
0
1282

Zawgyi






သီချင်းဗီဒီယို

credit – momolay

Unicode

Version အသစ် နဲ့ ဖန်တီးထားတဲ့ Hero သီချင်း ဗီဒီယိုကို ချပြလိုက်တဲ့ နေရွှေသွေးအောင်

Cover song တွေကို အလန်းစား ရိုက်ကူးပြီး ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို အပြည့် အဝ ရယူထားနိုင်တဲ့ အဆိုတော် နေရွှေသွေးအောင် ကတော့ သူကြိုက်နှစ်သက် ရတဲ့ အဆိုတော်ကြီး Enrique Iglesias ရဲ့သီချင်းတွေကို အမိုက်စား ပြန်လည် သီဆိုလေ့ ရှိသူ တစ်ဦးပါ ။

လတ်တလောမှာတော့ နေရွှေသွေးအောင်က အဆိုတော်ကြီး Enrique Iglesiasရဲ့ သီချင်းကောင်းတစ်ပုဒ်ဖြစ်တဲ့ ‘Hero’ သီချင်းကို Cover ပြန်လည် သီဆိုထားပြီး မင်းသမီးချောလေး ရွှေမှုံရတီနဲ့ အမိုက်စားရိုက်ကူးထားတဲ့ Remix Version အသစ်နဲ့ ဗီဒီယိုလေးကို လူမှု ကွန်ယက်မှာ ဝေမျှ ပေးထားတာပဲ ဖြစ်ပါတယ် ။ Version အသစ်နဲ့ ဖန်တီးထားတဲ့ “Hero” သီချင်း ဗီဒီယိုကတော့ မူရင်း Version ထက်တောင် ပိုမိုက်နေ ပါသေးတယ်နော် ။

ချစ်ပရိသတ်တွေ အတွက် အရမ်းကို မိုက်တဲ့ Version အသစ် နဲ့ ဖန်တီးထားတဲ့ “Hero” သီချင်း ဗီဒီယိုကို ဖော်ပြပေးလိုက် ပါတယ်နော် ။ နေရွှေသွေးအောင် ကတော့ ‘Hero (Remix) by Nay Shwe Thway Aung , PAST12 & MRNA #Hero #Remix #နေရွှေသွေးအောင် #ဖိုးလပြည့်” ဆိုပြီး သူ့ရဲ့သီချင်း ဗီဒီယိုလေးကို ဝေမျှပေးထား တာပါ။

ပရိသတ်တွေ အရမ်းကို စိတ်ဝင်စားနေကြတဲ့ နေရွှေသွေးအောင်ရဲ့ သီချင်း ဗီဒီယိုလေး ကတော့ အရမ်းကို ကြည့်လို့ကောင်းပြီး ရသမျိုးစုံ ပေးစွမ်းနိုင်တာမို့ အချစ်ဇာတ်လမ်းလေး တစ်ပုဒ်ကို ကြည့်နေရသလိုပါပဲနော် ။ ဒီသီချင်း ဗီဒီယိုလေးထဲ မှာတော့ နေအောင်၊ နေရွှေသွေးအောင်နဲ့ ရွှေမှုံရတီတို့ ကပဲ အဓိက သရုပ်ဆောင် သွားတာ တွေ့ရပါတယ်။ ချစ်ပရိသတ် တွေလည်း ထိမိနေအောင် ရိုက်ကူးထားတဲ့ နေရွှေသွေးအောင်ရဲ့ သီချင်း ဗီဒီယိုလေးကို သဘောကျတယ် ဆိုရင် မမေ့ပါ နဲ့နော် ။

သီချင်းဗီဒီယို

credit – momolay