
0
4032

Zawgyi






ရုပ်သံ


Unciode

ချစ်သူသက်တမ်း (၃) နှစ်ပြည့်ခါနီး ဆရာဝန်မလေးနဲ့ လမ်းခွဲလိုက်ရတဲ့ အကြောင်းရင်းကို ပြောပြလာတဲ့ အောင်ရေချမ်း ရုပ်သံ

“ပျားရည်အိုင်”၊ “ကျွန်မက မဟေသီ” စတဲ့ ဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုအပြည့်အဝရရှိထားတဲ့ မင်းသားချောလေး အောင်ရေချမ်းက သရုပ်ဆောင်တဲ့ နေရာမှာ တကယ့် လက်တွေ့နဲ့ မခြား သရုပ်ဆောင်နိုင်တာကြောင့် သဘာဝမင်းသား လို့တောင် တင်စားလို့ ရပါတယ် ။

အောင်ရေချမ်းက တစ်နေ့ထက် တစ်နေ့ အောင်မြင်မှုတွေ ရရှိလာတာနဲ့ အမျှ သူ့ရဲ့ အချစ်ရေး ကိုလည်း ပရိသတ်တွေက စိတ်ဝင်တစားနဲ့ စောင့်ကြည့်ကြ ပါတယ်။ အောင်ရေချမ်းက သုံးနှစ်တာမျှ သက်တမ်းရှိတဲ့ ချစ်သူဘဝလေးကို ပိုင်ဆိုင်ထား သူမို့ ပရိသတ်တွေက အားကျနေကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် စိတ်မကောင်းစွာနဲ့ပဲ အောင်ရေချမ်းနဲ့ သူ့ရဲ့ ချစ်သူ ဆရာဝန်မလေးတို့က လမ်းခွဲ လိုက်ပြီလို့သိရပါတယ်။ အောင်ရေချမ်းနဲ့ သူ့ရဲ့ချစ်သူ ဆရာဝန်မလေးတို့ စုံတွဲလေးကို ပရိသတ်တွေက နှမြောတသ ဖြစ်ကြ သလို တစ်ချို့ကတော့ ဆဲဆိုပြီး ဝေဖန်မှုတွေ ရှိခဲ့ ကြပါတယ် ။

အောင်ရေချမ်း ကတော့ သုံးနှစ်တာ ချစ်ခဲ့ကြတဲ့ ချစ်သူ ဆရာဝန်မလေးနဲ့ လမ်းခွဲခဲ့ကြတဲ့ အကြောင်းရင်းကို ပရိသတ်ကို ပြောပြလာခဲ့ ပါတယ် ။ အောင်ရေချမ်းက“ အနုပညာအတွက် အချစ်ကို စွန့်လွှတ်ခဲ့တယ်။ ချစ်သူသက်တမ်း (၃) နှစ်ပြည့်ခါနီးမှာ အေးအေး လူလူ လမ်းခွဲ လိုက်တယ်။ မဖြစ်နိုင်တဲ့ အခြေအနေမို့ပါ ” လို့ ပြောလာခဲ့ပါ တယ်။ ပရိသတ်ကြီးအတွက် အောင်ရေချမ်းရဲ့ interview ဗီဒီယိုဖိုင်လေးတွေကို ဖော်ပြပေးလိုက် ပါတယ်နော်။

ရုပ်သံ

Video Source-Myanmar Celebrity