လူကိုမေပါက္ခင္မွာ ေသခ်င္ေယာင္ ေဆာင္ေနေလ့ရွိတဲ့ ဇြန္ဘီေႁမြ အမ်ိဳးအစား

0
179

For Zawgyi

လူကိုမေပါက္ခင္မွာ ေသခ်င္ေယာင္ ေဆာင္ေနေလ့ရွိတဲ့ ဇြန္ဘီေႁမြ အမ်ိဳးအစား

ေႁမြေတြဟာ အလြန္ ေၾကာက္စရာေကာင္းၿပီး အႏၲရာယ္မ်ားလြန္းတဲ့ သတၱဝါေတြပဲ ျဖစ္ပါတယ္ ။ အခုဆိုရင္ ၾသစေတးသ်မွ ေႁမြေတြဟာ သားေကာင္ကို ေထာင္ေျခာက္ဆင္ဖို႔အတြက္ ေသခ်င္ေယာင္ေဆာင္ၿပီး ေစာင့္ေနတာမ်ိဳးေတြ ျပဳလုပ္လာတာကို ေတြ႕ရပါတယ္ ။အခု ျပထားတဲ့ ပုံကေတာ့ ေျမာက္ကာ႐ိုလိုင္းနားမွ ဥယ်ာဥ္မႉးတစ္ေယာက္ ႐ိုက္ကူးခဲ့တဲ့ ေသခ်င္ေယာင္ေဆာင္ၿပီး သားေကာင္ကို ေစာင့္ဆိုင္းေနတဲ့ ပုံပဲျဖစ္ပါတယ္ ။ ပန္းၿခံတစ္ဝိုက္ ဒီပုံနဲ႔အတူ သတိေပးခ်က္ ထုတ္ျပန္ထားၿပီးေတာ့ ဒီလို ဇြန္ဘီေႁမြေတြကို ေတြ႕ခဲ့ရင္လည္း အနားမကပ္ဖို႔ ေဒသခံ ျပည္သူေတြကို သတိေပးထားပါတယ္ ။

ပုံမွာ ျပထားတဲ့ ေႁမြကေတာ့ hognose ေႁမြလို႔ သိၾကတဲ့ Puff Adders ေႁမြတစ္ေကာင္ျဖစ္ၿပီး အနားေရာက္လာတဲ့ သားေကာင္ကို အဆက္မျပတ္ ေပါက္တတ္တဲ့ ေႁမြအမ်ိဳးအစားပဲျဖစ္ပါတယ္ ။ ဒီေႁမြမ်ိဳးစိတ္ေတြဟာ ေျမာက္အေမရိက တစ္ဝိုက္မွာ က်င္လည္က်က္စားတတ္ၾကတဲ့ ေႁမြအမ်ိဳးအစားေတြ ျဖစ္ၿပီး အေသေကာင္လို ဟန္ေဆာင္ႏိုင္ၾကတဲ့ ေႁမြအမ်ိဳးအစားတစ္ခုလည္း ျဖစ္ပါတယ္ ။ သူတို႔ဟာ ငွက္နဲ႔ ေႁမြကို စားေသာက္တဲ့ သတၱဝါေတြရန္မွ တိမ္းေရွာင္ႏိုင္ဖို႔အတြက္ ေသခ်င္ေယာင္ေဆာင္ၿပီး အလစ္မွာ ထြက္ေျပးၾကတာပဲ ျဖစ္ပါတယ္ ။

ပုံမွာ ျပထားတဲ့ ပါးစပ္ဟၿပီး ေသခ်င္ေယာင္ေဆာင္ေနတဲ့ ေႁမြမ်ိဳးစိတ္ေတြဟာ ပုံမွန္အားျဖင့္ေတာ့ အခြင့္အေရး ရတာနဲ႔ ထြက္ေျပးတတ္တဲ့ ေႁမြအမ်ိဳးအစားေတြပဲ ျဖစ္ပါတယ္ ။ ေျမာက္ကာ႐ိုလိုင္းနားမွ တြားသြားသတၱဝါ ႏွင့္ကုန္းေနေရေနသတၱဝါ ေစာင့္ေရွာက္ေရးဌာနကေတာ့ ဒီေႁမြေတြဟာ အဆိပ္မရွိတဲ့အတြက္ အႏၲရာယ္မရွိတဲ့ ေႁမြေတြျဖစ္ေၾကာင္း သတင္းထုတ္ျပန္ခဲ့ပါတယ္ ။ ဒါေပမယ့္လည္း ေႁမြေဟာက္ တစ္ေကာင္လို ပါးပ်ဥ္းေထာင္ ႏွာမႉတ္ၿပီး ကိုက္တတ္ေလ့ရွိပါတယ္ ။

သူတို႔ကို သတၱဝါတစ္ေကာင္ေကာင္က တိုက္ခိုက္လာၿပီဆိုရင္ ပါးစပ္ဟၿပီး ပက္လက္လွန္ကာ ေသခ်င္ေယာင္ ေဆာင္လိုက္ေလ့ရွိပါတယ္ ။ ေသခ်င္ေယာင္ ေဆာင္တတ္တဲ့အရည္အခ်င္းတစ္ခုထဲ ရွိတာမဟုတ္ပဲ ဖားျပဳတ္ေတြကို အနံ႔ခံၿပီး လိုက္ဖို႔အတြက္ အနံ႔ခံအာ႐ုံ အရမ္းေကာင္းတဲ့ ႏွာေခါင္းတစ္စုံလည္း ပါရွိပါေသးတယ္ ။ ထို႔အျပင္ ပါးစပ္အတြင္းပိုင္းမွာရွိတဲ့ ခြၽန္ထက္ေနတဲ့ သြားေတြကလည္း သားေကာင္ကို ၿမိဳတဲ့အခါ အလြယ္တကူ ၿမိဳလို႔ရေအာင္ လုပ္ေဆာင္ေပးပါတယ္ ။ hognose ေႁမြေတြဟာ ေႏြရာသီအတြင္းမွာ မ်ိဳးပြားေလ့ရွိၾကၿပီး တစ္ႀကိမ္ဥခ်လ်င္ ဥေပါင္း ၅၀ ေလာက္ ဥေလ့ရွိပါတယ္ ။ ဥေပါက္ဖို႔ အခ်ိန္ ၂ လတာ ၾကာျမင့္ၿပီး ဥမွေပါက္ကာစ အေကာင္ႏွင့္ သက္ႀကီးေကာင္ဟာ ပုံသ႑ာန္ တစ္ေထရာထဲနီးပါး ဆင္တူပါတယ္ ။

Writer -Min Thu (Daily Hot News )

For Unicode

လူကိုမပေါက်ခင်မှာ သေချင်ယောင် ဆောင်နေလေ့ရှိတဲ့ ဇွန်ဘီမြွေ အမျိုးအစား

မြွေတွေဟာ အလွန် ကြောက်စရာကောင်းပြီး အန္တရာယ်များလွန်းတဲ့ သတ္တဝါတွေပဲ ဖြစ်ပါတယ် ။ အခုဆိုရင် သြစတေးသျမှ မြွေတွေဟာ သားကောင်ကို ထောင်ခြောက်ဆင်ဖို့အတွက် သေချင်ယောင်ဆောင်ပြီး စောင့်နေတာမျိုးတွေ ပြုလုပ်လာတာကို တွေ့ရပါတယ် ။အခု ပြထားတဲ့ ပုံကတော့ မြောက်ကာရိုလိုင်းနားမှ ဥယျာဉ်မှူးတစ်ယောက် ရိုက်ကူးခဲ့တဲ့ သေချင်ယောင်ဆောင်ပြီး သားကောင်ကို စောင့်ဆိုင်းနေတဲ့ ပုံပဲဖြစ်ပါတယ် ။ ပန်းခြံတစ်ဝိုက် ဒီပုံနဲ့အတူ သတိပေးချက် ထုတ်ပြန်ထားပြီးတော့ ဒီလို ဇွန်ဘီမြွေတွေကို တွေ့ခဲ့ရင်လည်း အနားမကပ်ဖို့ ဒေသခံ ပြည်သူတွေကို သတိပေးထားပါတယ် ။

ပုံမှာ ပြထားတဲ့ မြွေကတော့ hognose မြွေလို့ သိကြတဲ့ Puff Adders မြွေတစ်ကောင်ဖြစ်ပြီး အနားရောက်လာတဲ့ သားကောင်ကို အဆက်မပြတ် ပေါက်တတ်တဲ့ မြွေအမျိုးအစားပဲဖြစ်ပါတယ် ။ ဒီမြွေမျိုးစိတ်တွေဟာ မြောက်အမေရိက တစ်ဝိုက်မှာ ကျင်လည်ကျက်စားတတ်ကြတဲ့ မြွေအမျိုးအစားတွေ ဖြစ်ပြီး အသေကောင်လို ဟန်ဆောင်နိုင်ကြတဲ့ မြွေအမျိုးအစားတစ်ခုလည်း ဖြစ်ပါတယ် ။ သူတို့ဟာ ငှက်နဲ့ မြွေကို စားသောက်တဲ့ သတ္တဝါတွေရန်မှ တိမ်းရှောင်နိုင်ဖို့အတွက် သေချင်ယောင်ဆောင်ပြီး အလစ်မှာ ထွက်ပြေးကြတာပဲ ဖြစ်ပါတယ် ။

ပုံမှာ ပြထားတဲ့ ပါးစပ်ဟပြီး သေချင်ယောင်ဆောင်နေတဲ့ မြွေမျိုးစိတ်တွေဟာ ပုံမှန်အားဖြင့်တော့ အခွင့်အရေး ရတာနဲ့ ထွက်ပြေးတတ်တဲ့ မြွေအမျိုးအစားတွေပဲ ဖြစ်ပါတယ် ။ မြောက်ကာရိုလိုင်းနားမှ တွားသွားသတ္တဝါ နှင့်ကုန်းနေရေနေသတ္တဝါ စောင့်ရှောက်ရေးဌာနကတော့ ဒီမြွေတွေဟာ အဆိပ်မရှိတဲ့အတွက် အန္တရာယ်မရှိတဲ့ မြွေတွေဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ် ။ ဒါပေမယ့်လည်း မြွေဟောက် တစ်ကောင်လို ပါးပျဉ်းထောင် နှာမှူတ်ပြီး ကိုက်တတ်လေ့ရှိပါတယ် ။

သူတို့ကို သတ္တဝါတစ်ကောင်ကောင်က တိုက်ခိုက်လာပြီဆိုရင် ပါးစပ်ဟပြီး ပက်လက်လှန်ကာ သေချင်ယောင် ဆောင်လိုက်လေ့ရှိပါတယ် ။ သေချင်ယောင် ဆောင်တတ်တဲ့အရည်အချင်းတစ်ခုထဲ ရှိတာမဟုတ်ပဲ ဖားပြုတ်တွေကို အနံ့ခံပြီး လိုက်ဖို့အတွက် အနံ့ခံအာရုံ အရမ်းကောင်းတဲ့ နှာခေါင်းတစ်စုံလည်း ပါရှိပါသေးတယ် ။ ထို့အပြင် ပါးစပ်အတွင်းပိုင်းမှာရှိတဲ့ ချွန်ထက်နေတဲ့ သွားတွေကလည်း သားကောင်ကို မြိုတဲ့အခါ အလွယ်တကူ မြိုလို့ရအောင် လုပ်ဆောင်ပေးပါတယ် ။ hognose မြွေတွေဟာ နွေရာသီအတွင်းမှာ မျိုးပွားလေ့ရှိကြပြီး တစ်ကြိမ်ဥချလျင် ဥပေါင်း ၅၀ လောက် ဥလေ့ရှိပါတယ် ။ ဥပေါက်ဖို့ အချိန် ၂ လတာ ကြာမြင့်ပြီး ဥမှပေါက်ကာစ အကောင်နှင့် သက်ကြီးကောင်ဟာ ပုံသဏ္ဍာန် တစ်ထေရာထဲနီးပါး ဆင်တူပါတယ် ။

Writer -Min Thu (Daily Hot News )