
0
102

For Zawgyi





linn, Myanmarload

For Unicode

သစ်တုံးကြီးတွေပေါ်မှာ အသည်းယားစရာပို့စ်ပေးရင်း ကောက်ကြောင်းအလှကို ပြသခဲ့တဲ့ မော်ဒယ်လ်မိုးမြင့်သဇင်

ပရိသတ်ကြီးကို ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ အချိုးအစား ညီညာပြေပြစ်တဲ့ ခန္ဓာကိုယ် ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားတဲ့ sexy model မိုးမြင့်သဇင်ပဲ ဖြစ်ပါတယ် ။ သူမဟာဆိုရင် video လောက စတင် ပေါ်ကာစ အချိန်လောက်ကပင် အနုပညာလောကထဲကို ဝင်နှင့်ပြီးသား ဖြစ်ပါတယ် ။ နောက်ပိုင်းတော့ ခေတ္တ ရပ်နားလိုက်ပြီး အနုပညာ လမ်းကြောင်းမှာ ပုံစံတစ်မျိုးနဲ့ လျှောက်လမ်းခဲ့ရာ ယခုဆိုရင် ပုရိသယောကျာ်းလေးတို့ရဲ့ ပါးစပ်ဖျားက မချရလောက်အောင်ပင် ရေပန်းစား အောင်မြင် ကျော်ကြားလာခဲ့ပြီပဲ ဖြစ်ပါတယ်နော် ။

ညီမဖြစ်တဲ့ နွယ်နွယ်ထွန်းနဲ့အတူ social media လောကရဲ့ ဘုရင်မ နှစ်ဆူလို့တောင်တင်စား ခေါ်ဝေါ်လောက်ရအောင် နေရာတစ်နေရာစီ ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ် ။ ညီမနှစ်ယောက်ဟာဆိုရင်လည်း သင့်မြတ်တဲ့ ဆက်ဆံရေးနဲ့ အနုပညာ လုပ်ငန်းတွေကို အတူကြိုးစားပြီး လုပ်ကိုင်နေတာကို ပရိသတ်တို့ကြီးအနေနဲ့ မုဒိတာပွားဖွယ် မြင်တွေ့ရမှာပဲ ဖြစ်ပါတယ် ။ မိုးမြင့်သဇင်ရဲ့ လတ်တလော အနုပညာ လှုပ်ရှားမှုတွေဟာ ဆိုရင်တော့ photo shooting တွေ ရိုက်ကူးလေ့ရှိပြီး ၊ ကြော်ငြာ မဂ္ဂဇင်းတွေကိုလည်း လက်ခံ ရိုက်ကူးလေ့ရှိတာ ဖြစ်ပါတယ် ။

မိုးမြင့်သဇင်ရဲ့ ကမ်းခြေထက်က အမိုက်စား ပုံရိပ်တွေဟာ ဆိုရင်လည်း ပုရိသတွေ ရူးခါသွားရလောက်အောင် ဆွဲဆောင်မှု ရှိလှတာ ဖြစ်ပါတယ် ။ မိုးမြင့်သဇင်ဟာ ပရိသတ်ကြီးနဲ့အဆက်အသွယ် မပြတ်ရအောင် လူမှုကွန်ယက် စာမျက်နှာ တစ်ခုဖြစ်တဲ့ facebook ပေါ်တွင် သူမရဲ့ နေ့စဉ် လှုပ်ရှားမှု ၊ အနုပညာ လှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲ ဖော်ပြပေးလေ့ရှိတာ ဖြစ်ပါတယ် ။ အခုတစ်ခါမှာ ဆိုရင်လည်း “တစ်နေ့ တစ်နေ့ မင်းကို ချစ်ရတာအချီ ပင်ပန်းလာပြီ” ဆိုတဲ့ status လေးနဲ့အတူ သစ်တုံးကြီးတွေပေါ်မှာ ဓာတ်ဖမ်းခဲ့တဲ့ ပုံရိပ်လေးတွေကို ထုတ်ဖော်ပြသထားတာပါနော် ။

Source Moe Myint Thazin
linn, Myanmarload