ေရကူးကန္ထဲမွာ ေဆာ့ကစားေနတဲ့ သားနဲ႔သမီးကို ၾကည့္ၿပီး စိတ္ၾကည္ႏူးေနတဲ့ အူဝဲရဲ႕ဗီဒီယိုဖိုင္ေလး

0
109

For Zawgyi

ေရကူးကန္ထဲမွာ ေဆာ့ကစားေနတဲ့ သားနဲ႔သမီးကို ၾကည့္ၿပီး စိတ္ၾကည္ႏူးေနတဲ့ အူဝဲရဲ႕ဗီဒီယိုဖိုင္ေလး

႐ုပ္ရွင္သ႐ုပ္ေဆာင္ မင္းသမီးေခ်ာေလး အိျႏၵာေက်ာ္ဇင္ကေတာ့ သ႐ုပ္ေဆာင္ ပိုင္းမွာေရာ အလွအပ ပိုင္းမွာပါ အမွတ္ျပည့္ ေပးရေလာက္ေအာင္ ၿပီးျပည့္စုံ လြန္းသူေလး ျဖစ္ပါတယ္ ။ အပ်ိဳေပါက္ အ႐ြယ္ေလးကတည္းက အႏုပညာေလာကမွာ ရပ္တည္ ေအာင္ျမင္လာခဲ့တဲ့ အူဝဲက အိမ္ေထာင္က်ၿပီး ေနာက္ပိုင္းမွာလည္း သူမရဲ႕ ဂုဏ္သတင္းက ပိုမို ေမႊးပ်ံ႕ခဲ့ပါတယ္ ။ အခုဆိုရင္ ေျပတီဦးနဲ႔ အူဝဲတို႔ မိသားစုေလးက ပရိသတ္ေတြ အားက်ရတဲ့ အႏုပညာရွင္မိသားစုအျဖစ္ အားလုံးရဲ႕ ခ်စ္ျခင္းေမတၱာေတြကို ပိုင္ဆိုင္ေနရတာပဲ ျဖစ္ပါတယ္ ။

ဒီရက္ပိုင္းမွာေတာ့ အူဝဲက “ဇာတ္လိုက္” ဆိုတဲ့ ႐ုပ္ရွင္ ဇာတ္ကားႀကီးကို ႐ိုက္ကူးေနသလို သားနဲ႔ သမီးအေပၚမွာလည္း တာဝန္မပ်က္ ေစာင့္ေရွာက္ေပးေနတာ ျဖစ္ပါတယ္ ။ အခုလည္း အူဝဲက ခ်စ္စရာေကာင္းတဲ့ ဖိုးဓီတို႔ ေမာင္ႏွမႏွစ္ေယာက္ရဲ႕ ေပ်ာ္ေပ်ာ္ပါးပါး ေဆာ့ကစားေနတာကို ၾကည့္ၿပီး ပီတိျဖစ္ေနတာ ေတြ႕ရပါတယ္ ။ ဖိုးဓီတို႔ ေမာင္ႏွမႏွစ္ေယာက္က ေရကူးကန္ထဲမွာ အျပန္အလွန္ စေနာက္ရင္း ေပ်ာ္႐ႊင္ေနတာေလးကလည္း အျပစ္ကင္းစင္ၿပီး ခ်စ္ဖို႔ေကာင္းေနတာ ျဖစ္ပါတယ္ ။

အူဝဲက သူမကို ခ်စ္တဲ့ ပရိသတ္ေတြအတြက္ ကေလးေတြနဲ႔အတူ အပန္းေျဖ အနားယူေနတာကို ဗီဒီယိုေလး႐ိုက္ၿပီး မွ်ေဝထားတာပဲ ျဖစ္ပါတယ္ ။ ဒီဗီဒီယိုေလးမွာေတာ့ အူဝဲရဲ႕ ခ်စ္သမီးေလးက ကြၽမ္းကြၽမ္းက်င္က်င္နဲ႔ ေရကူးေနတာကိုလည္း ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္ ။ ကဲ ခ်စ္ ပရိသတ္ေတြအတြက္ သား ၊ သမီးေတြ ေပ်ာ္တာၾကည့္ၿပီး စိတ္ၾကည္ႏူးေနတဲ့ အူဝဲရဲ႕ဗီဒီယို ဖိုင္ေလးကို ေအာက္မွာ တင္ဆက္ေပးလိုက္ပါတယ္ေနာ္ ။

႐ုပ္သံၾကည့္ရႈ႕ရန္

Source:Eaindra Kyaw Zin
phoo, Myanmarload

For Unicode

ရေကူးကန်ထဲမှာ ဆော့ကစားနေတဲ့ သားနဲ့သမီးကို ကြည့်ပြီး စိတ်ကြည်နူးနေတဲ့ အူဝဲရဲ့ဗီဒီယိုဖိုင်လေး

ရုပ်ရှင်သရုပ်ဆောင် မင်းသမီးချောလေး အိန္ဒြာကျော်ဇင်ကတော့ သရုပ်ဆောင် ပိုင်းမှာရော အလှအပ ပိုင်းမှာပါ အမှတ်ပြည့် ပေးရလောက်အောင် ပြီးပြည့်စုံ လွန်းသူလေး ဖြစ်ပါတယ် ။ အပျိုပေါက် အရွယ်လေးကတည်းက အနုပညာလောကမှာ ရပ်တည် အောင်မြင်လာခဲ့တဲ့ အူဝဲက အိမ်ထောင်ကျပြီး နောက်ပိုင်းမှာလည်း သူမရဲ့ ဂုဏ်သတင်းက ပိုမို မွှေးပျံ့ခဲ့ပါတယ် ။ အခုဆိုရင် ပြေတီဦးနဲ့ အူဝဲတို့ မိသားစုလေးက ပရိသတ်တွေ အားကျရတဲ့ အနုပညာရှင်မိသားစုအဖြစ် အားလုံးရဲ့ ချစ်ခြင်းမေတ္တာတွေကို ပိုင်ဆိုင်နေရတာပဲ ဖြစ်ပါတယ် ။

ဒီရက်ပိုင်းမှာတော့ အူဝဲက “ဇာတ်လိုက်” ဆိုတဲ့ ရုပ်ရှင် ဇာတ်ကားကြီးကို ရိုက်ကူးနေသလို သားနဲ့ သမီးအပေါ်မှာလည်း တာဝန်မပျက် စောင့်ရှောက်ပေးနေတာ ဖြစ်ပါတယ် ။ အခုလည်း အူဝဲက ချစ်စရာကောင်းတဲ့ ဖိုးဓီတို့ မောင်နှမနှစ်ယောက်ရဲ့ ပျော်ပျော်ပါးပါး ဆော့ကစားနေတာကို ကြည့်ပြီး ပီတိဖြစ်နေတာ တွေ့ရပါတယ် ။ ဖိုးဓီတို့ မောင်နှမနှစ်ယောက်က ရေကူးကန်ထဲမှာ အပြန်အလှန် စနောက်ရင်း ပျော်ရွှင်နေတာလေးကလည်း အပြစ်ကင်းစင်ပြီး ချစ်ဖို့ကောင်းနေတာ ဖြစ်ပါတယ် ။

အူဝဲက သူမကို ချစ်တဲ့ ပရိသတ်တွေအတွက် ကလေးတွေနဲ့အတူ အပန်းဖြေ အနားယူနေတာကို ဗီဒီယိုလေးရိုက်ပြီး မျှဝေထားတာပဲ ဖြစ်ပါတယ် ။ ဒီဗီဒီယိုလေးမှာတော့ အူဝဲရဲ့ ချစ်သမီးလေးက ကျွမ်းကျွမ်းကျင်ကျင်နဲ့ ရေကူးနေတာကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ် ။ ကဲ ချစ် ပရိသတ်တွေအတွက် သား ၊ သမီးတွေ ပျော်တာကြည့်ပြီး စိတ်ကြည်နူးနေတဲ့ အူဝဲရဲ့ဗီဒီယို ဖိုင်လေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော် ။

ရုပ်သံကြည့်ရှု့ရန်

Source:Eaindra Kyaw Zin
phoo, Myanmarload