
0
105

For Zawgyi







Myint Myat
Photo;Htet Paing

For Unicode

တောင်ကြီးမှာ ပွဲအတူ တက်ခဲ့တဲ့ ပိုင်တံခွန်နဲ့ သင်ဇာဝင့်ကျော်တို့ရဲ့ အမိုက်စားပုံရိပ်တွေ

ပရိသတ်အချစ်တော် အနုပညာရှင်တွေ ဖြစ်ကြတဲ့ ပိုင်တံခွန်နဲ့ သင်ဇာဝင့်ကျော်တို့ နှစ်ဦးကတော့ လတ်တလောမှာ Canal+ ရဲ့Fan Meeting ပွဲအတွက် မန္တလေးမှတစ်ဆင့် တောင်ကြီးသို့ ရောက်ရှိနေကြတာပဲ ဖြစ်ပါတယ် ။ ဒီနေ့မှာတော့ ပိုင်တံခွန်က တောင်ကြီးက ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့တဲ့ သူနဲ့ သင်ဇာဝင့်ကျော်တို့ရဲ့ ပုံတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ် ။ အထာကျတဲ့ ဖက်ရှင်နဲ့ လိုက်ဖက်ညီလွန်းစွာ ပွဲတက်ခဲ့တဲ့ ပိုင်တံခွန်နဲ့ သင်ဇာဝင့်ကျော်တို့ရဲ့ ပုံရိပ်တွေက အရမ်းကို မိုက်နေတာပါနော် ။

ချစ်ပရိသတ်တွေအတွက် တောင်ကြီးမှာပြုလုပ်တဲ့ Canal + အတွက် Fan Meeting ပွဲကို အတူတက်ရောက်ခဲ့တဲ့ ပိုင်တံခွန်နဲ့ သင်ဇာဝင့်ကျော်တို့ရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော် ။

ပိုင်တံခွန်ကတော့ ‘တောင်ကြီးရောက်တော့ တောင်ပေါ်သားဖြစ်ချင်တာမျိုး 😁TG Fans meeting for Canal+ 🖤 ” ဆိုပြီး သူနဲ့ သင်ဇာဝင့်ကျော်တို့ရဲ့ ပွဲတက် ပုံရိပ်တွေကို လူမှုကွန်ယက်မှာ တင်ထားတာပါ ။

ပိုင်တံခွန်ကတော့ အမြဲအလွှင့်နော်…

ပိုင်တံခွန်နဲ့ သင်ဇာဝင့်ကျော်တို့ အနုပညာမောင်နှမနှစ်ဦးကတော့ မကြာခင် ကြည့်ရှုကြရတော့မယ့် “ဘယ်သူလဲ” ဆိုတဲ့ ဇာတ်ကားကြီးထဲမှာလည်း အမိုက်စား သရုပ်ဆောင်ထားကြပါသေးတယ် ။ ချစ်ပရိသတ်တွေလည်း အရမ်းကို ဂေါ်နေတဲ့ ပိုင်တံခွန်နဲ့ သင်ဇာဝင့်ကျော်တို့ကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော် ။

Myint Myat
Source;Paing Takhon’s Facebook
Photo;Htet Paing