ႏိုင္ငံျခားကမင္းသားေတြနဲ႔ ရုပ္ရွင္ရိုက္ခ်င္တယ္ဆိုတဲ့ ဇနီးကို ခ်စ္စဖြယ္ေလး တုံ႔ျပန္လိုက္တဲ့ ဇဏ္ခီ

0
1505

For Zawgyi

ႏိုင္ငံျခားကမင္းသားေတြနဲ႔ ရုပ္ရွင္ရိုက္ခ်င္တယ္ဆိုတဲ့ ဇနီးကို ခ်စ္စဖြယ္ေလး တုံ႔ျပန္လိုက္တဲ့ ဇဏ္ခီ

ခီ​ေမာင္နွံဆိုၿပီး ပရိသတ္ေတြက ခ်စ္စႏိုးနဲ႔ ေခၚၾကတဲ့ ဇဏ္ခီနဲ႔ ခရစၥတီးနားခီတို႔ ဇနီး​ေမာင္နွံ နွစ္ဦးက​ေတာ့ ခ်စ္ရတဲ့ အႏုပညာ အလုပ္​​ေတြကို အတူတကြ ဖန္တီးရင္​း ၿပီးျပည္​့စံုတဲ့မိသားစု ဘဝ​ေလးကိုလည္​း ပံု​ေဖာ္​​ေနၾကတာပါ ။ အႏုပညာကို ခ်စ္ျမတ္ႏိုးၾကတာခ်င္းတူတဲ့ ဒါ႐ိုက္တာနဲ႔ မင္​းသားတို႔ရဲ႕ အိမ္​​ေထာင္​​ေရးက​ေတာ့ ရာခိုင္​ႏႈန္​းအျပည္​့ နားလည္မႈ​ေတြနဲ႔ အ​ေကာင္​းဆံုး အႏုပညာ​ေတြကို ပရိသတ္​​ေတြကို ခ်ျပဖို႔ ႀကိဳးစား​ေနတာပါ ။

လတ္တ​ေလာမွာ​ေတာ့ ခရစၥတီးနားခီက ခင္ပြန္းမဟုတ္ပဲ ႏိုင္ငံျခားသား မင္းသားေတြနဲ႔ ရုပ္ရွင္ ရိုက္ခ်င္တယ္လို႔ စေနာက္ျပီး ေျပာလိုက္တာေၾကာင့္ ဇဏ္ခီတစ္ေယာက္ ဇနီးသည္ကို ခ်စ္စဖြယ္ေလး ျပန္လည္ တုံ့ျပန္လိုက္တာ ေတြ႔ရပါတယ္ ။

ခရစၥတီးနားခီကေတာ့”မင္းသားဆို ကိုဇဏ္ခီအျပင္ တျခားမ႐ိုက္ဘူးလား ေမးၾကတယ္ေနာ္ ႐ိုက္ခ်င္တာေပါ့လို႕ အေပၚဆံုးတန္းက 38 ေလး ၂ေယာက္ထဲက တေယာက္ေလာက္ နဲ႕ ႐ိုက္ရရင္ ဘယ္ေလာက္ေကာင္းမလဲ!!! အိမ္က38ေလး ဒီပို႕စ္ကို မျမင္ပါေစနဲ႕ကြယ္ (ဓါတ္ပံုဆရာမ်ားနဲ႕ original post တင္သူကို credit ေပးပါတယ္)”ဆိုျပီး သူမသေဘာက်တဲ့ ႏိုင္ငံျခားက မင္းသားၾကီးနဲ႔ ရုပ္ရွင္ရိုက္ခ်င္တယ္ဆိုျပီး ခင္ပြန္းကုိစရင္း ေျပာထားတာပါ ။

ခရစၥတီးနားခီရဲ႕ ပိုစ့္ေအာက္မွာ ေတာ့ဇဏ္ခီက”သူနဲ႔ တစ္ကားေလာက္ စီစဥ္ေပးရင္ကိုယ္လည္း စီစဥ္ေပးမယ္”ဆိုျပီး ေဟာလိဝုဒ္မင္းသမီး စကားလက္ဂ်ိဳဟန္ဆန္နဲ႔ သူ႔ကို ရုပ္ရွင္ရိုက္ေပးရင္ ျပန္စီစဥ္ေပးမယ္ ဆိုျပီး စစေနာက္ေနာက္နဲ႔ ျပန္ေျပာခဲ့တာပါ ။

ဇဏ္ခီနဲ႔ ခရစၥတီးနားခီတို႔ ဇနီး​ေမာင္နွံ နွစ္ဦးက​ေတာ့ စစ္မွန္တဲ့ အႏုပညာအတြက္ အခ်ိန္ယူၿပီး အ​ေကာင္​းဆံုး လုပ္ကိုင္​​ေနၾကတာပါ ။ သူတို႔ ဇနီးေမာင္နွံနွစ္ဦး အေကာင္းဆံုးၾကိဳးစားထားတဲ့ ”မုျဒာေခၚသံ” ရုပ္ရွင္နဲ႔ ”ဥပါယ္တံမ်ဥ္” ရုပ္ရွင္ေတြကလည္း ပရိသတ္ေတြေတာ္ေတာ္ေလး နွစ္ျခိဳက္ခဲ့ၾကတဲ့ ရုပ္ရွင္ဇာတ္ကားေတြပဲ ျဖစ္ပါတယ္ ။ ခ်စ္ပရိသတ္​​ေတြလည္​း တစ္ဦးနဲ ႔တစ္ဦး စစေနာက္ေနာက္နဲ႔ ခ်စ္စရာေကာင္းလွတဲ့ ခီ​ေမာင္​ႏွံကိုခ်စ္ရင္​ Share သြားၾကဖို႔ မ​ေမ့ပါနဲ႔​ေနာ္​ ။

CRD-Momolay

For Unicode

နိုင်ငံခြားကမင်းသားတွေနဲ့ ရုပ်ရှင်ရိုက်ချင်တယ်ဆိုတဲ့ ဇနီးကို ချစ်စဖွယ်လေး တုံ့ပြန်လိုက်တဲ့ ဇဏ်ခီ

ခီမောင်နှံဆိုပြီး ပရိသတ်တွေက ချစ်စနိုးနဲ့ ခေါ်ကြတဲ့ ဇဏ်ခီနဲ့ ခရစ္စတီးနားခီတို့ ဇနီးမောင်နှံ နှစ်ဦးကတော့ ချစ်ရတဲ့ အနုပညာ အလုပ်တွေကို အတူတကွ ဖန်တီးရင်း ပြီးပြည့်စုံတဲ့မိသားစု ဘဝလေးကိုလည်း ပုံဖော်နေကြတာပါ ။ အနုပညာကို ချစ်မြတ်နိုးကြတာချင်းတူတဲ့ ဒါရိုက်တာနဲ့ မင်းသားတို့ရဲ့ အိမ်ထောင်ရေးကတော့ ရာခိုင်နှုန်းအပြည့် နားလည်မှုတွေနဲ့ အကောင်းဆုံး အနုပညာတွေကို ပရိသတ်တွေကို ချပြဖို့ ကြိုးစားနေတာပါ ။

လတ်တလောမှာတော့ ခရစ္စတီးနားခီက ခင်ပွန်းမဟုတ်ပဲ နိုင်ငံခြားသား မင်းသားတွေနဲ့ ရုပ်ရှင် ရိုက်ချင်တယ်လို့ စနောက်ပြီး ပြောလိုက်တာကြောင့် ဇဏ်ခီတစ်ယောက် ဇနီးသည်ကို ချစ်စဖွယ်လေး ပြန်လည် တုံ့ပြန်လိုက်တာ တွေ့ရပါတယ် ။

ခရစ္စတီးနားခီကတော့”မင်းသားဆို ကိုဇဏ်ခီအပြင် တခြားမရိုက်ဘူးလား မေးကြတယ်နော် ရိုက်ချင်တာပေါ့လို့ အပေါ်ဆုံးတန်းက 38 လေး ၂ယောက်ထဲက တယောက်လောက် နဲ့ ရိုက်ရရင် ဘယ်လောက်ကောင်းမလဲ!!! အိမ်က38လေး ဒီပို့စ်ကို မမြင်ပါစေနဲ့ကွယ် (ဓါတ်ပုံဆရာများနဲ့ original post တင်သူကို credit ပေးပါတယ်)”ဆိုပြီး သူမသဘောကျတဲ့ နိုင်ငံခြားက မင်းသားကြီးနဲ့ ရုပ်ရှင်ရိုက်ချင်တယ်ဆိုပြီး ခင်ပွန်းကိုစရင်း ပြောထားတာပါ ။

ခရစ္စတီးနားခီရဲ့ ပိုစ့်အောက်မှာ တော့ဇဏ်ခီက”သူနဲ့ တစ်ကားလောက် စီစဉ်ပေးရင်ကိုယ်လည်း စီစဉ်ပေးမယ်”ဆိုပြီး ဟောလိဝုဒ်မင်းသမီး စကားလက်ဂျိုဟန်ဆန်နဲ့ သူ့ကို ရုပ်ရှင်ရိုက်ပေးရင် ပြန်စီစဉ်ပေးမယ် ဆိုပြီး စစနောက်နောက်နဲ့ ပြန်ပြောခဲ့တာပါ ။

ဇဏ်ခီနဲ့ ခရစ္စတီးနားခီတို့ ဇနီးမောင်နှံ နှစ်ဦးကတော့ စစ်မှန်တဲ့ အနုပညာအတွက် အချိန်ယူပြီး အကောင်းဆုံး လုပ်ကိုင်နေကြတာပါ ။ သူတို့ ဇနီးမောင်နှံနှစ်ဦး အကောင်းဆုံးကြိုးစားထားတဲ့ ”မုဒြာခေါ်သံ” ရုပ်ရှင်နဲ့ ”ဥပါယ်တံမျဉ်” ရုပ်ရှင်တွေကလည်း ပရိသတ်တွေတော်တော်လေး နှစ်ခြိုက်ခဲ့ကြတဲ့ ရုပ်ရှင်ဇာတ်ကားတွေပဲ ဖြစ်ပါတယ် ။ ချစ်ပရိသတ်တွေလည်း တစ်ဦးနဲ့တစ်ဦး စစနောက်နောက်နဲ့ ချစ်စရာကောင်းလှတဲ့ ခီမောင်နှံကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော် ။

CRD-Momolay