PUBG ဂိမ္း ကြၽမ္းက်င္စြာ ေဆာ့တတ္သူေတြက ဉာဏ္ပိုေကာင္း

0
354

For Zawgyi

PUBG ဂိမ္း ကြၽမ္းက်င္စြာ ေဆာ့တတ္သူေတြက ဉာဏ္ပိုေကာင္း

PUBG ကြၽမ္းက်င္စြာ ကစားႏိုင္သူမ်ားဟာ အျခားသူမ်ားထက္ ထိုးထြင္း ျဖတ္ထိုးဉာဏ္ ပိုေကာင္းေၾကာင္း ဂိမ္းေလ့လာသူမ်ားမွ လက္ခံ ထားခဲ့ၾကပါတယ္ ။ PUBG ဂိမ္းဟာ 2017 ဒီဇင္ဘာမွ စတင္ခဲ့တာျဖစ္ၿပီး လက္ရွိခ်ိန္မွာေတာ့ ကမာၻ အႏွံ႔အျပားမွာ ဒီဂိမ္းကို ေဆာ့ကစားသူ သန္း ၂၀၀ ခန႔္ရွိၿပီ ျဖစ္ပါတယ္ ။ PUBG ဂိမ္းကို မိုဘိုင္းဗားရွင္း ၊ ကြန္ျပဴတာဗားရွင္း စသျဖင့္ ဗာရွင္းအမ်ိဳးမ်ိဳးနဲ႔ ေဆာ့ကစားႏိုင္ေအာင္ ထုတ္လုပ္ထားပါတယ္ ။ ကစားသမားမ်ား တဦးနဲ႔တဦး လုပ္ႀကံ သတ္ျဖတ္ရတာျဖစ္ၿပီး ေနာက္ဆုံး အသက္ရွင္ က်န္ရစ္သူက အႏိုင္ရရွိတဲ့ ဂိမ္းအမ်ိဳးအစားတစ္ခု ျဖစ္ပါတယ္ ။

ဗီဒီယိုဂိမ္းနဲ႔ က်န္းမာေရး ဆက္ႏြယ္မႈကို ေလ့လာေနသူမ်ားရဲ႕ ေလ့လာ ေတြ႕ရွိခ်က္မ်ားအရ PUBG ဂိမ္းကို ကြၽမ္းကြၽမ္းက်င္က်င္ ေဆာ့ကစားႏိုင္သူမ်ားဟာ ပုံမွန္သူေတြထက္ စဥ္းစားေတြးေခၚမႈနဲ႔ ျဖတ္ထိုးဉာဏ္ ပိုၿပီးေကာင္းေလ့ရွိေၾကာင္း သိရွိရပါတယ္ ။

PUBG ကြၽမ္းက်င္စြာ ကစားသူ တစ္ဦးနဲ႔ မကစားသူ တဦးတို႔ကို ပေဟ႒ိပုစာၦမ်ား ေျဖရွင္းခိုင္းၿပီး သုေတသန ျပဳလုပ္ၾကည့္ရမွာ PUBG ကစားသူဟာ ပုံမွန္သူထက္ ျမန္ျမန္ဆန္ဆန္ ဆုံးျဖတ္ခ်က္ခ် ေျဖရွင္းႏိုင္ေၾကာင္း ေလ့လာ ေတြ႕ရွိရတယ္လို႔ သိရွိရပါတယ္ ။

ဒီလိုေလ့လာ ေတြ႕ရွိခ်က္ေတြ ရွိတာမွန္ေပမယ့္ အလြန္အက်ဴး ေဆာ့ကစားသူမ်ားဟာ ဦးေႏွာက္ႏွင့္ အာ႐ုံေၾကာ ထိခိုက္ႏိုင္ဖြယ္ ရာခိုင္ႏႈန္းလည္း အမ်ားအျပား ရွိေနေၾကာင္း သိရွိရပါတယ္ ။ မ်က္လုံးအရည္ ခမ္းၿပီး မ်က္စိကင္ဆာ ျဖစ္ပြားႏႈန္း ျမင့္မားလာမာကိုလည္း စိုးရိမ္ ပူပန္ေနၾကေၾကာင္း သိရွိရပါတယ္ ။ ျမန္မာႏိုင္ငံမွာလည္း လူႀကီးလူငယ္မေ႐ြး ေဆာ့ကစားေနၿပီျဖစ္ၿပီး ယခင္ ေရပန္းစားခဲ့တဲ့ COC ၊ Mobile Legend ဂိမ္းမ်ားထက္ကို ပိုၿပီး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ ကစားလာၾကၿပီ ျဖစ္ပါတယ္ ။

Credit

For Unicode

PUBG ဂိမ်း ကျွမ်းကျင်စွာ ဆော့တတ်သူတွေက ဉာဏ်ပိုကောင်း

PUBG ကျွမ်းကျင်စွာ ကစားနိုင်သူများဟာ အခြားသူများထက် ထိုးထွင်း ဖြတ်ထိုးဉာဏ် ပိုကောင်းကြောင်း ဂိမ်းလေ့လာသူများမှ လက်ခံ ထားခဲ့ကြပါတယ် ။ PUBG ဂိမ်းဟာ 2017 ဒီဇင်ဘာမှ စတင်ခဲ့တာဖြစ်ပြီး လက်ရှိချိန်မှာတော့ ကမ္ဘာ အနှံ့အပြားမှာ ဒီဂိမ်းကို ဆော့ကစားသူ သန်း ၂၀၀ ခန့်ရှိပြီ ဖြစ်ပါတယ် ။ PUBG ဂိမ်းကို မိုဘိုင်းဗားရှင်း ၊ ကွန်ပြူတာဗားရှင်း စသဖြင့် ဗာရှင်းအမျိုးမျိုးနဲ့ ဆော့ကစားနိုင်အောင် ထုတ်လုပ်ထားပါတယ် ။ ကစားသမားများ တဦးနဲ့တဦး လုပ်ကြံ သတ်ဖြတ်ရတာဖြစ်ပြီး နောက်ဆုံး အသက်ရှင် ကျန်ရစ်သူက အနိုင်ရရှိတဲ့ ဂိမ်းအမျိုးအစားတစ်ခု ဖြစ်ပါတယ် ။

ဗီဒီယိုဂိမ်းနဲ့ ကျန်းမာရေး ဆက်နွယ်မှုကို လေ့လာနေသူများရဲ့ လေ့လာ တွေ့ရှိချက်များအရ PUBG ဂိမ်းကို ကျွမ်းကျွမ်းကျင်ကျင် ဆော့ကစားနိုင်သူများဟာ ပုံမှန်သူတွေထက် စဉ်းစားတွေးခေါ်မှုနဲ့ ဖြတ်ထိုးဉာဏ် ပိုပြီးကောင်းလေ့ရှိကြောင်း သိရှိရပါတယ် ။

PUBG ကျွမ်းကျင်စွာ ကစားသူ တစ်ဦးနဲ့ မကစားသူ တဦးတို့ကို ပဟေဋ္ဌိပုစ္ဆာများ ဖြေရှင်းခိုင်းပြီး သုတေသန ပြုလုပ်ကြည့်ရမှာ PUBG ကစားသူဟာ ပုံမှန်သူထက် မြန်မြန်ဆန်ဆန် ဆုံးဖြတ်ချက်ချ ဖြေရှင်းနိုင်ကြောင်း လေ့လာ တွေ့ရှိရတယ်လို့ သိရှိရပါတယ် ။

ဒီလိုလေ့လာ တွေ့ရှိချက်တွေ ရှိတာမှန်ပေမယ့် အလွန်အကျူး ဆော့ကစားသူများဟာ ဦးနှောက်နှင့် အာရုံကြော ထိခိုက်နိုင်ဖွယ် ရာခိုင်နှုန်းလည်း အများအပြား ရှိနေကြောင်း သိရှိရပါတယ် ။ မျက်လုံးအရည် ခမ်းပြီး မျက်စိကင်ဆာ ဖြစ်ပွားနှုန်း မြင့်မားလာမာကိုလည်း စိုးရိမ် ပူပန်နေကြကြောင်း သိရှိရပါတယ် ။ မြန်မာနိုင်ငံမှာလည်း လူကြီးလူငယ်မရွေး ဆော့ကစားနေပြီဖြစ်ပြီး ယခင် ရေပန်းစားခဲ့တဲ့ COC ၊ Mobile Legend ဂိမ်းများထက်ကို ပိုပြီး နှစ်နှစ်ခြိုက်ခြိုက် ကစားလာကြပြီ ဖြစ်ပါတယ် ။

Credit