FA ျဖစ္ေနတဲ့ မိန္းကေလးေတြမွာပဲ ေတြ႔ရႏိုင္မယ့္ အက်င့္မ်ား နဲ႔ အျပဳအမူမ်ား

0
386

Zawgyi

FA ျဖစ္ေနတဲ့ မိန္းကေလးေတြမွာပဲ ေတြ႔ရႏိုင္မယ့္ အက်င့္မ်ား နဲ႔ အျပဳအမူမ်ား

Forever Alone (FA) ဆုိတာက နာမည္သာ ၾကားရတာ ဆုိးတာ ၊ တကယ္ေတာ့ သူတုိ႕ေတြကမွ ဘဝရဲ႕ အႏွစ္သာရကို အျပည့္အဝနဲ႕ ခံစားေနရသူေတြပဲ ျဖစ္တယ္။ သူတုိ႕ စိတ္ႀကိဳက္ လုပ္ခ်င္တာလုပ္ခြင့္ ရွိသလုိ၊ စိတ္ပူစရာ၊ ပူပန္စရာ၊ သ၀န္တုိ စရာလည္း မလုိတာေၾကာင့္ စိတ္ခ်မ္းသာ ရဆုံးနဲ႕ စိတ္ညစ္စရာေတြ မရွိေတာ့ ႏုပ်ိဳလန္းဆန္းရ သူေတြပဲ ျဖစ္တယ္။ သူတုိ႕ေတြ မွာေတာ့ ဒီလုိ အက်င့္ နဲ႕ အျပဳအမႈေတြ ရွိတယ္။

၁။ ေခါင္းမာတယ္

သူတုိ႕ေလးေတြမွာ ေခါင္းမာတတ္တဲ့ အက်င့္ ရွိတယ္။ သူတုိ႕ေတြကို တစ္ေယာက္က အၾကံေပးလုိက္ ရင္လည္း လက္မခံဘဲ သူတုိ႕ ယုံၾကည္ခ်က္နဲ႕ သူတုိ႕ လက္ခံထားၿပီး ေခါင္းမာ ၾကတယ္။ သူတုိ႕လုပ္စရာ ရွိတာကို အၿပီးထိ လုပ္တတ္သူ ျဖစ္သလို ရေအာင္ လုပ္တတ္ သူေတြပဲ ျဖစ္တယ္။

၂။ တေယာက္တည္း ေနတတ္တဲ့ အက်င့္ ရွိတယ္

ဒီလုိ မိန္းကေလးေတြက သူငယ္ခ်င္းေတြနဲ႕ ေနရင္ေန၊ မေနရရင္ တစ္ေယာက္တည္းပဲ ေနတတ္တဲ့ အက်င့္ ရွိတယ္။ အခ်စ္ကိုလည္း ေခါင္းထဲ မထည့္တတ္ဘူး။ အခ်စ္က ပူေလာင္ျခင္း တစ္မ်ိဳးလို႕ ခံယူထားၿပီး အပူ မယူခ်င္ၾကတဲ့ သေဘာပဲ ျဖစ္တယ္။ တစ္ေယာက္တည္း ေအးေအး ေဆးေဆး သီခ်င္း နားေထာင္ရင္း ဘ၀ကို ျဖတ္သန္းရတာ သေဘာက် ၾကတယ္။

၃။ ပုိက္ဆံ ေခၽြတာတယ္

သူတုိ႔ေလးေတြမွာ ပုိက္ဆံကို ေရလုိ မသုံးတတ္တဲ့ အက်င့္ ရွိတယ္။ ဆုိလုိခ်င္ တာကေတာ့ ပုိက္ဆံကို လုိတဲ့ ေနရာမွာ သုံးတတ္ၿပီး မလုိတာေတြ အတြက္ မျဖဳန္းဘူး။ သူတုိ႕ အတြက္ေတာင္ ကုန္ရမွာ ေတြေတာင္ မကုန္ခ်င္လုိ႕ ေခၽြတာေနတာ တျခားသူ အတြက္ ကုန္ဖုိ႕အတြက္ စဥ္းစားမိမွာ မဟုတ္ဘူး။ ဒါေၾကာင့္လည္း တစ္ေယာက္တည္း လြတ္လြတ္ လပ္လပ္နဲ႕ FA ဆုိတဲ့ အမည္ ေအာက္မွာ ေပ်ာ္ေန တာပဲ ျဖစ္တယ္။

၄။ Crush ရွိတယ္

FA ေလးေတြ ေတာ္ေတာ္ မ်ားမ်ားက အခ်စ္ေၾကာင့္ စိတ္ပ်က္သြားရ တာမ်ိဳး ႀကံဳခဲ့ဖူးလုိ႕ ေနာက္အခ်စ္အတြက္ မပူခ်င္ ေတာ့ဘဲ FA အျဖစ္ ခံယူေနၾကတာပဲ ျဖစ္တယ္။ ဒါေပမယ့္ သူတုိ႕ေတြရဲ႕ ရင္ထဲမွာကုိယ့္စီ ႀကိတ္ႀကိဳက္ ေနတဲ့ Crush ေတြ ရွိတတ္ ၾကတယ္။ အခ်စ္ေတြကို ျဖန္႕က်က္ထားတဲ့ သေဘာမ်ိဳးေပါ့။

၅။ သူငယ္ခ်င္းကို ပုိခင္တြယ္တယ္

သူတုိ႕ေတြက သူငယ္ခ်င္းေတြကို ပုိခင္တြယ္ ၾကတယ္။ သူငယ္ခ်င္းေတြနဲ႕ ေနရရင္ကိုပဲ ေပ်ာ္ေနၾကတယ္။ သူငယ္ခ်င္းေတြနဲ႕ အတူ ရွိေနရရင္ ရင္ဖြင့္ခ်င္တုိင္း ရင္ဖြင့္လုိ႕ ရတယ္၊ ေျပာခ်င္တာ ေတြကိုလည္း စိတ္ရွိ လက္ရွိ ေျပာလုိ႕ရတယ္၊ ဟန္ေဆာင္မႈ ကင္းကင္းနဲဲ႕ ေပ်ာ္ေပ်ာ္ေနလုိ႕ ရတယ္ ၊ သူငယ္ခ်င္း ရွိေနရင္ ခ်စ္သူေတာင္ မလုိေတာ့ဘူး ဆုိၿပီး ေတြးတဲ့ အက်င့္မ်ိဳး ရွိတယ္ ။

Hannwe Soe (Auntymay)

Unicode

FA ဖြစ်နေတဲ့ မိန်းကလေးတွေမှာပဲ တွေ့ရနိုင်မယ့် အကျင့်များ နဲ့ အပြုအမှုများ

Forever Alone (FA) ဆိုတာက နာမည်သာ ကြားရတာ ဆိုးတာ ၊ တကယ်တော့ သူတို့တွေကမှ ဘဝရဲ့ အနှစ်သာရကို အပြည့်အဝနဲ့ ခံစားနေရသူတွေပဲ ဖြစ်တယ်။ သူတို့ စိတ်ကြိုက် လုပ်ချင်တာလုပ်ခွင့် ရှိသလို၊ စိတ်ပူစရာ၊ ပူပန်စရာ၊ သဝန်တို စရာလည်း မလိုတာကြောင့် စိတ်ချမ်းသာ ရဆုံးနဲ့ စိတ်ညစ်စရာတွေ မရှိတော့ နုပျိုလန်းဆန်းရ သူတွေပဲ ဖြစ်တယ်။ သူတို့တွေ မှာတော့ ဒီလို အကျင့် နဲ့ အပြုအမှုတွေ ရှိတယ်။

၁။ ခေါင်းမာတယ်

သူတို့လေးတွေမှာ ခေါင်းမာတတ်တဲ့ အကျင့် ရှိတယ်။ သူတို့တွေကို တစ်ယောက်က အကြံပေးလိုက် ရင်လည်း လက်မခံဘဲ သူတို့ ယုံကြည်ချက်နဲ့ သူတို့ လက်ခံထားပြီး ခေါင်းမာ ကြတယ်။ သူတို့လုပ်စရာ ရှိတာကို အပြီးထိ လုပ်တတ်သူ ဖြစ်သလို ရအောင် လုပ်တတ် သူတွေပဲ ဖြစ်တယ်။

၂။ တယောက်တည်း နေတတ်တဲ့ အကျင့် ရှိတယ်

ဒီလို မိန်းကလေးတွေက သူငယ်ချင်းတွေနဲ့ နေရင်နေ၊ မနေရရင် တစ်ယောက်တည်းပဲ နေတတ်တဲ့ အကျင့် ရှိတယ်။ အချစ်ကိုလည်း ခေါင်းထဲ မထည့်တတ်ဘူး။ အချစ်က ပူလောင်ခြင်း တစ်မျိုးလို့ ခံယူထားပြီး အပူ မယူချင်ကြတဲ့ သဘောပဲ ဖြစ်တယ်။ တစ်ယောက်တည်း အေးအေး ဆေးဆေး သီချင်း နားထောင်ရင်း ဘဝကို ဖြတ်သန်းရတာ သဘောကျ ကြတယ်။

၃။ ပိုက်ဆံ ချွေတာတယ်

သူတို့လေးတွေမှာ ပိုက်ဆံကို ရေလို မသုံးတတ်တဲ့ အကျင့် ရှိတယ်။ ဆိုလိုချင် တာကတော့ ပိုက်ဆံကို လိုတဲ့ နေရာမှာ သုံးတတ်ပြီး မလိုတာတွေ အတွက် မဖြုန်းဘူး။ သူတို့ အတွက်တောင် ကုန်ရမှာ တွေတောင် မကုန်ချင်လို့ ချွေတာနေတာ တခြားသူ အတွက် ကုန်ဖို့အတွက် စဉ်းစားမိမှာ မဟုတ်ဘူး။ ဒါကြောင့်လည်း တစ်ယောက်တည်း လွတ်လွတ် လပ်လပ်နဲ့ FA ဆိုတဲ့ အမည် အောက်မှာ ပျော်နေ တာပဲ ဖြစ်တယ်။

၄။ Crush ရှိတယ်

FA လေးတွေ တော်တော် များများက အချစ်ကြောင့် စိတ်ပျက်သွားရ တာမျိုး ကြုံခဲ့ဖူးလို့ နောက်အချစ်အတွက် မပူချင် တော့ဘဲ FA အဖြစ် ခံယူနေကြတာပဲ ဖြစ်တယ်။ ဒါပေမယ့် သူတို့တွေရဲ့ ရင်ထဲမှာကိုယ့်စီ ကြိတ်ကြိုက် နေတဲ့ Crush တွေ ရှိတတ် ကြတယ်။ အချစ်တွေကို ဖြန့်ကျက်ထားတဲ့ သဘောမျိုးပေါ့။

၅။ သူငယ်ချင်းကို ပိုခင်တွယ်တယ်

သူတို့တွေက သူငယ်ချင်းတွေကို ပိုခင်တွယ် ကြတယ်။ သူငယ်ချင်းတွေနဲ့ နေရရင်ကိုပဲ ပျော်နေကြတယ်။ သူငယ်ချင်းတွေနဲ့ အတူ ရှိနေရရင် ရင်ဖွင့်ချင်တိုင်း ရင်ဖွင့်လို့ ရတယ်၊ ပြောချင်တာ တွေကိုလည်း စိတ်ရှိ လက်ရှိ ပြောလို့ရတယ်၊ ဟန်ဆောင်မှု ကင်းကင်းနဲ့ ပျော်ပျော်နေလို့ ရတယ် ၊ သူငယ်ချင်း ရှိနေရင် ချစ်သူတောင် မလိုတော့ဘူး ဆိုပြီး တွေးတဲ့ အကျင့်မျိုး ရှိတယ် ။

Hannwe Soe (Auntymay)