
0
578

Zawgyi





MC

Unicode

ရတဲ့ငွေတွေကို အကုန်လှူပြစ်ခဲ့တဲ့ ဏကြီး နဲ့ ဇနီးဖြစ်သူ သရုပ်ဆောင် ပိုင်ဖြိုးသု တို့ရဲ့ ကြည်နူးစရာ အလှူလေးများ

(၁၂) ရက်နေ့ ညနေက ပြည်သူ့ အကယ်ဒမီ ဆိုပြီး အနယ်နယ်၊ အရပ်ရပ်က သုသု တို့ကို ပရိတ်သတ်တွေ ပေးခဲ့တဲ့ ပန်းပု ရုပ်ထု နဲ့ အတူ သုသု တို့ ရရှိ ခဲ့တဲ့ ချီးမြှင့်ငွေ အားလုံးကို ကျန်းမာရေး မကောင်း ဖြစ်နေတဲ့ ဝါရင့် ဇာတ်ပို့ သရုပ်ဆောင် ကြီးတွေ ဖြစ်တဲ့ ဘဘ ဦးမန်းဝင်း၊ ဘဘ ဦးပေါ်လေး၊ ဘဘ ဦးဝင်းနိုင် (အနုပညာ)၊ လေးလေး ဦးဧရာ၊ မကြီး ကစ်ကစ်၊ မကြီး နွယ်နီ တို့ကို ခွဲဝေ ကန်တော့ခဲ့ ပါတယ် 🙏

သုသုတို့ရဲ့ ခုနစ်ရက် သားသမီး ပရိတ်သတ် တွေရဲ့ အလှူ ဖြစ်တာမို့ အားလုံး သာဓု ခေါ်နိုင် အောင် ပြန်လည် မျှဝေ လိုက် ပါတယ်ရှင့် 🙏🙏🙏 ဆိုပြီး ပိုင်ဖြိုးသု က သူမရဲ့ facebook မှာ ရေးသား ထား ပါတယ်။

”မီ” ရုပ်ရှင် ဇာတ်လမ်း ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ ဏကြီးနဲ့ဇနီး သရုပ်ဆောင် အကယ်ဒမီ ပိုင်ဖြိုးသု စုံတွဲ နှစ်တွဲကို ဂုဏ်ပြု ချီးမြှင့်တဲ့ ပြည်သူ့ အကယ်ဒမီ ပေးအပ်ပွဲ အခမ်းအနားကို မေလ ၁၂ ညနေပိုင်းက ရန်ကုန်မြို့ ကမ်းနားလမ်းမှာရှိတဲ့ Yangon Innovation Center မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ် ။

MC