္ႏိုင္ဘူး ။ သံခ်ၿပီးၿပီလားလို႔ ေမးလိုက္ေတာ့

Albendazole 400 mg HS 3 days ေသာက္ၿပီးၿပီတဲ့

မွားၿပီ ။ ဒါက လူသန္ေကာင္မဟုတ္ဘူး ။ တိရိစာၦန္ သံေကာင္ ။ 400 bd for 3 weeks ၄၂ လုံးေတာင္ ေသာက္ရမွာလို႔ ေျပာလိုက္ရတယ္ ။

တေနရာထဲ ကြက္ၿပီး ယားလိုက္ ေယာင္လိုက္ ျဖစ္ေနရင္ Gnathostomiasis စဥ္းစားပါ ။ Albendazole 400 twice daily for 21 days ပါ ။

Credit : Maung Maung Oo

For Unicode

ကျွန်မလက်ကောက်ဝတ် အရမ်းယားလို့ ပွတ်နေမိတဲ့နေရာက သံကောင် သေးသေးလေး အရှင်လေး ထွက်လာလို့

“ဆရာရေ ကျွန်မ လက်ကောက်ဝတ်က အရမ်းယားလို့ ပွတ်နေမိတာ အဲဒီနေရာက သံကောင်သေးသေးလေး အရှင်လေး ထွက်လာလို့”

“ဟား” ကိုယ်လည်း အံ့သြယုံသာ ။

တကယ်တော့ သူအဲဒီနေရာမှာ ကွက်ပြီး ယားနေခဲ့တာ ၁ နှစ်လောက် ရှိပြီ ။ ကျနော်လည်း ရွာလည်နေအောင် စဉ်းစားကုခဲ့တာ မအောင်မြင် ။ နောက်တော့ ညည်း Fixed Drug Eruption ဖြစ်မှာပဲ လို့ ကောက်ချက်ချပေးခဲ့မိတာ ။ သူကိုယ်တိုင်ကလည်း သူနာပြု ဆရာမ ။ အပြင်ဆေးခန်းမှာ ကျနော်နဲ့ အတူ အလုပ်လုပ်နေသူ ။ သူလည်း အမျိုးမျိုး စဉ်းစားပြီး ရှောင်တာ ။ ပါရာစီတမောလား ထင်မိကြသေး ။

နောက်တော့လည်း သူ့ခမျာ ပြန်ပြန်ဖြစ်နေတာ ။ ထိုင်းမှာ သင်တန်းသွားတက်တော့မှ Gnathostomiasis (larva migrans profundus) အကြောင်း ဆလိုက်ထိုး သင်တော့မှ လူနာပုံတွေမှာ အားလုံးက ထမီ ဝတ်ထားကြတာ ။ မြန်မာပြည်မှာ မပျောက်လို့ ထိုင်းလာကုတာ တွေရော ။ ထိုင်းရောက်နေတဲ့ မြန်မာအလုပ်သမားတွေရော ဖြစ်လိုက်ကြတာ ။ ထိုင်းပုံတောင် ခပ် နည်းနည်းရယ် ။ ပြန်လာမှ ဆရာမကို သံချဆေး ပေးမိတော့တယ် ။ ဆရာမ Albendol ဆေးစသောက်လို့ ၁ ပါတ် နေတော့ သန်ကောင် အရှင် ထွက်လာတော့ ။ အခုတော့ Sister ဖြစ်သွားပြီ ။ နယ်မှာ ။

cats, dogs, tigers, leopards, lions, mink, opossums, raccoons, poultry, frogs, freshwater fish, snakes or birds တွေမှာ ရှိတဲ့ သံလုံးကောင်က လူကိုယ်ထဲ ရောက်သွားတာ ။ များသောအားဖြင့် အသားအစိမ်း (ငါးချဉ် ဝက်သားချဉ်) စားသူတွေမှာ ဖြစ်တာ ။

နောက်တစ်ယောက် အသက် ၄၀ လောက် ။ ဗိုက်နာလို့ ကျနော်နဲ့ ပြနေဆဲမှာ လေဖြတ်သလို တက်သွားလို့ ဆေးရုံတင်ရတယ် ။ စီတီမှာ ဘာမှ မတွေ့ဘူး ။ နောက်တော့ ပြန်ကောင်းသွားတယ် ။ နောက်လတွေမှာမှ Eosinophilia နဲ့ ယားပြီး ဆေးကုရတာ ၃ လတောင်ကြာတယ် ။ (Neurognathostomiasis)

ပုံထဲက ကလေးမလေးက ညာ လက်ဖျံနဲ့ လက်မောင်းမှာ နီပူယားယောင် ဖြစ်လိုက် ပျောက်လိုက်နဲ့ ၁ နှစ်ရှိပြီ ။ ရှမ်းပြည်က ။ မပျောက်တော့လို့ မန်းလေး လာပြတာ ။ ပုံမှာလိုပဲ အညို အမည်း စွဲနေပြီ ။ သွေးထဲမှာ Eosinophilia နဲ့ ။

သူ့ကို မေးလိုက်တော့

“ငါးချဉ်စားလား”

“စားတယ် ။ အရမ်းကြိုက်တာ ။”

“ချက်စားလား ။ အစိမ်းစားလား ။”

“အစိမ်းသုတ်စားတာ” တဲ့ ။

ခုလည်း ဆရာမ တစ်ယောက်ကို ဝလာလာလိုက်တာလို့ နှုတ်ဆက်မိတော့ Allergy ဆိုပြီး Prenisolone သောက်နေရလို့ပါတဲ့ ။ ဟာ မှားနေပြီ ။ Prednisolone ဆိုတာ ဘာမှ အကြောင်းရှာမတွေ့မှ သက်သာအောင်ပေးတာမျိုး ။ ဘယ်နေရာလဲ လို့ မေးတော့

ညာလက်မောင်းရင်းရယ် ညာဖက်ရင်ဘတ် အပေါ်ပိုင်းရယ်ကို ပြတယ် ။

ဒီလို Localized ဆိုရင် နေရာကွက်ပြီး allergy ဖြစ်တာ မဖြစ်နိုင်ဘူး ။ သံချပြီးပြီလားလို့ မေးလိုက်တော့

Albendazole 400 mg HS 3 days သောက်ပြီးပြီတဲ့

မှားပြီ ။ ဒါက လူသန်ကောင်မဟုတ်ဘူး ။ တိရိစ္ဆာန် သံကောင် ။ 400 bd for 3 weeks ၄၂ လုံးတောင် သောက်ရမှာလို့ ပြောလိုက်ရတယ် ။

တနေရာထဲ ကွက်ပြီး ယားလိုက် ယောင်လိုက် ဖြစ်နေရင် Gnathostomiasis စဉ်းစားပါ ။ Albendazole 400 twice daily for 21 days ပါ ။

Credit : Maung Maung Oo