အျမတ္တႏိုး တန္ဖိုးထားလာတဲ့ ဆံပင္ရွည္ကိုစြန႔္ၿပီး သာသနာ့ေဘာင္ထဲ ဝင္ေရာက္သြားခဲ့တဲ့ အဆိုေတာ္ ဝန

0
127

For Zawgyi

အျမတ္တႏိုး တန္ဖိုးထားလာတဲ့ ဆံပင္ရွည္ကိုစြန႔္ၿပီး သာသနာ့ေဘာင္ထဲ ဝင္ေရာက္သြားခဲ့တဲ့ အဆိုေတာ္ ဝန

အဆိုေတာ္ ဝန တစ္ေယာက္ကေတာ့ မေန႔ညေနပိုင္းေလာက္မွာပဲ သာသနာ့ေဘာင္ အတြင္းသို႔ ဝင္ေရာက္သြားခဲ့ၿပီ ျဖစ္ပါတယ္ ။ ပရိသတ္ရင္ထဲကို ထိေရာက္ေစႏိုင္တဲ့ သီခ်င္းေကာင္းမ်ားစြာကို ဖန္တီး သီဆိုႏိုင္ခဲ့ၿပီး ဝနဆိုတဲ့ နာမည္တစ္လုံးနဲ႔ ဂီတေလာကမွာ ပရိသတ္ေတြရဲ႕ လက္ခံ အားေပးမႈကို တခဲနက္ ရရွိခဲ့သူပါ ။ အနီးဆုံးလူ ၊ အမုန္းနဲ႔ပဲ ထိုက္တန္တယ္ သီခ်င္းေတြဟာ လူငယ္ ပရိသတ္ေတြၾကား အင္မတန္ ေရပန္းစားခဲ့တဲ့ သီခ်င္းေတြပဲ ျဖစ္ပါတယ္ ။

ဝနကေတာ့ မၾကာေသးခင္ကပဲ ခ်စ္သူနဲ႔ လက္ထပ္ဖို႔အထိ စီစဥ္ခဲ့ေပမယ့္လည္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ပ်က္ျပယ္သြားခဲ့ရပါေသးတယ္ ။ အဆိုေတာ္ဝနရဲ႕ ထူးျခားခ်က္ကေတာ့ နက္ေမွာင္ ရွည္လ်ားလွတဲ့ ဆံႏြယ္ရွည္ေတြကို ပိုင္ဆိုင္ထားတာပဲ ျဖစ္ပါတယ္ ။ ဒီဆံႏြယ္ရွည္ေတြကိုေတာ့ ဝနတစ္ေယာက္ အျမတ္တႏိုး တန္ဖိုးထားခဲ့တာကိုလည္း ေတြ႕ရမွာပါ ။

ယေန႔ ညေနပိုင္းမွာေတာ့ အဆိုေတာ္ ဝနတစ္ေယာက္ တစ္သက္လုံး အျမတ္တႏိုး တန္ဖိုးထားလာတဲ့ ဆံႏြယ္ရွည္ေတြကို စြန႔္လႊတ္ခဲ့ၿပီး သာသနာ့ေဘာင္ အတြင္းသို႔ ဝင္ေရာက္သြားခဲ့တာ ေတြ႕ရပါတယ္ ။ ဝနရဲ႕ ပရိသတ္ေတြကေတာ့ သူ႔ရဲ႕ ဆံႏြယ္ရွည္ႀကီးကို ႏွေျမာေနမိၾကတာကိုလည္း ေတြ႕ရျပန္ပါေသးတယ္ ။

မိမိကိုယ္တိုင္ တန္ဖိုးထားျမတ္ႏိုးရတဲ့ အရာကို စြန႔္လႊတ္ႏိုင္ၿပီး သာသနာ့ေဘာင္အတြင္း ဝင္ေရာက္ႏိုင္တာဟာ အင္မတန္မွ မြန္ျမတ္တဲ့ ဆုံးျဖတ္ခ်က္တစ္ခု ျဖစ္တာေၾကာင့္ ကုသိုလ္ထူးေတြ မ်ားစြာ ရရွိႏိုင္ပါေစလို႔ ပရိသတ္ႀကီးႏွင့္ထပ္တူ ဆုမြန္ေကာင္း ေတာင္းလိုက္ရပါတယ္ ။

Credit-We Love Cele

For Unicode

အမြတ်တနိုး တန်ဖိုးထားလာတဲ့ ဆံပင်ရှည်ကိုစွန့်ပြီး သာသနာ့ဘောင်ထဲ ဝင်ရောက်သွားခဲ့တဲ့ အဆိုတော် ဝန

အဆိုတော် ဝန တစ်ယောက်ကတော့ မနေ့ညနေပိုင်းလောက်မှာပဲ သာသနာ့ဘောင် အတွင်းသို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ် ။ ပရိသတ်ရင်ထဲကို ထိရောက်စေနိုင်တဲ့ သီချင်းကောင်းများစွာကို ဖန်တီး သီဆိုနိုင်ခဲ့ပြီး ဝနဆိုတဲ့ နာမည်တစ်လုံးနဲ့ ဂီတလောကမှာ ပရိသတ်တွေရဲ့ လက်ခံ အားပေးမှုကို တခဲနက် ရရှိခဲ့သူပါ ။ အနီးဆုံးလူ ၊ အမုန်းနဲ့ပဲ ထိုက်တန်တယ် သီချင်းတွေဟာ လူငယ် ပရိသတ်တွေကြား အင်မတန် ရေပန်းစားခဲ့တဲ့ သီချင်းတွေပဲ ဖြစ်ပါတယ် ။

ဝနကတော့ မကြာသေးခင်ကပဲ ချစ်သူနဲ့ လက်ထပ်ဖို့အထိ စီစဉ်ခဲ့ပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် ပျက်ပြယ်သွားခဲ့ရပါသေးတယ် ။ အဆိုတော်ဝနရဲ့ ထူးခြားချက်ကတော့ နက်မှောင် ရှည်လျားလှတဲ့ ဆံနွယ်ရှည်တွေကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ် ။ ဒီဆံနွယ်ရှည်တွေကိုတော့ ဝနတစ်ယောက် အမြတ်တနိုး တန်ဖိုးထားခဲ့တာကိုလည်း တွေ့ရမှာပါ ။

ယနေ့ ညနေပိုင်းမှာတော့ အဆိုတော် ဝနတစ်ယောက် တစ်သက်လုံး အမြတ်တနိုး တန်ဖိုးထားလာတဲ့ ဆံနွယ်ရှည်တွေကို စွန့်လွှတ်ခဲ့ပြီး သာသနာ့ဘောင် အတွင်းသို့ ဝင်ရောက်သွားခဲ့တာ တွေ့ရပါတယ် ။ ဝနရဲ့ ပရိသတ်တွေကတော့ သူ့ရဲ့ ဆံနွယ်ရှည်ကြီးကို နှမြောနေမိကြတာကိုလည်း တွေ့ရပြန်ပါသေးတယ် ။

မိမိကိုယ်တိုင် တန်ဖိုးထားမြတ်နိုးရတဲ့ အရာကို စွန့်လွှတ်နိုင်ပြီး သာသနာ့ဘောင်အတွင်း ဝင်ရောက်နိုင်တာဟာ အင်မတန်မှ မွန်မြတ်တဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်တာကြောင့် ကုသိုလ်ထူးတွေ များစွာ ရရှိနိုင်ပါစေလို့ ပရိသတ်ကြီးနှင့်ထပ်တူ ဆုမွန်ကောင်း တောင်းလိုက်ရပါတယ် ။

Credit-We Love Cele