ဒူးနဲ႔တံေတာင္ဆစ္ မည္းေနတာေတြကို သဘာဝအတိုင္းဖယ္ရွားႏိုင္မယ့္ နည္းလမ္းမ်ား

0
3286

For Zawgyi

ဒူးနဲ႔တံေတာင္ဆစ္ မည္းေနတာေတြကို သဘာဝအတိုင္းဖယ္ရွားႏိုင္မယ့္ နည္းလမ္းမ်ား

ေနေလာင္ျခင္း ၊ ဆဲလ္ေသေတြေၾကာင့္ အသားအေရ ၾကမ္းတမ္းျခင္း ၊ ေဟာ္မုန္း မမၽွတျခင္းတို႔ေၾကာင့္ ဒူးနဲ႔ တံေတာင္ဆစ္ေတြမွာ မည္းႏိုင္ပါတယ္ ။ ဒူးနဲ႔ တံေတာင္ဆစ္ေတြမွာ အဆီဂလင္း မရွိတာေၾကာင့္ မေျခာက္ေသြ႕ေအာင္ ထိန္းသိမ္းေပးဖို႔ လိုပါတယ္ ။

(၁) သခြားသီး

သခြားသီးမွာ ေၾကးခၽြတ္တဲ့ အစြမ္းရွိတာေၾကာင့္ ဒူးနဲ႔ တံေတာင္ဆစ္ေတြမွာ မည္းေနတာကို ဖယ္ရွားေပးႏိုင္ပါတယ္ ။ သခြားသီးက ဆဲလ္ေသေတြကို ဖယ္ရွားေပးၿပီး အသားအေရကို ေရဓာတ္ ျပည့္ေစပါတယ္ ။ ဗီတာမင္ A နဲ႔ ဗီတာမင္ C ပါဝင္တာေၾကာင့္ အသားအေရကိုလည္း လွပေစပါတယ္ ။

– သခြားသီးျပားေလးေတြကို တံေတာင္ဆစ္နဲ႔ ဒူးမွာ ၁၅ မိနစ္ၾကာ ကပ္ထားေပးရမွာပါ ။ ေနာက္ၿပီးရင္ေတာ့ ေရေအးနဲ႔ ေဆးလိုက္လို႔ ရပါၿပီ ။ သခြားသီးရည္နဲ႔ သံပရိုသီးရည္ကို ေရာလိမ္းၿပီး မိနစ္ ၂၀ ၾကာ ထားလို႔လည္း ရပါတယ္ ။ ေန႔တိုင္း ျပဳလုပ္ေပးရင္ ဒူးနဲ႔ တံေတာင္ဆစ္မည္းတာေတြ ေပ်ာက္သြားမွာပါ ။

(၂) သံပရိုသီးနဲ႔ မုန္႔ဖုတ္ဆိုဒါ

သံပရိုသီးက အသားအေစကို ဝင္းေစပါတယ္ ။ ဗီတာမင္ C ပါဝင္လို႔ အသားအေရကို ထိန္းသိမ္းေပးပါတယ္ ။ မုန္႔ဖုတ္ဆိုဒါက အသားအေရကို ႏူးညံ့ေစၿပီး အမည္းေတြကို ဖယ္ရွားေပးပါတယ္ ။

– သံပရိုသီးကို ႏွစ္ျခမ္းခြဲပါ ။

– သံပရိုသီး တစ္ျခမ္းစီေပၚကို မုန္႔ဖုတ္ေဆာ္ဒါ တစ္ဇြန္းစီ တင္ပါ ။

– ဒူးနဲ႔ တံေတာင္ဆစ္ေတြကို ၁ မိနစ္ ၾကာေအာင္ ပြတ္ေပးပါ ။

– ၁၅ မိနစ္ၾကာ ထားၿပီးရင္ ေရေႏြးနဲ႔ ေဆးပါ ။

– ဒီနည္းေလးကို ႏွစ္ရက္တစ္ႀကိမ္ ျပဳလုပ္ေပးႏိုင္ပါတယ္ ။

(၃) ရွားေစာင္းလက္ပတ္ႏွင့္ႏြားႏို႔

ရွားေစာင္းလက္ပတ္က အသားအေရာင္ကို ညီညာေစၿပီး ေရဓာတ္ ျဖည့္ေပးပါတယ္ ။ ဘက္တီးရီးယားနဲ႔ မွိုေတြကိုလည္း တိုက္ထုတ္ေပးပါတယ္ ။ ရွားေစာင္းလက္ပတ္နဲ႔ ႏြားႏို႔ကို ေရာစပ္လုိက္တဲ့အခါ အသားအေရက သဘာဝအတိုင္း ဝင္းသြားပါတယ္ ။

– ရွားေစာင္းလက္ပတ္ဂ်ယ္နဲ႔ ႏြားႏို႔ေရာၿပီး အေရျပားေပၚ လိမ္းေပးရမွာပါ ။ တစ္ညခန္႔ ထားၿပီး မနက္ေရာက္ရင္ ေရေဆးခ်လိုက္လို႔ ရပါၿပီ ။ ရွားေစာင္းလက္ပတ္ အခြံကိုလည္း ဒူးနဲ႔ တံေတာင္ဆစ္မွာ မိနစ္ ၂၀ ၾကာကပ္ထားလို႔ ရပါတယ္ ။

(၄) အာလူး

အာလူးက အသားအေရကို ျဖဴေစပါတယ္ ။ အာလူးကို ေန႔တိုင္း အသံုးျပဳရင္ အသားအေရႏူးညံ့လာၿပီး မည္းေနတာေတြ ေပ်ာက္သြားမွာပါ ။

– အာလူးကို အရည္ညႇစ္ၿပီး အေရျပားေပၚလိမ္းေပးပါ။

– ၁၅ မိနစ္ၾကာထားၿပီး ေရေဆးခ်လို႔ ရပါၿပီ ။

– အာလူးျပားေလးေတြကို တံေတာင္ဆစ္နဲ႔ ဒူးေနရာမွာ ၁၀ မိနစ္ ၁၅ မိနစ္ခန္႔ ကပ္ထားေပးလို႔လည္း ရပါတယ္ ။

(၅) နႏြင္း

နႏြင္းက တံေတာင္ဆစ္နဲ႔ ဒူးက အမည္းေတြကို ေဘးထြက္ဆိုးက်ိဳး မရွိဘဲ သဘာဝအတိုင္း ဖယ္ရွားေပးပါတယ္ ။

– နႏြင္းစားပြဲတင္ ဇြန္းတစ္ဇြန္းကို ႏြားႏို႔နဲ႔ေရာပါ ။

– ဒူးနဲ႔ တံေတာင္ဆစ္ကို လိမ္းေပးပါ ။

– ေျခာက္ေသြ႕သြားေအာင္ထားၿပီး ေရေဆးခ်လို႔ ရပါၿပီ ။

– နႏြင္းနဲ႔ ႏြားႏို႔ထဲမွာ ပ်ားရည္ေရာထည့္ၿပီး လိမ္းေပးလို႔လည္း ရပါတယ္ ။

(၆) အုန္းဆီ

အုန္းဆီမွာ ဗီတာမင္ E ပါဝင္လို႔ ပ်က္စီးေနတဲ့ အသားအေရကို ျပျပင္ေပးပါတယ္ ။

– ေရမခ်ိဳးခင္မွာ အုန္းဆီကို ဒူးနဲ႔ တံေတာင္ဆစ္ေနရာမွာ လိမ္းေပးပါ ။

– အုန္းဆီ စိမ့္ဝင္သြားေအာင္ ၂ မိနစ္ ၃ မိနစ္ခန္႔ ႏွိပ္နယ္ေပးပါ ။ အုန္းဆီထဲမွာ သံပရိုရည္စားပြဲတင္ ဇြန္း ၂ ဇြန္းထည့္ၿပီး လိမ္းေပးလို႔လည္း ရပါတယ္ ။

(၇) ပ်ားရည္

ပ်ားရည္က အသားအေရကို သဘာဝအတိုင္း ေရဓာတ္ ျဖည့္ေပးပါတယ္ ။

– ပ်ားရည္စားပြဲတင္ ဇြန္း ၂ ဇြန္း ၊ သံပရိုရည္ စားပြဲတင္ ဇြန္းတစ္ဝက္ ၊ မုန္႔ဖုတ္ေဆာ္ဒါစားပြဲတင္ ဇြန္းတစ္ဇြန္းကို ေရာေမႊပါ ။

– ဒူးနဲ႔ တံေတာင္ဆစ္ ေနရာေတြကို လိမ္းေပးပါ ။

– မိနစ္ ၂၀ ၊ ၃၀ ခန္႔ ထားၿပီးရင္ ေရေဆးခ်လို႔ ရပါၿပီ ။

– ပ်ားရည္ထဲကို ရွားေစာင္းလက္ပတ္ဂ်ယ္ ထည့္ၿပီး လိမ္းလို႔လည္း ရပါတယ္ ။

(၈) သံလြင္ဆီႏွင့္သၾကား

သံလြင္ဆီႏွင့္ သၾကားက အိမ္တြင္းျဖစ္ ေၾကးခၽြတ္ေဆးေတြပါ ။ သူတို႔က အသားအေရကို ေရဓာတ္ ျဖည့္ေပးၿပီး ဆဲလ္ေသေတြကို ဖယ္ရွားေပးပါတယ္ ။

– သၾကားနဲ႔ သံလြင္ဆီကို ဆတူ ေရာပါ ။

– တံေတာင္ဆစ္နဲ႔ ဒူးကို ၅ မိနစ္ၾကာ ႏွိပ္နယ္ေပးပါ ။

– တစ္ပတ္တစ္ခါ ႏွိပ္နယ္ေပးရင္ တံေတာင္ဆစ္နဲ႔ဒူးေတြမွာ မမည္းေတာ့ပါဘူး ။ သံလြင္ဆီနဲ႔ သၾကားကို မ်က္ႏွာေၾကးခၽြတ္ရာမွာလည္း သံုးလို႔ရပါတယ္ ။

(၉) အုတ္ဂ်ံဳမႈန္႔

အုတ္ဂ်ံဳမႈန္႔က က်န္းမာေရးကို ေကာင္းေစရံုသာမက အနာအဆာကင္းတဲ့ အသားအေရအတြက္လည္း အက်ိဳးရွိေစပါတယ္ ။ သံပရိုရည္ လက္ဖက္ရည္ဇြန္း တစ္ဝက္ ၊ အုတ္ဂ်ံဳမႈန္႔ လက္ဖက္ရည္ဇြန္း တစ္ဝက္ ၊ ဆား ၅ ဂရမ္တို႔ကို ေရာၿပီး ဒူးနဲ႔ တံေတာင္ဆစ္မွာ ၁၀ မိနစ္ ၁၅ မိနစ္ၾကာေအာင္ လိမ္းေပးပါ ။

– ေနာက္ၿပီးရင္ ေရေႏြးနဲ႔ ေဆးခ်လို႔ ရပါၿပီ ။

– တစ္ပတ္ကို ၃ ခါ ၊ ၄ ခါ ျပဳလုပ္ေပးလို႔ ရပါတယ္ ။

– အုတ္ဂ်ံဳမႈန္႔ လက္ဖက္ရည္ဇြန္း ႏွစ္ဇြန္းနဲ႔ ႏြားႏို႔လက္ဖက္ရည္ဇြန္း ႏွစ္ဇြန္းကို ေရာၿပီးေတာ့လည္း လိမ္းေပးလို႔ ရပါတယ္ ။

(၁၀) ရွာလကာရည္ႏွင့္ဒိန္ခ်ဥ္

ရွာလကာရည္မွာ ပါဝင္တဲ့ အက္ဆီးတစ္ အက္ဆစ္နဲ႔ ဒိန္ခ်ဥ္မွာပါဝင္တဲ့ လက္တစ္အက္ဆစ္က ဒူးနဲ႔တံေတာင္ဆစ္က အမည္းေတြကို ဖယ္ရွားေပးပါတယ္ ။

– ဒိန္ခ်ဥ္ လက္ဖက္ရည္ဇြန္း တစ္ဇြန္း ၊ ပန္းသီးရွာလကာရည္လက္ဖက္ရည္ဇြန္းတစ္ဇြန္းတို႔ကို ေရာေမႊၿပီး ဒူးနဲ႔ တံေတာင္ဆစ္ေနရာေတြကို လိမ္းေပးပါ ။

– ၁၅ မိနစ္ၾကာ ထားၿပီး ေရေဆးခ်လိုက္ရင္ေတာ့ ဒူးနဲ႔ တံေတာင္ဆစ္က မည္းေနတာေတြ ေပ်ာက္သြားမွာပါ ။

လြယ္ကူတဲ့ နည္းလမ္းေလးေတြနဲ႔ ဒူးနဲ႔တံေတာင္ဆစ္ မည္းေနတာကို ဖယ္ရွားလို႔ ရပါၿပီ ။

Zombie ( Love အတုိစေလးမ်ား )

For Unicode

ဒူးနဲ့တံတောင်ဆစ် မည်းနေတာတွေကို သဘာဝအတိုင်းဖယ်ရှားနိုင်မယ့် နည်းလမ်းများ

နေလောင်ခြင်း ၊ ဆဲလ်သေတွေကြောင့် အသားအရေ ကြမ်းတမ်းခြင်း ၊ ဟော်မုန်း မမျှတခြင်းတို့ကြောင့် ဒူးနဲ့ တံတောင်ဆစ်တွေမှာ မည်းနိုင်ပါတယ် ။ ဒူးနဲ့ တံတောင်ဆစ်တွေမှာ အဆီဂလင်း မရှိတာကြောင့် မခြောက်သွေ့အောင် ထိန်းသိမ်းပေးဖို့ လိုပါတယ် ။

(၁) သခွားသီး

သခွားသီးမှာ ကြေးချွတ်တဲ့ အစွမ်းရှိတာကြောင့် ဒူးနဲ့ တံတောင်ဆစ်တွေမှာ မည်းနေတာကို ဖယ်ရှားပေးနိုင်ပါတယ် ။ သခွားသီးက ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အသားအရေကို ရေဓာတ် ပြည့်စေပါတယ် ။ ဗီတာမင် A နဲ့ ဗီတာမင် C ပါဝင်တာကြောင့် အသားအရေကိုလည်း လှပစေပါတယ် ။

– သခွားသီးပြားလေးတွေကို တံတောင်ဆစ်နဲ့ ဒူးမှာ ၁၅ မိနစ်ကြာ ကပ်ထားပေးရမှာပါ ။ နောက်ပြီးရင်တော့ ရေအေးနဲ့ ဆေးလိုက်လို့ ရပါပြီ ။ သခွားသီးရည်နဲ့ သံပရိုသီးရည်ကို ရောလိမ်းပြီး မိနစ် ၂၀ ကြာ ထားလို့လည်း ရပါတယ် ။ နေ့တိုင်း ပြုလုပ်ပေးရင် ဒူးနဲ့ တံတောင်ဆစ်မည်းတာတွေ ပျောက်သွားမှာပါ ။

(၂) သံပရိုသီးနဲ့ မုန့်ဖုတ်ဆိုဒါ

သံပရိုသီးက အသားအစေကို ဝင်းစေပါတယ် ။ ဗီတာမင် C ပါဝင်လို့ အသားအရေကို ထိန်းသိမ်းပေးပါတယ် ။ မုန့်ဖုတ်ဆိုဒါက အသားအရေကို နူးညံ့စေပြီး အမည်းတွေကို ဖယ်ရှားပေးပါတယ် ။

– သံပရိုသီးကို နှစ်ခြမ်းခွဲပါ ။

– သံပရိုသီး တစ်ခြမ်းစီပေါ်ကို မုန့်ဖုတ်ဆော်ဒါ တစ်ဇွန်းစီ တင်ပါ ။

– ဒူးနဲ့ တံတောင်ဆစ်တွေကို ၁ မိနစ် ကြာအောင် ပွတ်ပေးပါ ။

– ၁၅ မိနစ်ကြာ ထားပြီးရင် ရေနွေးနဲ့ ဆေးပါ ။

– ဒီနည်းလေးကို နှစ်ရက်တစ်ကြိမ် ပြုလုပ်ပေးနိုင်ပါတယ် ။

(၃) ရှားစောင်းလက်ပတ်နှင့်နွားနို့

ရှားစောင်းလက်ပတ်က အသားအရောင်ကို ညီညာစေပြီး ရေဓာတ် ဖြည့်ပေးပါတယ် ။ ဘက်တီးရီးယားနဲ့ မှိုတွေကိုလည်း တိုက်ထုတ်ပေးပါတယ် ။ ရှားစောင်းလက်ပတ်နဲ့ နွားနို့ကို ရောစပ်လိုက်တဲ့အခါ အသားအရေက သဘာဝအတိုင်း ဝင်းသွားပါတယ် ။

– ရှားစောင်းလက်ပတ်ဂျယ်နဲ့ နွားနို့ရောပြီး အရေပြားပေါ် လိမ်းပေးရမှာပါ ။ တစ်ညခန့် ထားပြီး မနက်ရောက်ရင် ရေဆေးချလိုက်လို့ ရပါပြီ ။ ရှားစောင်းလက်ပတ် အခွံကိုလည်း ဒူးနဲ့ တံတောင်ဆစ်မှာ မိနစ် ၂၀ ကြာကပ်ထားလို့ ရပါတယ် ။

(၄) အာလူး

အာလူးက အသားအရေကို ဖြူစေပါတယ် ။ အာလူးကို နေ့တိုင်း အသုံးပြုရင် အသားအရေနူးညံ့လာပြီး မည်းနေတာတွေ ပျောက်သွားမှာပါ ။

– အာလူးကို အရည်ညှစ်ပြီး အရေပြားပေါ်လိမ်းပေးပါ။

– ၁၅ မိနစ်ကြာထားပြီး ရေဆေးချလို့ ရပါပြီ ။

– အာလူးပြားလေးတွေကို တံတောင်ဆစ်နဲ့ ဒူးနေရာမှာ ၁၀ မိနစ် ၁၅ မိနစ်ခန့် ကပ်ထားပေးလို့လည်း ရပါတယ် ။

(၅) နနွင်း

နနွင်းက တံတောင်ဆစ်နဲ့ ဒူးက အမည်းတွေကို ဘေးထွက်ဆိုးကျိုး မရှိဘဲ သဘာဝအတိုင်း ဖယ်ရှားပေးပါတယ် ။

– နနွင်းစားပွဲတင် ဇွန်းတစ်ဇွန်းကို နွားနို့နဲ့ရောပါ ။

– ဒူးနဲ့ တံတောင်ဆစ်ကို လိမ်းပေးပါ ။

– ခြောက်သွေ့သွားအောင်ထားပြီး ရေဆေးချလို့ ရပါပြီ ။

– နနွင်းနဲ့ နွားနို့ထဲမှာ ပျားရည်ရောထည့်ပြီး လိမ်းပေးလို့လည်း ရပါတယ် ။

(၆) အုန်းဆီ

အုန်းဆီမှာ ဗီတာမင် E ပါဝင်လို့ ပျက်စီးနေတဲ့ အသားအရေကို ပြပြင်ပေးပါတယ် ။

– ရေမချိုးခင်မှာ အုန်းဆီကို ဒူးနဲ့ တံတောင်ဆစ်နေရာမှာ လိမ်းပေးပါ ။

– အုန်းဆီ စိမ့်ဝင်သွားအောင် ၂ မိနစ် ၃ မိနစ်ခန့် နှိပ်နယ်ပေးပါ ။ အုန်းဆီထဲမှာ သံပရိုရည်စားပွဲတင် ဇွန်း ၂ ဇွန်းထည့်ပြီး လိမ်းပေးလို့လည်း ရပါတယ် ။

(၇) ပျားရည်

ပျားရည်က အသားအရေကို သဘာဝအတိုင်း ရေဓာတ် ဖြည့်ပေးပါတယ် ။

– ပျားရည်စားပွဲတင် ဇွန်း ၂ ဇွန်း ၊ သံပရိုရည် စားပွဲတင် ဇွန်းတစ်ဝက် ၊ မုန့်ဖုတ်ဆော်ဒါစားပွဲတင် ဇွန်းတစ်ဇွန်းကို ရောမွှေပါ ။

– ဒူးနဲ့ တံတောင်ဆစ် နေရာတွေကို လိမ်းပေးပါ ။

– မိနစ် ၂၀ ၊ ၃၀ ခန့် ထားပြီးရင် ရေဆေးချလို့ ရပါပြီ ။

– ပျားရည်ထဲကို ရှားစောင်းလက်ပတ်ဂျယ် ထည့်ပြီး လိမ်းလို့လည်း ရပါတယ် ။

(၈) သံလွင်ဆီနှင့်သကြား

သံလွင်ဆီနှင့် သကြားက အိမ်တွင်းဖြစ် ကြေးချွတ်ဆေးတွေပါ ။ သူတို့က အသားအရေကို ရေဓာတ် ဖြည့်ပေးပြီး ဆဲလ်သေတွေကို ဖယ်ရှားပေးပါတယ် ။

– သကြားနဲ့ သံလွင်ဆီကို ဆတူ ရောပါ ။

– တံတောင်ဆစ်နဲ့ ဒူးကို ၅ မိနစ်ကြာ နှိပ်နယ်ပေးပါ ။

– တစ်ပတ်တစ်ခါ နှိပ်နယ်ပေးရင် တံတောင်ဆစ်နဲ့ဒူးတွေမှာ မမည်းတော့ပါဘူး ။ သံလွင်ဆီနဲ့ သကြားကို မျက်နှာကြေးချွတ်ရာမှာလည်း သုံးလို့ရပါတယ် ။

(၉) အုတ်ဂျုံမှုန့်

အုတ်ဂျုံမှုန့်က ကျန်းမာရေးကို ကောင်းစေရုံသာမက အနာအဆာကင်းတဲ့ အသားအရေအတွက်လည်း အကျိုးရှိစေပါတယ် ။ သံပရိုရည် လက်ဖက်ရည်ဇွန်း တစ်ဝက် ၊ အုတ်ဂျုံမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက် ၊ ဆား ၅ ဂရမ်တို့ကို ရောပြီး ဒူးနဲ့ တံတောင်ဆစ်မှာ ၁၀ မိနစ် ၁၅ မိနစ်ကြာအောင် လိမ်းပေးပါ ။

– နောက်ပြီးရင် ရေနွေးနဲ့ ဆေးချလို့ ရပါပြီ ။

– တစ်ပတ်ကို ၃ ခါ ၊ ၄ ခါ ပြုလုပ်ပေးလို့ ရပါတယ် ။

– အုတ်ဂျုံမှုန့် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းနဲ့ နွားနို့လက်ဖက်ရည်ဇွန်း နှစ်ဇွန်းကို ရောပြီးတော့လည်း လိမ်းပေးလို့ ရပါတယ် ။

(၁၀) ရှာလကာရည်နှင့်ဒိန်ချဉ်

ရှာလကာရည်မှာ ပါဝင်တဲ့ အက်ဆီးတစ် အက်ဆစ်နဲ့ ဒိန်ချဉ်မှာပါဝင်တဲ့ လက်တစ်အက်ဆစ်က ဒူးနဲ့တံတောင်ဆစ်က အမည်းတွေကို ဖယ်ရှားပေးပါတယ် ။

– ဒိန်ချဉ် လက်ဖက်ရည်ဇွန်း တစ်ဇွန်း ၊ ပန်းသီးရှာလကာရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းတို့ကို ရောမွှေပြီး ဒူးနဲ့ တံတောင်ဆစ်နေရာတွေကို လိမ်းပေးပါ ။

– ၁၅ မိနစ်ကြာ ထားပြီး ရေဆေးချလိုက်ရင်တော့ ဒူးနဲ့ တံတောင်ဆစ်က မည်းနေတာတွေ ပျောက်သွားမှာပါ ။

လွယ်ကူတဲ့ နည်းလမ်းလေးတွေနဲ့ ဒူးနဲ့တံတောင်ဆစ် မည်းနေတာကို ဖယ်ရှားလို့ ရပါပြီ ။

Zombie ( Love အတိုစလေးများ )