
0
493

For Zawgyi





CRD-Cele Gabar

For Unicode

ကိုယ်ထက်သာတဲ့လူတွေ့လို့ အသဲကွဲတယ်ဆိုတာ ဖြစ်လာကြောင်းပြောလာတဲ့ ဇာဇာထက်

ဇာဇာထက်ကတော့ အမျိုးသားထု တစ်ရပ်လုံးရဲ့ အားပေးမှုကို ခံနေရတဲ့ ဆက်စီမော်ဒယ်မင်းသမီး တစ်ယောက်လို့ ဆိုရမှာပါ ။ သူကတော့ အသက်က ၃၀ ကျော်ပြီ ဖြစ်တဲ့အတွက်ဂျင်ကို လှပဖို့အတွက် ဆော့နေတာပဲ ဖြစ်ပါတယ် ။ ကိုယ်ထက် သာတဲ့လူတွေ့လို့ အသဲကွဲတယ်ဆိုတာ ဖြစ်လာကြောင်းကို PannPwint မီဒီယာနဲ့ တွေ့ဆုံစဉ် ဖြေကြားခဲ့တာ ဖြစ်ပါတယ် ။

“ ဓါတ်ပုံရိုက်ရင်သာ ဓါတ်ပုံထဲမှာ လှနေပေမဲ့ အပြင်မှာ မလှဘူး အားကြောင့် အပြင်မှာခန္ဓာကိုယ် ကောက်ကြောင်းလေးလှအောင် ဂျင်ဆော့ပြီး ဝိတ်ချနေပါတယ် “လို့ပြောပြထားတာ ဖြစ်ပါတယ် ။ “ ဝိတ်ချနေတဲ့အတွက် တင်ပါးက ကျတယ် တင်ပါးလေး ပြန်တင်းပြီး ကျစ်ကျစ် လုံးလုံးလေးရှိအောင် ဂျင်ဆော့နေတာ ဖြစ်ပါတယ် “လို့လည်း ဆက်ပြီးတော့ ပြောပြထားပါသေးတယ် ။ အသဲကွဲတယ်ဆိုတာ ကိုယ်ထက်သာတဲ့လူ တွေ့လို့ သွားတာ အားကြောင့် ကိုယ်လှနေမှ ကိုယ်ဆီ ပြန်လာချင်မှာလို့လည်း အသဲကွဲတဲ့ မမတွေအတွက် ပြောပြထားပါသေးတယ် ။

ဆက်စီ မော်ဒယ်လုပ်တာ ၇ နှစ် ကျော်လာပြီ ခုလို ရပ်တည်နိုင်တာ အားပေးတဲ့ ပရိသတ်တွေရှိလို့ ဆိုတာလည်း ပြောပြထားတာ ဖြစ်ပါတယ် ။“အနုပညာ လောကမှာတင် မဟုတ်ဘူး နေရာတိုင်းမှ ဝေဖန်မှုတွေ အတိုက်အခိုက်ဆိုတာ ရှိတာပဲ အဲ့လို အတိုက်အခိုက် ဝေဖန်မှုတွေကြောင့် ပိုပြီးတော့ ကြိုးစားဖြစ်တယ်“လို့လည်း ပြောပြထားပါတယ် ။ အသက်ကလည်း ရလာတော့ ကိုယ်ရဲ့ ဘော်ဒီကို အမြဲ ထိန်းချုပ်နိုင်ဖို့ဂျင်တွေ ဆော့ဖြစ်တာပါလို့ မှတ်ချက် ပေးခဲ့ပါတယ် ။ ပရိသတ်ကြီးရော ဇာဇာထက် ဝိတ်ချတာကို ကြိုက်မကြိုက် မှတ်ချက်လေး ရေးပေးခဲ့ပါဦးနော် ။

CRD-Cele Gabar