0
271
For Zawgyi
CRD-Cele Gabar
For Unicode
ပါးသိုင်းမွှေးနဲ့ကောင်လေးတွေကို သဘောကျတယ်ဆိုတဲ့ မိုင်းမိုင်ဆိုင်း
အသံပါဝါ ကောင်းကောင်းနဲ့Rock သီချင်းတွေကို သီဆိုတဲ့အတွက် ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာတစ်နေရာ ရရှိခဲ့တာပဲ ဖြစ်ပါတယ် ။ ကြည့်ရင်တော့ ယောကျာ်းလေး တစ်ယောက်ပုံစံ ရှိပေမဲ့ အရမ်းချစ်တတ်တဲ့ ကောင်းမလေး တစ်ယောက်ပဲ ဖြစ်ပါတယ် ။ ချစ်သူထားရင် ပါးသိုင်းမွှေး ပါတဲ့လူကိုပဲ ထားတယ် ပါးသိုင်းမွှေးနဲ့ ကောင်လေးတွေကို သဘောကျတယ်ဆိုတဲ့ အကြောင်းကို The Irrawaddy Lifestyle မီဒီယာနဲ့ တွေ့ဆုံစဉ် ဖြေကြားခဲ့တာ ဖြစ်ပါတယ် ။
“ချစ်သူက ကိုယ်ထက်ချောတယ် ပါးသိုင်းမွှေးလေးလည်း ပါတယ် မိုင်းမိုင်က ပါးသိုင်းမွှေလေးတွေကို သဘောကျတယ်“လို့လည်း ပြောပြထားပါတယ် ။ “မိုင်းမိုင်ထားခဲ့တဲ့ ချစ်သူတွေ အကုန်လုံးက ပါးသိုင်းမေးွှလေးတွေ ပါတယ် “လို့လည်း ဆက်ပြီးတော့ ပြောပြထားပါသေးတယ် ။ “ကိုယ်က ကြမ်းကြမ်းတမ်းတမ်း ရှိပေမဲ့ ခံစားလွယ်တယ် ပျော့ပျော့ညံ့ညံ့လူတွေထက် ပိုပြီးတော့ မျက်ရည် လွယ်တယ်လို့လည်း သိရပါတယ် ။
ချစ်သူကိုတော့ တကယ် ယူတော့ပါမယ်ဆိုမှ ချပြမယ် မဟုတ်သေးဘူး ဆိုရင်တော့ ချပြဖို့ အစီအစဉ် မရှိသေးဘူးလို့လည်း ပြောသွားပါသေးတယ် ။ မိုင်းမိုင်က အမြဲတမ်း ချစ်နေတာပါ အချစ်မရှိရင် မနေတတ်ဘူးလို့ မှတ်ချက် ပေးခဲ့ပါတယ် ။ ပရိသတ်ကြီးရော မိုင်းမိုင်းဆိုင်းလို အချစ်မရှိရင် နေတတ်ရဲ့လား မှတ်ချက်လေးတွေ ရေးပေးခဲ့ပါဦးနော် ။
CRD-Cele Gabar