0
617
Zawgyi
momolay
Unicode
အနုပညာရှင်များ တက်ရောက် အားပေးခဲ့ကြတဲ့ စန္ဒီမြင့်လွင်တို့ ဇနီးမောင်နှံ ဖွင့်ထားတဲ့ ခမ်းနားလှတဲ့ အမိုက်စား ဘားကြီး
စကားပြောရင် အရမ်းကို ချစ်စရာ ကောင်းတဲ့ အဆိုတော် မင်းသမီးလေး စန္ဒီမြင့်လွင်ကတော့ ချစ်ရတဲ့ချစ်သူနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးကို ဖန်တီးနေတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ စန္ဒီမြင့်လွင်က ၃၉ လမ်းထိပ် ကုန်သည်လမ်းမပေါ်မှာ အမိုက်စား ဘားကြီး ဖွင့်လှစ်လိုက်တဲ့အကြောင်း ပရိသတ်တွေကို သတင်းကောင်းပါး လိုက်တာ တွေ့ရပါတယ် ။
ထူးခြားတဲ့ အပြင်အဆင်နဲ့ အမိုက်စား ဖန်တီးထားတဲ့ စန္ဒီမြင့်လွင်ရဲ့ Bart Bar ကတော့ အရမ်းကို သွားချင်စဖွယ်လေး ဖြစ်လို့နေတာ ပါနော်။ ချစ်ပရိသတ်တွေ အတွက် စန္ဒီမြင့်လွင်တို့ရဲ့ Bart Bar ဖွင့်ပွဲမှ ပုံရိပ်တွေကို ဖော်ပြပေးလိုက် ပါတယ်နေ်ာ။
စန္ဒီမြင့်လွင်ကတော့ “Bart Bar opening ceremony 🍾လာရောက်အားပေးလို့ရပါပီရှင်🥂 ၃၉ လမ်းထိပ် ကုန်သည်လမ်းမပေါ် အောက်ဘလောက်🤩” ဆိုပြီး ဘားဖွင့်ပွဲက ပုံလေးနဲ့တကွ သူမရဲ့လူမှုကွန်ယက်မှာ တင်ထားခဲ့ တာပါ။ စန္ဒီမြင့်လွင်တို့ရဲ့ Bart Bar ဖွင့်ပွဲ ကိုတော့ ချစ်ရခင်ရတဲ့ အနုပညာရှင်တွေ ကလည်း တက်ရောက် ဂုဏ်ပြုပေး ခဲ့ကြတာ တွေ့ရ ပါတယ်။
စန္ဒီမြင့်လွင်နဲ့ သီဟလွင်တို့ ဇနီးမောင်နှံနှစ် ဦးကတော့ ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့က ထိမ်းမြားလက်ထပ်ခဲ့ကြတာဖြစ်ပြီး သာယာအေးချမ်းတဲ့ အိမ်ထောင်ရေးကို အတူ ပုံဖော်နေကြတာပဲ ဖြစ်ပါတယ်။ စန္ဒီမြင့်လွင်ကတော့ လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက် ပြုလုပ်နေတာ ဖြစ်ပြီး စီးပွားရေးပိုင်း မှာလည်း ကြိုးစား လုပ်ကိုင်နေတာ တွေ့ရပါတယ် ။
စန္ဒီမြင့်လွင်ကတော့ မကြာခင်မှာ သမီးလေးတစ်ယောက် ပိုင်ဆိုင် တော့မယ့် မေမေဖြစ်တော့မှာပါ။ ချစ်ပရိသတ်တွေ လည်း အမိုက်စား ဘားကြီး ဖွင့်လိုက်ပြီဖြစ်တဲ့ စန္ဒီမြင့်လွင်တို့ ဇနီးမောင်နှံကို ဂုဏ်ပြုစကားလေးတွေ ပြောသွားကြဖို့ မမေ့ပါနဲ့နော်။
momolay