က်ိဳက္ထီးရိုးဘုရားကို လတ္တေလာ လာဖူးလို႔မရေတာ့ပါ

0
36516

က်ိဳက္ထီးရိုးဘုရားကို လတ္တေလာ လာဖူးလို႔မရေတာ့ပါ

က်ိဳက္ထီး႐ုိး လာမည့္ သူမ်ား လာလို႔ မရေတာ့ပါ
အဆင္းေတြလည္း ဆင္းမရ အတက္လည္း တက္မရ
ဘုရားႀကီး တိုးဂိတ္မွာလည္း ကားရာခ်ီ ပိတ္မိေန သလို
က်ိဳက္ထီး႐ုိး ေတာင္ေပၚမွာ ေျခ ဆယ္လွမ္း လွမ္းဖို႔ ၁ နာရီ နီးပါး ၾကာပါတယ္

Bone Pyae Khant

က်ိဳက္ထီး႐ိုး အဆင္းလမ္း ပိတ္ဆို႔မႈ သုံးနာရီေက်ာ္ ၾကာျမင့္လာ

က်ိဳက္ထီး႐ိုး ရင္ျပင္ေတာ္မွ ျပန္အဆင္းလမ္း မေပၚရွိ ေ႐ႊနန္းက်င္ နတ္နန္းမွ ဟုန္းနတ္ ဘိုးဘိုးႀကီးနတ္နန္းအထိ လမ္း ပိတ္ဆို႔မႈမ်ား ျဖစ္ေပၚေနၿပီး ဘုရားဖူးမ်ား သုံးနာရီၾကာ (ယခုအခ်ိန္) ထိ ပိတ္မိေန ၾကသည္ ။

ေတာင္တက္ ကားအဆင္း ဂိတ္ အထိ သြားရာ လမ္းတေလွ်ာက္ ပိတ္မိေနျခင္း ျဖစ္ၿပီး ဘုရား ရင္ျပင္ျခေသၤ့ ႏွစ္ေကာင္ မုခ္ဦး အထိ ကားအခ်ိဳ႕ ဝင္ေရာက္ လာသျဖင့္ လမ္း ပိတ္ဆို႔ သြားျခင္း ျဖစ္သည္။

လမ္း အက်ယ္ ေပ ၃၀ ခန႔္ သာ ရွိေသာ လမ္းမေပၚသို႔ ဘုရားဖူးမ်ား မ်ားျပားစြာ လာေရာက္ ခ်ိန္တြင္ ေတာင္တက္ ကားဂိတ္ တြင္ ကား အခ်ိဳ႕က မရပ္ဘဲ ရင္ျပင္ေပၚ မုခ္ဝ အထိ ေမာင္းႏွင္ လာျခင္းေၾကာင့္ ဘုရားဖူးမ်ား ယခု ကဲ့သို႔ လမ္း ပိတ္မိကုန္ ၾကျခင္း ျဖစ္ေၾကာင္း ထိုေနရာသို႔ ေရာက္ရွိေန သူမ်ား ထံမွ သိရသည္ ။

ေအာင္ျပည့္စုံ

(Unicode)

ကျိုက်ထီးရိုးဘုရားကို လာဖူးလို့မရတော့ပါ

ကျိုက်ထီးရိုး လာမည့် သူများ လာလို့ မရတော့ပါ
အဆင်းတွေလည်း ဆင်းမရ အတက်လည်း တက်မရ
ဘုရားကြီး တိုးဂိတ်မှာလည်း ကားရာချီ ပိတ်မိနေ သလို
ကျိုက်ထီးရိုး တောင်ပေါ်မှာ ခြေ ဆယ်လှမ်း လှမ်းဖို့ ၁ နာရီ နီးပါး ကြာပါတယ်

Bone Pyae Khant

ကျိုက်ထီးရိုး အဆင်းလမ်း ပိတ်ဆို့မှု သုံးနာရီကျော် ကြာမြင့်လာ

ကျိုက်ထီးရိုး ရင်ပြင်တော်မှ ပြန်အဆင်းလမ်း မပေါ်ရှိ ရွှေနန်းကျင် နတ်နန်းမှ ဟုန်းနတ် ဘိုးဘိုးကြီးနတ်နန်းအထိ လမ်း ပိတ်ဆို့မှုများ ဖြစ်ပေါ်နေပြီး ဘုရားဖူးများ သုံးနာရီကြာ (ယခုအချိန်) ထိ ပိတ်မိနေ ကြသည် ။

တောင်တက် ကားအဆင်း ဂိတ် အထိ သွားရာ လမ်းတလျှောက် ပိတ်မိနေခြင်း ဖြစ်ပြီး ဘုရား ရင်ပြင်ခြင်္သေ့ နှစ်ကောင် မုခ်ဦး အထိ ကားအချို့ ဝင်ရောက် လာသဖြင့် လမ်း ပိတ်ဆို့ သွားခြင်း ဖြစ်သည်။

လမ်း အကျယ် ပေ ၃၀ ခန့် သာ ရှိသော လမ်းမပေါ်သို့ ဘုရားဖူးများ များပြားစွာ လာရောက် ချိန်တွင် တောင်တက် ကားဂိတ် တွင် ကား အချို့က မရပ်ဘဲ ရင်ပြင်ပေါ် မုခ်ဝ အထိ မောင်းနှင် လာခြင်းကြောင့် ဘုရားဖူးများ ယခု ကဲ့သို့ လမ်း ပိတ်မိကုန် ကြခြင်း ဖြစ်ကြောင်း ထိုနေရာသို့ ရောက်ရှိနေ သူများ ထံမှ သိရသည် ။

အောင်ပြည့်စုံ