
0
2497

For Zawgyi








For Unicode

လတ်တလောမှာ လူငယ်ပရိသတ်တွေကြားထဲ ရေပန်းစားနေတဲ့“ဒဿ”သီချင်း Cover MV လေး

အဆိုတော် NJ သီဆိုထားတဲ့ “ဒဿ” ဆိုတဲ့ သီချင်းက လွန်ခဲ့တဲ့ နှစ်ကတည်းက ပရိသတ်တွေ တော်တော်များများ ကြိုက်နှစ်သက်ရတဲ့ သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ် ။ “ဒဿ” သီချင်းက ရာမယနဇာတ်တော်ကြီးမှ အကြောင်းအရာတွေအတိုင်း သီချင်းအဖြစ် ပြန်လည် သီဆိုထားတာဖြစ်ပြီး သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေး အကြောင်းကို သီဆိုထားတာ ဖြစ်ပါတယ် ။ ထိုသီချင်းလေးက Tik Tok အသုံးပြုသူတွေအထိ ပျံ့နှံ့သွားပြီး တော်တော်လေး ပေါက်သွားတာ ဖြစ်ပါတယ် ။

“ဒဿ” သီချင်းကတော်တော်လေး ပေါက်သွားခဲ့ပေမယ့် Offical MV ကတော့ ဒီနေ့ဒီအချိန်ထိ မထွက်ရှိသေးပါဘူး ဒါပေမယ့် “ဒဿ” သီချင်းလေးကို ကြိုက်နှစ်သက်တဲ့ ဝါသနာရှင်တွေက ထိုသီချင်းလေးအတွက် Cover MV လေးကို သေသေချာချာလေး ပြင်ဆင်ပြီး ရိုက်ကူးထားပါတယ် ။

ထို “ဒဿ” သီချင်း Cover MV က ပရိသတ်တွေကြားထဲမှာ တဖန်ပြန်ပြီး နာမည်ကြီးလာခဲ့ပြီး ပရိသတ်တွေ တော်တော်လေး အကြိုက်တွေ့ကြတာကို ဂုဏ်ယူဖွယ် တွေ့ရှိရပါတယ် ။ ပရိသတ်တွေအတွက် “ဒဿ” သီချင်း Cover MV လေးကို ပြန်လည်မျှဝေလိုက်ပါတယ် ။

ဒဿအဖြစ်သရုပ်ဆောင်ထားတဲ့ ရဲရင့်ဟိန်း Cover MV

ဒီသီချင်းလေးမှာ ဝာသနာရှင်တွေ စုစည်းပြီး သေသေချာချာလေး ကြိုးစားသရုပ်ဆောင်ထားကြတာကို တွေ့ရပါတယ် ။ ထိုသီချင်းလေးက အစတည်းက ပေါက်ပြီးသားကို အခု MV လေးကလဲ လူကြိုက် တော်တော်လေး များပြားလှပါတယ် ။ ပရိသတ်တွေလဲ ဒီသီချင်း MV Cover လေးကို သဘောကျ ကြိုက်နှစ်သက်ကြမယ် ထင်ပါတယ် ။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူး တင်ရှိပါတယ် ။

CRD-Rowena,Source: Myat Aung’s fb